Monday, July 8, 2019

၁၂နှစ်အကြာ ကိုပါအမေရိက ဖလား ချန်ပီယံ ဖြစ်လာတဲ့ ဘရာဇီး

အိမ်ရှင် အဖြစ် ကျင်းပတဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ဘရာဇီးက ပီရူးကို ၃-၁ဂိုးနဲ့ နိုင်ပြီး ၂၀၀၇ နောက်ပိုင်း ပထမဆုံး ချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး ဆီမီးဖိုင်နယ်ပွဲတုန်းက လူစာရင်းကို အပြောင်းအလဲ မလုပ်ခဲ့ဘဲ ပွဲထွက်ခဲ့တာပါ။ ဒီပွဲမှာ VAR ရဲ့ အဆုံးအဖြတ်နဲ့ ပင်နယ်တီတွေရှိခဲ့သလို အိမ်ရှင် ဘရာဇီင်္းကတော့ ဒုတိယပိုင်းမှာ တစ်ယောက်လျော့နဲ့ နိုင်ခဲ့တာပါ။ ပထမပိုင်း ၁၅မိနစ်မှာ အဲဗာတန်က ဦးဆောင်ဂိုးသွင်းပြီး ပီရူးဖက်က ၄၄မိနစ်မှာ ပင်နယ်တီ ပြန်ရခဲ့ပါတယ်။ တိုက်စစ်မှူး ဂွာရဲရိုး ကန်သွင်းခဲ့တာပါ။ ဒါပေမယ့် ချက်ချင်းပဲ ၄၅မိနစ်မှာ ဂါဘရီရယ် ဂျေဆုက ပြန်သွင်းလို့ အိမ်ရှင် ဘရာဇီး ၂-၁ဂိုးနဲ့ဦးဆောင်ခဲ့ပြန်ပါတယ်။


ဒုတိယပိုင်းမှာ ပီရူး ကစားပုံပိုကောင်းလာပြီး ဘရာဇီးဖက်ကို ဖိအားပေးလာခဲ့ပါတယ်။ မိနစ် ၇၀မှာ ဂျေဆု နှစ်ဝါ တစ်နီနဲ့ ထုတ်ခံရပြီး နောက်ပိုင်း နည်းစနစ် ပြောင်းလဲလိုက်တဲ့ ဘရာဇီး ပိုတည်ငြိမ်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ပီရူး နောက်ခံလူ အဲဗာတန်ကို ဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်လို့ အိမ်ရှင် အသင်း ပင်နယ်တီ ရခဲ့ပါတယ်။ ဒါကို လူစားဝင်လာတဲ့ ရီချားလစ်ဆင်က ကန်သွင်းလို့ ဘရာဇီး ၃-၁ဂိုးနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၇ခုနှစ်မှာ ကိုပါ အမေရိက ဖလားရပြီးနောက်ပိုင်း ၉ ကြိမ်မြောက် ချန်ပီယံ ဆုဖလားကို ဘရာဇီးတို့ ၁၂နှစ် အကြာမှာ ပြန်လည် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment