Monday, July 8, 2019

ဆင်းရဲခြင်းမှ ကင်းလွတ်ဖို့

ဇွန်လ ၂၈ ရက်ထုတ် 7Day သတင်းစာမျက်နှာဖုံးတွင် စိတ် ဝင်စားစရာကောင်းပြီး ကျွန်တော် တို့အတွက် မထူးဆန်းသော သ တင်းတစ်ပုဒ်ကို ဖတ်ရသည်။ သ တင်းက ‘မြန်မာနိုင်ငံတွင်လူလေး ဦးလျှင် တစ်ဦးဆင်းရဲနေ’ ဟူ၍ ဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းခြင်းမှာ သတင်းအရနိုင်ငံ ၏ လူဦးရေလေးပုံတစ်ပုံမှာ ဆင်း ရဲနေသောကြောင့် ဖြစ်သည်။ မ ထူးဆန်းဟုဆိုရခြင်းမှာ ကျွန် တော်တို့နိုင်ငံသားများအဖို့ ဆင်း ရဲခြင်းနှင့် ထုသားပေသားရ နေ သည်မှာ ရာစုနှစ်တစ်ဝက်ကျော် ပြီဖြစ်သောကြောင့်ပါတည်း။

ထိုသတင်းကို ဖတ်ရတော့ ကျွန်တော့်အဖေ မသေခင်က မ ကြာခဏပြောဖူးသည့် စကားတစ် ခွန်းကို သွားသတိရမိသည်။ အ ဖေက ကျွန်တော်တို့နှင့် အိမ်နီး ချင်းမိသားစုတစ်စုကို ဥပမာပြပြ ပြီး ကျွန်တော်တို့မောင်နှမတွေကို ပြောလေ့ရှိသည်။ ‘‘ဆင်းရဲတာအ ကြောင်းရှိတယ်ကွ’’ တဲ့။ ကျွန် တော်တို့မိသားစုချမ်းသာသလား ဆိုတော့ မချမ်းသာပါ။ သို့သော် သူတို့မိသားစုလောက် မဆင်းရဲ ပါ။ အပိုအလျှံ မရှိသော်လည်း တောသဘာဝအလျောက် လူတန်းစေ့နေနိုင်၊ စားနိုင်ပါသည်။ အစ်မအကြီးဆုံးကလွဲပြီး ကျွန်တော်တို့ မောင်နှမတွေ ကျောင်းနေကြရ ပါသည်။ ပညာသင်ကြားခွင့်မဆုံး ရှုံးခဲ့ပါ။

သူတို့မိသားစုမှာ အဖေ၊ အ မေ၊ သားသမီး စုစုပေါင်းခုနစ် ယောက်ရှိပါသည်။ ကျွန်တော်တို့ မိသားစုလောက် မများပါ။ ကျွန် တော်တို့က အဖေ၊ အမေ၊ သား သမီး စုစုပေါင်း ၁၃ ယောက်ရှိ ပါသည်။ ကျွန်တော်က ခြောက် ယောက်မြောက်၊ အထက်ငါး ယောက်၊ အောက်ငါးယောက် အ လယ်လူစစ်စစ်ဖြစ်သည်။ သူတို့မိ သားစု၏ သမီးအကြီးဆုံးမှ ကျွန် တော်နှင့် ရွယ်တူဖြစ်သည်။ ထို့ ကြောင့် ကျွန်တော်တို့မိဘများက  သူတို့မိဘများထက် ၁၀ နှစ်ဝန်း ကျင်မျှကြီးပါသည်။ ကျွန်တော့် အဖေပန်းရန်လုပ်သလို သူတို့အ ဖေလည်း ပန်းရန်လုပ်ပါသည်။ တစ်ဆရာတည်းထံမှာ ပညာသင် နေ့စားလုပ်ရင်း နောင်ကျတော့ ကျွန်တော့်အဖေက တစ်ဖွဲ့သတ် သတ်ခွဲလုပ်ပါသည်။ သူတို့အ ဖေလည်း ပထမတော့ တစ်ဖွဲ့ သတ်သတ်ခွဲ လုပ်ပါသေးသည်။ သို့သော် နောက်လိုက်မရှိ၍ သူ ကိုယ်တိုင်ဟိုအဖွဲ့မှာ နေ့စားဝင် လုပ်၊ သည်အဖွဲ့မှာ နေ့စားဝင်လုပ်နှင့် နောက်ဆုံးနောက်လိုက် ဘဝနှင့်ပဲ တစ်သက်လုံးနေသွားရ ပါသည်။

ကျွန်တော်တို့အဖေနှင့် သူ တို့အဖေ ပန်းရန်လုပ်တာချင်းတူ ပေမယ့် ဉာဏ်အမြော်အမြင်ရှိပုံ ချင်း၊ လုံ့လဝီရိယရှိပုံချင်းမတူပါ။ အဖေတို့နှစ်ယောက် သူတို့ဆရာ ဆီမှာ နေ့စားလုပ်စဉ်ကပင် တော ရွာတွေသွားပြီး ညအိပ်အလုပ် လုပ်ရသည့်အခါ ကျွန်တော့်အဖေ က အလုပ်မပြီးမချင်းပြန်မလာပါ။ သူတို့အဖေက နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါဆိုသလို ပြန်လာ ပါသည်။ အလုပ်ပြီးလို့ ဆရာက လုပ်ခရှင်းတာ့ အိမ်ပြန်၍အလုပ် မဆင်းရသည့် ရက်တွေနှင့်၊ အိမ် ပြန်ဖို့နေ့စားခကြိုတင်ထားတာ တွေနှင့် အားလုံးပေါင်းပြီး နုတ် လိုက်တော့ သူတို့အဖေဘက်က လုပ်အားခဘာမျှရသည်မရှိပေ။ ထို့အပြင် မြို့ပေါ်မှာ အလုပ်ဆင်း ရသည့်အခါများမှာလည်း အ ကြောင်းအမျိုးမျိုးပြပြီး ခဏခဏ အလုပ်နားသည်။ တစ်ခါတစ်ရံ မနက်ပိုင်းဆင်းပြီး ညနေပိုင်းဆင်း ချင်မှဆင်းသည်။ ထို့ကြောင့် သူ တို့ အဖေခေါင်းဆောင်လုပ်ပြီး တစ်ဖွဲ့သတ်သတ်ခွဲထောင်တုန်း က နောက်လိုက်အလုပ်သမားမရှိ ခြင်းဖြစ်မည်ဟု ကျွန်တော်ထင် သည်။

ကျွန်တော်တို့မိသားစုနှင့် သူ တို့မိသားစု အဖေချင်းမတူသလို အမေချင်းလည်း မတူပါ။ ကျွန် တော်တို့အမေက အဖေ့လုပ်စာ တစ်ခုတည်းကို မှီခိုပြီး ထိုင်မစား ပါ။ သူကိုယ်တိုင်အပင်ပန်းခံပြီး အလုပ်လုပ်ပါသည်။ မနက် ၄ နာရီလောက်ထပြီး ရွာထဲက ဈေး သည်အဖော်များနှင့်အတူ ရွာမှ ထွက်ပါသည်။ ထို့နောက် မြို့ထဲ ရပ်ကွက်များအတွင်း လှည့်ပြီးစား တော်ပဲပြုတ်ရောင်းပါသည်။ အ စောကြီးထသွားရခြင်းမှာဖောက် သည်လက်ဖက်ရည်ဆိုင်များဆီ ပဲပြုတ်ပို့ရန် ဖြစ်သည်။ ပြီးထိုဆိုင် များမှ နံပြားပြန်ယူပြီး ရပ်ကွက်ထဲ လှည့်၍ ပဲပြုတ်နှင့်နံပြားတွဲရောင်း ရန် ဖြစ်သည်။ မနက် ၈ နာရီ လောက်ဆို အမေပြန်ရောက်ပါ သည်။ သို့သော် အမေ မနားပါ။ နေ့လယ်ခင်း မြို့ဈေးသို့သွား၍ မုန့်လက်ဆောင်းရောင်းရန် ပြင် ဆင်ပြန်ပါသည်။ ကျွန်တော့် အစ်မများက အမေဈေးအဆင် သင့်ထွက်နိုင်ရန် ကူညီလုပ်ကိုင် ပေးရသည်။ ကျွန်တော်တို့လည်း အလကားမနေရပါ။ အုန်းသီးက တစ်နေ့ ၁၂ လုံးခြစ်ရသည်မို့ ခြေနင်းအုန်းခြစ်လေးခုဖြင့် တက် ညီလက်ညီခြစ်ရပါသည်။ ဒါတွေ က အမေပဲပြုတ်ရောင်းက ပြန်မ လာမီ၊ ကျွန်တော်တို့ မောင်နှမ တွေ ကျောင်းမသွားမီ နေ့စဉ်လုပ် ရခြင်းဖြစ်သည်။ အစ်မကြီးက တော့ ကျောင်းမနေသူမို့ ကျွန် တော်တို့ကျောင်းသွားသည့်အခါ ကျန်တာသူ့တာဝန်ဖြစ်သည်။

ဤသို့လျှင် အမေကသူလည်း အပင်ပန်းခံလုပ်၊ သားသမီးတွေ ကိုလည်း အကွက်စေ့အောင်ခိုင်း၊ ကျောင်းကိုလည်း ရောက်အောင် ပို့ပေးခဲ့သဖြင့် ကျွန်တော်တို့မှာ လူတန်းစေ့နေနိုင်ခဲ့သည့်အပြင် အစ်မကြီးတစ်ယောက်ကလွဲပြီး ကျန်မောင်နှမများအားလုံး ပညာ သင်ခွင့်မဆုံးရှုံးခဲ့ပါ။ သူ့ဉာဏ်ရည်ဉာဏ်သွေးအလျောက် ကျောင်းဆရာဖြစ်သူဖြစ်၊ အင်ဂျင်နီယာဖြစ်သူဖြစ်၊ စာရေးစာချီ မန်နေဂျာဖြစ်သူဖြစ် ဖြစ်ကြပါသည်။

ကျွန်တော့်အိမ်နီးချင်းမိသား စုမှာတော့ အဖေကအမြော်အမြင် နည်းပါး၊ အပျင်းလည်းထူသည့် အပြင် အမေကလည်း ကျွန်တော် တို့ အမေလိုမဟုတ်။ ယောက်ျား လုပ်စာတစ်ခုတည်းကိုပဲ ထိုင်စား သက်သက်ဆိုတော့ ထမင်းနပ်မှန် အောင်ပင် မနည်းကြိုးစားနေရ သည်။ သည်တော့သားသမီးတွေ မှာလည်း ကျွန်တော်တို့လို မြို့ ကျောင်းအထိ ဆက်တက်ခွင့်မရ။ ရွာကျောင်းမှာပဲ လေးတန်းအောင် နှင့်ကျောင်းပြီးကြရသည်။ ကျွန် တော်နှင့်ရွယ်တူ အကြီးဆုံးသမီး ဆိုလျှင် ဉာဏ်အလွန်ကောင်း သည်။ အတန်းထဲမှာ အမြဲလိုလို ထိပ်ဆုံးအဆင့်မှာရှိသည်။ သို့ သော် ကျောင်းဆက်နေခွင့်မရ တော့ ဘာမျှဖြစ်မလာတော့။ အ ကျိုးဆက်အနေဖြင့် သူတို့မောင်နှ မ ငါးယောက်စလုံးငယ်ငယ်ရွယ် ရွယ်နှင့် အိမ်ထောင်ကျကုန်ကြ သည်။ သူတို့ကိုယ်တိုင် ဆင်းဆင်း ရဲရဲနှင့် လူလားမြောက်ခဲ့ကြတော့ သူတို့သား၊ သမီးတွေကိုလည်း ဆင်းရဲတွင်းထဲက လွတ်အောင် စွမ်းဆောင်မပေးနိုင်ကြ။ သူတို့ထဲ က မိန်းကလေးတစ်ယောက်ဆို လျှင် အခုကျွန်တော်နေသည့် ရပ် ကွက်ထဲက ကောင်ကလေးတစ် ယောက်နှင့် အိမ်ထောင်ကျကာ ကလေးတန်းလန်းနှင့်အိမ်တကာ ရေထမ်းရောင်းနေတာတွေ့နေရ သည်။ လင်ကလည်း ပန်းရန်လို လို၊ လက်သမားလိုလို။ သည်နေ့ စားစရာရှိလျှင် သည်နေ့အလုပ် မလုပ်သည့်လူစားဖြစ်သည်။

ကြည့်စမ်း။ ဖအေ၊ မအေ လက်ထက်ကတည်းကစပြီး ဆင်း ရဲတွင်းထဲက မတက်နိုင်ခဲ့တာ။ သားသမီးတွေ လက်ထက်လည်း မတက်နိုင်။ အခုမြေးမကလေးပင် ကလေးတစ်ယောက်ရနေပြီ။ သည်မြေးမလေးကကော သူကိုယ် တိုင်တောင် ရေထမ်းရောင်းပြီးအ သက်မွေးနေရသည်ဆိုတော့ သူ က မွေးသည့်နောက်မျိုးဆက်ကို ဆင်းရဲတွင်းကလွတ်အောင်ဘယ် လိုစွမ်းဆောင်မည်နည်း။ ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့လို့ အသိဉာဏ်နည်းရသည့်အထဲ အိမ်ထောင်တစ်ခုကို ဦးစီးခေါင်းဆောင်ပြုရသည့် မိဘများက လူပျင်းတွေဖြစ်နေကြလျှင် ဆွေစဉ်မျိုးဆက် ဆင်းရဲတွင်းထဲက တက်နိုင်စရာလမ်းမမြင်ပေ။

လူမှာကံ၊ဉာဏ်၊ ဝီရိယသုံး ပါးပြည့်စုံမှ အောင်မြင်နိုင်သည် ဟု ရှေးသူဟောင်းတို့ မိန့်ဆိုကြ ပါသည်။ ကံဆိုသည်မှာ အလုပ် ဖြစ်သည်။ အတိတ်ကံကို ကျွန် တော်တို့ မပိုင်ပါ။ ပစ္စုပ္ပန်ကံ ကောင်းစေရန် ကောင်းတာတွေ များများလုပ်ဖို့လိုပါသည်။ ဉာဏ် ရည်ဉာဏ်သွေးမှာလည်း ကျွန် တော်တို့၏ မျိုးရိုးဗီဇအပေါ်မှာအ များကြီးမူတည်နေပါသည်။လက် ဆုပ်လက်ကိုင် ကျွန်တော်တို့အ ပိုင်ရနိုင်သည်မှာ ဝီရိယသာဖြစ် သည်။ ကံနှင့်ဉာဏ်ကကိုယ့်ဘက် မပါလျှင်ပင် ဝီရိယကောင်းလျှင် ဝီရိယအကျိုးကို ကျွန်တော်တို့ခံစားရနိုင်ပါသည်။

ကျွန်တော့်အဖေ မသေခင် က ပြောခဲ့သလို ဆင်းရဲခြင်းမှာ အကြောင်းရှိပါသည်။ ယင်းမှာ လုံ့လ၊ ဝီရိယနည်းခြင်းနှင့်ပညာ သင်ကြားခွင့်ဆုံးရှုံးခြင်းတို့ဖြစ် သည်။ ကျွန်တော်တို့၏ အိမ်နီး ချင်းမိသားစုတွင် ဖခင်ဖြစ်သူက ပျင်းသည်။ အလုပ်ကို လုံ့လ ဝီရိ ယစိုက်ထုတ်ပြီး မလုပ်ချင်။ တစ် ခါမိခင်ကလည်း လုပ်နိုင်ကိုင်နိုင် သန်သန်စွမ်းစွမ်းဖြစ်ပါလျက် ဒိုး တူပေါင်ဖက် အလုပ်မလုပ်ဘဲ ထိုင်စားသည်။ ထို့ကြောင့် သား၊ သမီးတို့ ပညာသင်ခွင့်ဆုံးရှုံးခဲ့ရ သည်။ ထိုအကျိုးဆက်က နောက် မျိုးဆက်နှစ်ဆက်ထိ ဆင်းရဲတွင်း က မတက်နိုင်အောင် ဆိုးကျိုး ဆက်ပေသည်။

ကျွန်တော်တို့ နိုင်ငံ၏ဆင်းရဲ မွဲတေမှု ရာခိုင်နှုန်းလျော့ကျစေ ချင်လျှင် လူတိုင်းပညာသင်ခွင့်မ ဆုံးရှုံးဖို့လိုပါသည်။ ပညာသင် ခွင့်ရ၍ အသိဉာဏ်ရင့်သန်မှသာ ကိုယ့်ဘဝကိုယ် ဘယ်လိုပြုစုပျိုး ထောင်ရမည်၊ ကိုယ့်မိသားစုဘဝ ကို ဘယ်လိုမြှင့်တင်ရမည်ဆိုတာ မှန်မှန်ကန်ကန် တွေးခေါ်တတ် လာမည်ဖြစ်သည်။ ထို့အပြင် ကျွန်တော်တို့လူမျိုး၏ သည်နေ့ စားစရာရှိလျှင် သည်နေ့အလုပ် မလုပ်ချင်သော ပျင်းသောစရိုက် ဆိုးများကိုလည်း ပြုပြင်ဖို့လိုပါ သည်။

မဟုတ်လျှင်ကား ရှင်မဟာ ရဋ္ဌသာရ၏ ကိုးခန်းပျို့ထဲကလို ‘လှုပ်ခြေလှုပ်လက်၊ စဉ်ဆက် နည်းမှီး၊ မကျင့်သီးသော်၊ ချည်းနှီး ဥစ္စာ၊ လိုခါမရ၊ ကြောင့်ကြစိုးရိမ်၊ ဖန်ကြိမ်များစွာ၊ အိုသောအခါ လည်း၊ မဟာဒုက္ခ၊တွင်းဆုံးကျသည်၊ နောင်တနှလုံးမငြိမ်တည်း’ ဖြစ်နေမည်မှာ သေချာလှပါသည်။ 

No comments:

Post a Comment