Sunday, July 7, 2019

တပ်မတော်ရေယာဉ် ပစ်ခတ်ခံရမှုကိစ္စ ဖမ်းဆီးထားသူများအနက် သုံးဦးကို ပြန်လွှတ် ခုနစ်ဦးကို ချုပ်ရမန်ယူ

စစ်တွေမြို့ဆတ်ရိုး ကျချောင်းအတွင်း ရပ်နားထား သည့်တပ်မတော်ရေယာဉ် ပစ် ခတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီး ထားသူ ၁၀ ဦးအနက် သုံးဦးပြန် လွှတ်ပေးပြီး ကျန်ခုနစ်ဦးကိုပထမ အကြိမ် ချုပ်ရမန်ယူခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်း ဆီးထားသူခုနစ်ဦးကို ဇူလိုင် ၅ ရက်က စစ်တွေမြို့နယ်တရားရုံး သို့ ရုံးထုတ်ကာ ချုပ်ရမန်ယူခဲ့ သည်။ ဖမ်းဆီးခံထားရသူများအ နက် ပါဝင်သူတစ်ဦး၏မိခင်ဒေါ် နီလှက ‘‘ဖမ်းဆီးထားချိန်ကတည်း က မတွေ့ရတာပါ။ အခုတရား ရုံးကိုထုတ်လာတဲ့အခါ ပထမဆုံး တွေ့ရတာဖြစ်ပါတယ်’’ ဟု ပြော သည်။ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက် က ဆတ်ရိုးကျချောင်းအတွင်း ရပ်နားထားသည့်တပ်မတော်ရေ ယာဉ်တစ်စီးကို လက်နက်ကြီး ကျရောက်ပြီး ပျက်စီးမှုအချို့ရှိ ကာ လက်နက်ကြီးလာရာဘက် ဆောက်လုပ်ရေးခြံဝင်းအတွင်းရှိ လူ ၁၀ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ သည်။ လက်ရှိဖမ်းဆီးခံထားရသူ ခုနစ်ဦးတွင် အသက်(၄၈)နှစ် အရွယ်အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။

No comments:

Post a Comment