Monday, July 8, 2019

အာဖရိကဖလားတွင် အိမ်ရှင်အီဂျစ်နှင့် လက်ရှိချန်ပီယံကင်မရွန်း ရှုံးနိမ့်

အာဖရိကနိုင်ငံများဖလား (၁၆)သင်းရှုံးထွက်အဆင့်တွင် အိမ်ရှင်အီဂျစ်သည် တောင်အာ ဖရိကအသင်းကို ၁-၀ ဂိုးဖြင့် ရှုံး နိမ့်ခဲ့သည်။ ယင်းပွဲအပြီး သုံးနာရီမပြည့် မီ မက္ကဆီကိုနိုင်ငံသားဂျာဗီးယား အက်ဂူရီကို အီဂျစ်နည်းပြရာထူး မှထုတ်ပယ်ကြောင်း အီဂျစ်ဘော လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟာနီအဘိုရီ ဒါကကြေညာပြီး ၎င်းကိုယ်တိုင် လည်း နုတ်ထွက်ခဲ့သည်။ ထို့အပြင် ဘုတ်အဖွဲ့ဝင်များ ကို ရာထူးမှနုတ်ထွက်ရန် ရီဒါက တိုက်တွန်းခဲ့ပြီး ၎င်း၏နုတ်ထွက်မှု သည် စာရိတ္တပိုင်းတာဝန်ယူခြင်း ဖြစ်ကြောင်း ပြောသည်။



တောင်အာဖရိကကို ရှုံးနိမ့် မှုသည် ၎င်း၌သာ တာဝန်ရှိ ကြောင်း အက်ဂူရီက ပြောသည်။ သို့သော် ကစားသမားအားလုံးကို ဂုဏ်ယူသည်ဟု အီဂျစ်နည်းပြ ရာထူးသက်တမ်း (၁)နှစ်မပြည့် သော အက်ဂူရီက ပြောသည်။

လက်ရှိချန်ပီယံကင်မရွန်း က နိုင်ဂျီးရီးယားကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ပထမပိုင်းတွင် ကင်မရွန်း သည် ၂-၁ ဂိုးဖြင့်ဦးဆောင်နိုင် သော်လည်း ၆၃ မိနစ်နှင့် ၆၆ မိနစ်၌ နိုင်ဂျီးရီးယားဘက်သို့ ချေ ပဂိုးနှင့်အနိုင်ဂိုး ခွင့်ပြုခဲ့ရသည်။

အုပ်စုနောက်ဆုံးပွဲတွင် မာ ဒါဂါစကားကို မထင်မှတ်ဘဲရှုံးနိမ့် ခဲ့ခြင်းကအသင်းအတွက် ကောင်း ကျိုးဖြစ်စေခဲ့သည်ဟု နိုင်ဂျီးရီး ယားနည်းပြက ပြောသည်။

‘‘အဲဒီအရှုံးက ကျွန်တော်တို့ ကို ပိုကောင်းစေခဲ့ပါတယ်။ အဲဒါ က အလွန်ခက်ခဲတဲ့ဒီပွဲကို အနိုင်ရ ဖို့ ကျွန်တော်တို့ စိတ်ဓာတ်တက် ကြွစေဖို့ အထောက်အကူဖြစ်ခဲ့ ပါတယ်’’ဟုရိုဟာကပြောသည်။

ထိန်းကစားလိုသော စိတ် ကြောင့် အနိုင်ဂိုးကို ပေးဆပ်ခဲ့ရ သည်ဟု ကင်မရွန်းနည်းပြဆီး ဒေါ့ဖ်ကပြောသည်။

၂၀၁၃ က နောက်ဆုံးအ ကြိမ်ဗိုလ်စွဲပြီး သုံးကြိမ်ချန်ပီယံ ဖြစ်ဖူးသော နိုင်ဂျီးရီးယားသည် ကွာတားဖိုင်နယ်တွင် တောင်အာ ဖရိကနှင့် ကစားမည်ဖြစ်သည်။

No comments:

Post a Comment