Monday, July 8, 2019

ဟောင်ကောင်ဆန္ဒပြသူများက တရုတ်ဘူတာရုံသို့ ချီတက်ဆန္ဒပြ

 ဇူလိုင် ၇ ရက်တွင် West Lowloom ဘူတာရုံသို့ ချီတက်ဆန္ဒပြရန် ဆန္ဒပြသူများ စုဝေးနစေဉျပေကျင်းထောက်ခံသည့် ခေါင်းဆောင်များကို ဆက်လက်ဖိအားပေးရန် တက်ကြွလှုပ်ရှားသူများက ကြိုးပမ်းနေစဉ် အစိုးရဆန့်ကျင်သည့် ဆန္ဒပြသူ ထောင်ပေါင်းများစွာက ဇူလိုင် ၇ ရက်တွင် ချီတက်ဆန္ဒပြမှုတစ်ခုကို စတင်ခဲ့ပြီး  တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ချိတ်ဆက်သည့် အငြင်းပွားဖွယ် မီးရထားဘူတာရုံ West Lowloom သို့ ချီတက်ခဲ့ကြသည်။ ဇူလိုင် ၁ ရက်တွင် လူငယ်အများစုပါဝင်သည့် နှာခေါင်းစည်းတပ်ထားသည့် ဆန္ဒပြသူများက ပါလီမန်ကို မကြုံစဖူး စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းဆန္ဒပြမှုသည် လူအများအပြားပါဝင်သည့် ပထမဆုံး ဆန္ဒပြမှုလည်းဖြစ်သည်။ ဆန္ဒပြသူများက ပါလီမန်ကို စီးနင်းတိုက်ခိုက်ခဲ့မှုသည် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုချက်ဖြစ်သည့် ဟောင်ကောင်ကို နောက်ထပ်အကျပ်အတည်းတစ်ခု ကျရောက်စေခဲ့သည်။



ပြစ်မှုကျူးလွန်သည့် ရာဇဝတ်သားများကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းခွင့်ပြုမည့်  ဥပဒေမူကြမ်းတစ်ခုကြောင့် ဧရာမချီတက် ဆန္ဒပြမှုများအပြင် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်သည့် အကြမ်းဖက်မှုများ တစ်လကြာ ဖြစ်ပွားခဲ့မှုက ဟောင်ကောင်ကို တုန်လှုပ်ချောက်ချားစေခဲ့သည်။
ပြင်းထန်သည့် နိုင်ငံရေးတုံ့ပြန်မှုများကြောင့် ယင်းဥပဒေမူကြမ်းကိုဆိုင်းငံ့ခဲ့သော်လည်း ဆန္ဒပြသူများက ဒီမိုကရေစီအခြေခံသော ပြုပြင်ပြောင်းလဲမှုနှင့် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လွတ်လပ်ခွင့် တစ်စတစ်စ ကျဆင်းလာမှုကို ရပ်တန့်ရန် တောင်းဆိုသည့် ပိုမိုကျယ်ပြန့်သည့် လှုပ်ရှားမှုအဖြစ် ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။

ထောင်နှင့်ချီသည့် ဆန္ဒပြသူများသည် တရုတ်ခရီးသွားဧည့်သည်များဖြင့် စည်ကားသည့် ဈေးဝယ်အရပ်ဖြစ်သည့် Tsim Sha Tsui ရှိ ပန်းခြံတစ်ခုရှေ့၌ ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် စတင်စုဝေးခဲ့သည်။

ယင်းချီတက်ဆန္ဒပြမှုသည် တရုတ်ပြည်ပမှ လာရောက်လည်ပတ်သူများကို ဆန္ဒပြလှုပ်ရှားမှုအကြောင်း ရှင်းပြရန်အတွက် အခွင့်အရေးတစ်ခုဟု ဆန္ဒပြပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

သတင်းနှင့် အချက်အလက်ကို တင်းကျပ်စွာ စိစစ်ဖြတ်တောက်ထားသည့် တရုတ်နိုင်ငံအတွင်းတွင် ဟောင်ကောင်ဆန္ဒပြမှုများကို  အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပေါ် ပေကျင်း၏ လွှမ်းမိုးမှုမြင့်တက်လာမှုကို ဆန့်ကျင်သည့် လူထုဆန္ဒပြလှုပ်ရှားမှု တစ်ခုအဖြစ်မဟုတ်ဘဲ အကြမ်းဖက်မှုအရင်းခံပြီး အမိမြေ မတည်ငြိမ်မှု ဖြစ်စေရန်အတွက် ပြည်ပငွေကြေးထောက်ပံ့သည့် လျှို့ဝှက်ကြံစည်မှုအဖြစ် ဖော်ပြခဲ့သည်။

ပြစ်မှုကျူးလွန်သည့် ရာဇဝတ်သားများ ပြည်မကြီးသို့ လွှဲပြောင်းပေးမည့် ဥပဒေမူကြမ်းကို အလုံးစုံဖျက်သိမ်းရေး၊ ဆန္ဒပြသူများကို ရဲများက မျက်ရည်ယိုဗုံးနှင့် ရော်ဘာကျည်ဆန်များ အသုံးပြုပြီး နှိမ်နင်းမှုကို အမှီအခိုကင်းသည့် စုံစမ်းစစ်ဆေးမှုဖော်ဆောင်ပေးရေး၊ ဖမ်းဆီးခံထားရသည့် ဆန္ဒပြသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနှင့် ဟောင်ကောင်၏ ရွေးကောက်ခံခေါင်းဆောင်မဟုတ်သည့် ကာရီလမ်ရာထူးမှ နုတ်ထွက်ပေးရေးတို့အတွက် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

ကာရီလမ်ကို အပြည့်အဝ ထောက်ခံသည့် ပေကျင်းက ပါလီမန်ကို စီးနင်းတိုက်ခိုက်မှုနှင့် အခြားထိပ်တိုက်ရင်ဆိုင်မှုများတွင် ပါဝင်ပတ်သက်သူ မည်သူကိုမဆို ဖမ်းဆီးရန် ဟောင်ကောင်ရဲတပ်ဖွဲ့အား တိုက်တွန်းခဲ့သည်။ 

No comments:

Post a Comment