Monday, July 8, 2019

ဂျပန်အကူအညီဖြင့် တည်ဆောက်သော စစ်ရှောင်စခန်း မြစ်ကြီးနားတွင် မကြာမီဖွင့်လှစ်မည်

 မြစ်ကြီးနားမြို့နယ်အ တွင်း၌  ဂျပန်နိုင်ငံအကူအညီဖြင့် စစ်ရှောင်စခန်းတစ်ခု  တည် ဆောက်ထားပြီး ဇူလိုင်လလယ် တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း  ကချင်နှစ်ခြင်းခရစ်ယာန်အသင်း တော်(KBC)မှ ဦးခါးလီက ပြောကြားသည်။ အဆိုပါ စစ်ရှောင်စခန်းအ သစ်တွင် မြစ်ကြီးနားမြို့ စံပြစစ် ရှောင်စခန်းရှိ အိမ်ထောင်စု ၃၃ စုမှ လူဦးရေတစ်ရာကျော်ကို  ပြောင်းရွှေ့နေရာချထားမည်ဖြစ် ပြီး ယင်းစခန်းမှ ကားဖြင့်သွားပါ က နာရီဝက်ကြာခရီးသွားရသည့် နေရာ၌ နေအိမ်သစ်များ ဆောက် လုပ်ပြီးဖြစ်သည်ဟု KBC က ဆို သည်။



စခန်းသစ်တည်ဆောက်ရေး ကျပ်သိန်း ၆၀၀ ခန့် အသုံးပြုထား ပြီး စစ်ရှောင်များနေထိုင်ရေး အ ဆင်ပြေစေရန် ယခင်ထက် ပိုမို ကျယ်ဝန်းသည့် အဆောက်အအုံ ပုံစံများဖြင့် တည်ဆောက်ထား ကြောင်းနှင့် လျှပ်စစ်မီးမသွယ် တန်းနိုင်မီ အိမ်ထောင်စုတိုင်းအ တွက် ဆိုလာဖြင့် မီးအသုံးပြုနိုင် ရေး ဆောင်ရွက်မည်ဟု ဦးခါးလီ က ရှင်းပြသည်။

လွန်ခဲ့သည့် ရှစ်နှစ်ကတည်း က စစ်ဘေးတိမ်းရှောင်ရသူများ နေထိုင်သည့် အဆောက်အအုံ များ ပျက်စီးနေ၍ ပြန်လည်ပြုပြင် ရန် လိုအပ်သည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့ ဆက်လက် ပြီးတော့လည်း ဒီလို အခက်အခဲရှိ တဲ့နေရာကို ပြုပြင်ဖို့ရယ်၊ ပြောင်း ရွှေ့ဖို့ရယ် လုပ်ဖို့ စီစဉ်နေပါ တယ်’’ဟု ဦးခါးလီကပြောသည်။

ကချင်ပြည်နယ်ရှိ စစ်ဘေး ရှောင်များကို ထောက်ပံ့ကူညီရန် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက ကချင်နှစ်ခြင်းခရစ်ယာန်အသင်း တော် (KBC)အဖွဲ့အား ဧပြီအ တွင်းက ကန်ဒေါ်လာသုံးသိန်းလှူ ဒါန်းခဲ့သည်။ ယင်းသည် ကချင် စစ်ရှောင်များအား ဂျပန်က ပထမ ဆုံး ကူညီထောက်ပံ့ခြင်းဖြစ်ပြီး စစ်ရှောင်စခန်း နေရာပြောင်း ရွှေ့ရေးကိစ္စ၊  ဝေးလံသည့်ဒေသ များမှ စစ်ရှောင်များကို ထောက်ပံ့ ကူညီရေးနှင့် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်း ပညာ သင်ကြားပေးရေးတို့ ပါဝင်သည်။

ယခု အသစ်တည်ဆောက် ထားသည့် စစ်ရှောင်စခန်းဖွင့်ပွဲ သို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ်ကြီး တက်ရောက်ရန်ရှိ သည်။ တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့ (KIA)တို့အကြား ၂၀၁၁ က တစ်ကျော့ပြန်ဖြစ်ပွားခဲ့ သည့် တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများစွာ ထိခိုက်နစ်နာမှု များဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ လူဦးရေတစ်သိန်းကျော် စစ်ဘေး ဒုက္ခသည်စခန်းများတွင် စားဝတ် နေရေး အခက်အခဲများစွာဖြင့် နေထိုင်နေရသည်။

No comments:

Post a Comment