Sunday, July 7, 2019

မြစ်ကြီးနားတွင် န၀မတန်းကျောင်းသူနှစ်ဦး ပျောက်ဆုံးမှုဖြစ်ပေါ်

 မြစ်ကြီးနားမြို့တွင် ဘော်ဒါဆောင်နေ န၀မတန်း ကျောင်းသူနှစ်ဦး အကြောင်းရင်း မသိရဘဲ ပျောက်ဆုံးနေ၍ မိသား စုဝင်များက ရဲစခန်းသို့ တိုင်ကြား ထားပြီး စုံစမ်းရှာဖွေနေသည်ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့ကပြော သည်။ မြစ်ကြီးနားမြို့ ယုဇနရပ် ကွက် ပညာစံအိမ်ဘော်ဒါဆောင် မှ န၀မတန်းကျောင်းသူများဖြစ် သည့် မခင်မြင့်မိုရ်နှင့် မဂျာထွယ် အောင်သည်  ဇူလိုင် ၃ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ဘော်ဒါဆောင်မှ ထွက်၍ မုန့်သွား ၀ယ်ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ် သည်။ ဇူလိုင် ၆ ရက်ညနေအထိ ပြန်မတွေ့သေးပေ။



‘‘မုန့်သွားဝယ်မယ်ဆို ထွက် သွားပြီးပျောက်သွားတာ။ ဌာန ဆိုင်ရာတွေရော ရဲတပ်ဖွဲ့ကိုပါအ ကြောင်းကြားထားတယ်။ ဓာတ် ပုံတွေလည်း ကားဂိတ်တွေမှာဖြန့် ထားပြီး  အကူအညီတောင်းထား တယ်’’ဟု မခင်မြင့်မိုရ်၏ မိခင် ဒေါ်ရွယ်ဂျားက ပြောသည်။

အသက် (၁၄) နှစ်နှင့်(၁၅) နှစ်အရွယ် အထက်ပါမိန်းကလေး နှစ်ဦးပျောက်ဆုံးနေမှုကို မြစ်ကြီး နားနယ်မြေရဲစခန်းတွင် လူ ပျောက်မှုဖြင့် အမှုဖွင့်ထားပြီး စုံ စမ်းရှာဖွေနေသည်ဟု ကချင် ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည် နယ်တပ်ဖွဲ့မှူး ရဲမှူးကြီး  မျိုးသူရ နောင်က ပြောသည်။

ပညာစံအိမ်ဘော်ဒါဆောင် ပိုင်ရှင်ဒေါ်ရွယ်ဂျားက၎င်း၏သမီး သည် အိမ်နှင့် မည်သည့်ပြဿနာ မျှမရှိဘဲ ပျောက်ဆုံးနေခြင်းဖြစ်ပြီး လေးရက်အထိ ကြာလာပြီဖြစ်၍ နှစ်ဦးစလုံးအတွက် စိတ်ပူ ကြောင်း ပြောသည်။ ‘‘သမီးကို အမြန်ဆုံးပြန်တွေ့ ချင်ပါတယ်။ ကူညီပေးကြပါဦး။ မိခင်ဆိုတော့လေ စိတ်ပူတာ။ ထမင်းမစားတာ လေးရက်တောင် ရှိပြီ’’ဟု ဒေါ်ရွယ်ဂျားကဆိုသည်။

No comments:

Post a Comment