Monday, July 8, 2019

ပညာရေးဆိုင်ရာ ဖိအားများနှင့် ကြုံနေရသော စင်ကာပူကလေးများ

စင်ကာပူသည် ကမ္ဘာ့ပညာရေး အဆင့်အတန်းများတွင် အောင်မြင်မှုများအတွက် ကလေးများသည် ကြီးမားစွာ ပေးဆပ်နေရသည်။ ကျောင်းသားကလေးငယ်များသည် ပြင်းထန်သော ဖိအားများအား ကျော်လွှားနိုင်ရန် ရုန်းကန်နေရစဉ် စိတ်ကျန်းမာရေး အကူအညီ ရယူသူ အရေအတွက်လည်း မြင့်တက်လာနေသည်။ ကလေးများသည် အခြေခံပညာအဆင့်မှစတင်၍ စာသင်ကျောင်းများနှင့်သက်ဆိုင်သော စိုးရိမ်ပူပန်မှုများနှင့် ဖိအားများကို ရင်ဆိုင်နေရသည့်လက္ခဏာများကို ပြသခဲ့ကြပြီး ကလေးများသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်အထိ ပြင်းထန်သော ဖြစ်စဉ်များပင် ရှိခဲ့သည်။



လူငယ်များသည် ကျောင်း၌ အမြဲလိုလို အချိန်ကြာမြင့်စွာ ကုန်ဆုံးရခြင်း၊ အိမ်စာများအား နာရီနှင့်ချီ ကြာမြင့်စွာ လုပ်ဆောင်ရခြင်း ရင်ဆိုင်နေရပြီး ကလေး၏စိတ်ကျန်းမာရေးကို သက်ရောက်မှုရှိသည့် သီးသန့် သင်ကြားမှုများယူရန်လည်း မိဘများ၏ တွန်းအားပေးမှု ကြုံနေရသည်။ မကြာသေးမီက ထုတ်ပြန် ခဲ့သောအစီရင်ခံစာတစ်ခုတွင် မြို့ပြ နိုင်ငံစင်ကာပူ၏ ကျောင်းသားများ၏ စိုးရိမ်ပူပန်မှုများသည် ပျမ်းမျှအ ခြေအနေထက် ပိုမိုမြင့်မားကြောင်း ဖော်ပြခဲ့သည်။


ယခုအခါ ကျောင်းများ၌ ဖိအားများအား လျှော့ချရန် စင်ကာပူက ပညာရပ်ဆိုင်ရာ အစမ်းစစ်ဆေးမှုအချို့ကို ဖျက်သိမ်းမှုအပါအဝင် ပြုပြင်ပြောင်းလဲမှုများအား စတင်ပြုလုပ်နေပြီဖြစ်သည်။ ပျော်ရွှင်စွာ ပညာသင်ကြားမှုနှင့် တင်းကျပ်သောပညာရေးတို့အကြား မျှခြေညီစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း စင်ကာပူ ပညာရေးဝန်ကြီး Ong Ye Kung က ယခုနှစ်အစောပိုင်းတွင် ပါလီမန်၌ ပြောင်းလဲမှုအချို့ကို ကြေညာခဲ့စဉ် ပြောကြားခဲ့သည်။

ကလေးများသည် ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်များအတွက် ဖိစီးခံနေရမှုရှိ၊ မရှိ သိရှိနိုင်ရန် အာရှဒေသမှ အာဏာပိုင်များက လုပ်ဆောင်နေရချိန်တွင် စင်ကာပူက ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲမှု စတင်ခဲ့ခြင်း ဖြစ်သည်။ ကျောင်းစာများနှင့် ပတ်သက်သော ပြဿနာများသည် ဆယ်ကျော်သက်များ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအတွက် အဓိက အကြောင်းရင်းများတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း ဟောင်ကောင်၏ ကလေးသူငယ် သေဆုံးမှုဆိုင်ရာ ပြန်လည်သုံးသပ်မှု၌ ဖော်ပြခဲ့သည်။

ဂျပန်တွင် ၂၀၁၆-၂၀၁၇ ၌ လူငယ် သတ်သေမှုနှုန်းသည် နှစ်များစွာအတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး စာသင်နှစ်စတင်သော စက်တင်ဘာ ၁ ရက်တွင် ထိုဖြစ်စဉ်ဖြစ်ပွားမှုမြင့် တက်လေ့ရှိကြောင်း တာဝန်ရှိသူ များက ဝန်ခံခဲ့ကြသည်။

၁၉၆၀ ပြည့်လွန်နှစ်များတွင်  လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်မအဖြစ် ပညာရေးကို နေရာပေးခဲ့သည့် စင်ကာပူသည် သင်္ချ࿿ာ၊ စာဖတ် စွမ်းရည်နှင့် သိပ္ပံတို့အတွက်  ပညာရေးဆိုင်ရာ ကမ္ဘာ့ဖလားဟု အမည်ပြောင်ပေးထားသည့် PISA အပြည်ပြည်ဆိုင်ရာ သတ်မှတ်ချက်တွင် ယခုအခါ ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။

သို့သော် PISA လေ့လာသုံးသပ်မှုအား လုပ်ဆောင်သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က ပြုလုပ်သောလေ့လာမှုတစ်ခုတွင် စင်ကာပူတွင် ကျောင်းသားများသည် ပညာရေး၌ အောင်မြင်မှုများ ရှိခဲ့ကြသော်လည်း ကျောင်းစာများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများသည် အခြားနိုင်ငံများထက် ပိုမိုများပြားကြောင်း ဖော်ပြခဲ့သည်။

■ အရွယ်နှင့်မမျှသော ဖိအား

ဂုဏ်သိက္ခာရှိသော ကျောင်းများနှင့် ထိပ်တန်းကျောင်းများသို့ ဝင်ခွင့်ရရန်အတွက် နည်းလမ်းတစ်ခုအဖြစ် အလွန်အမင်း အရေးပါသည်ဟု မိဘများနှင့် ကျောင်းဆရာများက ယူဆသောကြောင့် မူလတန်း ကျောင်းသားများသည် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရန် လိုအပ်သည်။

ကလေးများသည် ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်ရမှုရှိစေရန်အတွက် လိုအပ်သည့် သင့်လျော်သော အခြေခံများနှင့် ဆင်ခြေနိုင်စွမ်းမရှိဘဲ ရင့်ကျက်လာရန်အတွက် အလျင်အမြန် ပုံသွင်းခံခဲ့ရကြောင်း Insights Mind စင်တာမှ စိတ်ပညာရှင် ဒင်နီယယ်ခိုက ပြောကြားခဲ့သည်။

ခိုက စာသင်ကျောင်းနှင့်ဆက်နွှယ်သော ဖိအားအတွက် ကုသပေးခဲ့ရသည့် အငယ်ဆုံးပုဂ္ဂိုလ်မှာ သူငယ်တန်းမှ မူလတန်း ပထမနှစ်သို့တက်စဉ် အကူးအပြောင်းကို ရုန်းကန်ခဲ့ရသည့် ကလေးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းကဲ့သို့ လေးလံသော ဖိအားများအောက်တွင် ကျောင်းစာသင်ချိန်ပြီး သီးသန့် သင်ကြားမှုက စံတစ်ခုဖြစ်လာခဲ့သည်။

စင်ကာပူကျောင်းသားများသည် အိမ်စာလုပ်ချိန် တစ်ပတ်လျှင် ၉.၄ နာရီရှိရာ ကမ္ဘာလုံးဆိုင်ရာ အဆင့်တွင် တတိယနေရာ၌ ရပ်တည်ခဲ့ကြောင်း OECD ၏စစ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။

အဓိကကျသော စာမေးပွဲများ နီးကပ်လာစဉ် သတ်သေမှုများအား ကြိုတင်ကာကွယ်ရေးအဖွဲ့ Samaritans of Singapore ထံ ဆက်သွယ်လာသည့် ကျောင်းသားအရေအတွက် ပုံမှန်အားဖြင့် မြင့်တက်လာလေ့ရှိကြောင်း ထိုအဖွဲ့၏ လက်ထောက်ဒါရိုက်တာ ဝေါင်လိုင်ချန်းက ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်တွင် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးသည် နှစ်လယ်စာမေးပွဲ၌ နှစ်ဘာသာကျသည့် ရလဒ်ကို မိဘများထံ ပြောပြခဲ့သည်ဟု ယူဆရသည့်နေ့တွင် တိုက်ပေါ်မှ ခုန်ချသတ်သေခဲ့ဟု သိရသည်။

ゞင်း၏ ဆေးခန်းအတွေ့အကြုံအရ မကြာသေးမီ နှစ်အနည်းငယ်အတွင်း ထိပ်တန်းကျောင်းများမှ ဆယ်ကျော်သက်အများအပြားသည် ကျောင်းနှင့်ဆက်နွှယ်သော ဖိအားများ ကြုံနေရကြောင်း လာ ရောက်တိုင်ပင်ခဲ့ကြသည်ဟု စင်ကာပူ စိတ်ကျန်းမာရေး အင်စတီကျု့မှ Lim Choon Guan က ပြောကြား ခဲ့သည်။

ယင်းသည် ထိုပြဿနာများအား ပြောပြရန် အလွန်အမင်း စိတ်အားထက်သန်ခြင်းကြောင့် ဖြစ်ဖွယ်ရှိပြီး စာသင်ကျောင်းများ၌ ဆွေးနွေးနှစ်သိမ့်သူများက ထိုပြဿနာများအား ပိုမိုသိရှိနိုင်ပြီး ဆေးရုံသို့လွှဲပေး ခဲ့ကြကြောင်း Lim က ပြောကြားခဲ့သည်။ စာသင်ကျောင်းနှင့်ဆက်နွှယ်၍ စိုးရိမ်ပူပန်မှုများသည် တစ်နှစ် ပတ်လုံးဖြစ်နေသော်လည်း ဖိအားကြုံမှုများသည် စာမေးပွဲကာလ နီးကပ်လာချိန်များ၌ မြင့်တက်နိုင်ကြောင်း ゞင်းက ပြောကြားခဲ့သည်။

■ တွန်းအားပေးသော မိဘများ

စင်ကာပူအာဏာပိုင်များက ပြုပြင်ပြောင်းလဲမှုများသည် ဖိအားများ အတိုင်းအတာတစ်ခုအထိ လျော့ပါးစေရန် မျှော်လင့်ထားကြသည်။

မူလတန်းနှင့် အလယ်တန်းတို့တွင် စာမေးပွဲအချို့အား ဖျက်သိမ်းခြင်း၊ ကျောင်းသားများကိုလည်း  ဘာသာရပ်အားလုံးအတွက် ဉာဏ်ရည်နှင့်သက်တူ ကလေးများအား  အုပ်စုခွဲမှုတွင် သီးသန့်ခွဲခြားမှုထက် သင်္ချ࿿ာနှင့် သိပ္ပံကဲ့သို့ ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်များအတွက် အုပ်စုဖွဲ့ သင်ကြားပေးခြင်းတို့အပါအဝင် တုံ့ပြန်ဆောင်ရွက်မှုအချို့ကို လုပ်ဆောင်နေသည်။ ကျောင်းသားများသည် အနုပညာ၊ ဂီတနှင့် ကာယကဲ့သို့ အတန်းများတွင် အတူတကွသင်ယူ ကြရမည်ဖြစ်ကြောင်း သိရသည်။

သို့သော် မျှော်မှန်းချက်များ သက်သာစေရန်အတွက် အကြီးမားဆုံး အဟန့်အတားများအနက် တစ်ခုမှာ မိဘများ၏စိတ်သဘောထားများကို ပြုပြင်ရန်ဖြစ်သည်။

ဝင်ဒီဟုသာ သိရသော အမျိုးသမီးက အသက် ၁၂ နှစ်ရှိ ゞင်း၏ သမီးဖြစ်သူအား ကျောင်းစာအပြင် သီးသန့်သင်ကြားမှုအတွက် စေလွှတ်မှုသည်သာ အောင်မြင်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းဖြစ် ကြောင်း ပြောကြားခဲ့သည်။

ゞင်း၏ သမီးဖြစ်သူသည် အိမ်သို့ တစ်ပတ်လျှင် နှစ်ကြိမ်လာရောက်သည့် ဆရာထံမှ သင်္ချ࿿ာနှင့် သိပ္ပံဘာသာရပ်များအတွက် တစ်နာရီသင်ယူရပြီး အင်္ဂ္လိပ်နှင့် တရုတ်ဘာသာစကားများအတွက် သင်တန်းသို့ တစ်ပတ်လျှင် သုံးကြိမ် သွားရကြောင်း ဝင်ဒီက ပြောကြားခဲ့သည်။

ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် ကလေးများအား ရေရှည်တွင် အကျိုးကျေးဇူးများ ခံစား ခွင့်ရရှိစေမည်ဖြစ်ကြောင်း စာသင်ကျောင်းများက ကျောင်းသားမိဘများအား အလေးအနက် ရှင်းပြနေ ကြကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ စင်ဒီခူးက ပြောကြားခဲ့သည်။ သို့သော် ကလေးများအား ゞင်း၏အနာဂတ်လှပစေရန် အတွက်ဟုဆိုကာ တွန်းအားပေးမှုအလေ့အထသည် စင်ကာပူတွင် အမြစ်စွဲ နေကြောင်း ゞင်းက ဝေဖန်ခဲ့သည်။

No comments:

Post a Comment