Monday, July 8, 2019

ခေါင်းဆောင်များကို အမှုဖွင့်မှု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်နိုင်ဟု AA အဖွဲ့ သုံးသပ်

ရခိုင်လက်နက်ကိုင် အဖွဲ့ (AA)ခေါင်းဆောင်များကို တရားခံပြေး အမှုဖွင့်ထားခြင်း သည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ အပေါ် အကျိုးသက်ရောက်မှုများ စွာ ရှိနိုင်ကြောင်း AA ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။ ‘‘အရင်တုန်းက အဲဒီလိုမရှိခဲ့ ဘူး။ အခုနောက်ပိုင်း သူတို့ဘက် က အဲဒီလိုလုပ်လာတာဆိုတော့ ဒီဟာတွေက တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးကို တော်တော်လေး ထိခိုက်တာပေါ့’’ ဟု ၎င်းက ဆိုသည်။



မြောက်ဦးမြို့နယ်အတွင်း၌ တပ်မတော်က ဖမ်းဆီးခဲ့သူ ခြောက်ဦးကို အကြမ်းဖက်တိုက် ဖျက်ရေး ဥပဒေဖြင့် တရားစွဲထား သည့် အမှုတွဲနှင့် ဆက်စပ်ပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ် အပါ အ၀င်ယင်းအဖွဲ့၏ ထိပ်ပိုင်း ခေါင်းဆောင်များကို  တရားခံပြေး မှုဖြင့် အမှုဖွင့်ထားသည်ကို တွေ့ ရကြောင်း ဖမ်းဆီးခံထားရသူ ခြောက်ဦးဘက်မှ လိုက်ပါဆောင် ရွက်ပေးနေသည့် ရှေ့နေဒေါ် အေးနုစိန်က အတည်ပြုထား သည်။

ယခုနှစ်  ဧပြီကတည်းက တရားစွဲထားသည့် အဆိုပါ အမှုကို မြောက်ဦးခရိုင်တရားရုံးမှ စစ်တွေခရိုင်တရားရုံးသို့  ရုံး ပြောင်းစစ်ဆေးရာ ဇူလိုင် ၄ ရက် တွင် ရုံးချိန်းခေါ်ယူခဲ့ကြောင်း၊ ယင်းအမှုနှင့် ဆက်စပ်ပြီး တရားခံ ပြေးမှုရှိသည်ဟုဆို၍ လေ့လာရာ တွင် AA ခေါင်းဆောင်များပါ သည်ကို တွေ့ရခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဥပဒေရေးရာ အထောက်အကူ ပြု အဖွဲ့ခေါင်းဆောင်နှင့် ပါတီ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ် သည့် ဒေါ်အေးနုစိန်က ရှင်းပြ သည်။

‘‘စစ်တွေခရိုင်တရားရုံးမှာ ကျောင်းတောင်ရွာသား ခြောက် ဦးဟာ ငှက်ဖျားမိလူနာကို လိုက် ပို့တဲ့ကိစ္စနဲ့ ပတ်သက်လို့ တခြား ခြောက်ဦးအပါအ၀င်ကို ၂၀၁၄ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) အရတရားစွဲဆိုတယ်။ အဲဒီအမှုနဲ့ဆက်စပ်ပြီး တော့  တရားခံပြေးအမှုတစ်ခု ရာဇ၀တ်အထွေထွေ အမှုတစ်ခုရှိ တယ်။ အဲဒီအမှုမှာ တရားခံပြေး အဖြစ် စွဲတင်ထားတဲ့ ပုဂ္ဂိုလ်တွေ ကတော့ AA ရဲ့အကြီးအကဲများ ဖြစ်ကြတဲ့ထွန်းမြတ်နိုင်၊ ညိုထွန်း အောင်၊ ကျော်ဟန်သူတို့က ဗိုလ် ချုပ်တို့၊ ဗိုလ်မှူးတို့ပါတာမဟုတ် ဘူးနော်၊ ခိုင်သုခပြီးရင်စံရွှေ မောင်ဆိုတာ တစ်ယောက်ပါ တယ်’’ ဟု ၎င်းကဆိုသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ဇူလိုင် ၁၈ရက်တွင် တရားရုံးချိန်း ထပ်မံခေါ်ယူထားကြောင်း၊ လက် နက်ကိုင်ပြီး သူပုန်ထတော်လှန် နေသူများကို  တရားခံပြေးအမှု ဖွင့်ထားခြင်းသည် ရယ်ချင်စရာ ဖြစ်နေကြောင်း၊ ယခင်ကလည်း မတရားအသင်း ဆက်သွယ်မှု ဆိုင်ရာ အမှုများကို လိုက်ပါ ဆောင်ရွက်ခဲ့ဖူးရာ ယခုကဲ့သို့ လက်နက်ကိုင်တော်လှန်နေသည့် ခေါင်းဆောင်များကို အမှုနှင့် ဆက်စပ်ပြီး တရားခံပြေးဖွင့်ခြင်း မျိုး မကြုံဖူးကြောင်း ဒေါ်အေးနု စိန်က ပြောသည်။

တပ်မတော်က မသင်္ကာ၍ ဖမ်းဆီးထားသူများကို ဥပဒေအရ အရေးယူနိုင်ရေးအတွက် ရဲတပ် ဖွဲ့ထံသို့  အပ်နှံတရားစွဲဆိုခြင်း ဆောင်ရွက်လေ့ရှိ၍  အမှုဖြစ်စဉ် နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ကြည်လင်း ထံမေးမြန်းရာ  ‘‘ပြောလို့ မရသေး ပါဘူးဗျ။ သိချင်ရင်တော့ ကျွန် တော့်ဆီလာခဲ့လိုက်ပါ။ ဒီအတိုင်း ပြောရင်တော့ရှင်းမှာ မဟုတ်ဘူး ခင်ဗျ’’ ဟု  ဇူလိုင် ၅ရက်တွင် ဖြေ ကြားသည်။ အဆိုပါ အကြမ်းဖက်တိုက် ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက် များအရ ပြစ်ဒဏ်ချမှတ်ခံရသူ သည် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်း  ကျခံရနိုင် ကြောင်း  ဒေါ်အေးနုစိန်က ရှင်းပြ သည်။

No comments:

Post a Comment