Sunday, July 7, 2019

တရားခံအစစ်နှင့် အမှန်တရားကို ရှာဖွေရန် ဗစ်တိုးရီးယားရှေ့နေ ဦးတည်ချက်ထား ဥပဒေအရာရှိက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေ၍ အခက်တွေ့နေဟုဆို

အုပ်ချုပ်ရေး မြို့တော်ရှိ ပုဂ္ဂလိကကျောင်းရှိ သက်ငယ်မုဒိမ်းမှု၏ တရားခံအ စစ်နှင့် အမှန်တရားကို ရှာဖွေမည် ဖြစ်ကြောင်း ဗစ်တိုးရီးယားသမီး ငယ်၏ရှေ့နေအဖြစ် ဆောင်ရွက် မည့်တရား လွှတ်တော်ရှေ့နေဒေါ် ရွက်နုအောင်က ပြောသည်။ ‘‘အမှုတစ်ခုလုံးရဲ့ အမှန်တ ရားကို ခြုံငုံပြီးတော့ အားလုံးကိုခြုံ ငုံပြီးတော့ ရှာဖွေသွားမှာဖြစ်ပါ တယ်’’ ဟု ၎င်းက 7Day သတင်း စာအား ပြောသည်။ လက်ရှိတွင် တရားရုံး၌ အောင်ကြီးကို တရားခံဟု တင်ပြ ကာ တရားစွဲဆိုထားပြီး ၎င်းအနေ ဖြင့် တရားလိုပြသက်သေအဖြစ် ဆောင်ရွက်သော်လည်းယင်းအမှု ၏ အမှန်တရားကို ဖော်ထုတ်နိုင် မည့်အချက်လက်များ စတင်စု ဆောင်းနေပြီဖြစ်ကြောင်း ဒေါ် ရွက်နုအောင်က ဆိုသည်။



ယင်းအမှု တရားစွဲဆိုချိန် ကတည်းက  နစ်နာမှုကိုနိုင်ငံတော် သို့ တင်ပြတိုင်ကြားခြင်းဖြစ်သည့် အတွက် တရားခံအစစ်ဖြစ်ရန် လိုအပ်ကြောင်း  ၎င်းက ထောက် ပြသည်။

‘‘မှန်ကန်တဲ့ တရားခံကနေ ပြီးတော့မှ သူ့ရဲ့  ပြုလုပ်မှုအတွက် ကိုရသင့်ရထိုက်တဲ့ သူ့ရဲ့ပြစ်ဒဏ် ကိုရရှိဖို့ ဒီဟာကိုပဲ  ဆောင်ရွက် သွားမှာဖြစ်ပါတယ်’’ ဒေါ်ရွက်နု အောင်က ပြောသည်။

သို့သော် လက်ရှိတွင်ဗစ်တိုး ရီးယား၏  ရှေ့နေအဖြစ် ဆောင် ရွက်ရာတွင် အခက်အခဲများစွာ ရှိနေပြီး နိုင်ငံတော်ဘက်မှ ခရိုင် ဥပဒေအရာရှိက ၎င်းတို့နှင့် ပူး ပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေ ကြောင်း ဒေါ်ရွက်နုအောင်က ပြောသည်။

‘‘ခရိုင်ဥပဒေအရာရှိက အံ့ ဩစရာကောင်းတာက ဘာလို့လဲ ဆိုတော့ ကျွန်မတို့နဲ့ လုံးဝမပူး ပေါင်းနိုင်ဘူးဆိုတာပဲ ဖြစ်နေတာ ပေါ့နော်။ ဘာကြောင့် မပူးပေါင်း နိုင်တာလဲဆိုတဲ့ စဉ်းစားမှုတစ်ခု တော့ရှိပါတယ်’’ ဟု ၎င်းက ဆို သည်။

နိုင်ငံတော်က တာဝန်ပေး ထားသည့် ဥပဒေအရာရှိနှင့် ၎င်း တို့သည်လည်း ဗစ်တိုးရီးယား အတွက် အမှန်တရားရှာဖွေမည့် ဦးတည်ချက်တူညီ၍ ၀မ်းသာ အားရပူးပေါင်းရမည်ဖြစ်သော် လည်း လက်ရှိတွင်မူ ပူးပေါင်းရန် လက်မခံသေးကြောင်း တရား လွှတ်တော်ရှေ့နေက ရှင်းပြ သည်။

‘‘ကျွန်မတို့လုပ်ရမယ့် ရှေ့ လုပ်ငန်းစဉ်တွေက ထင်ထားတာ ထက် ပိုခက်ခဲလိမ့်မယ်လို့ သုံး သပ်နေတယ်’’ဟု ၎င်းက ပြော သည်။

ထိုသို့ ခရိုင်ဥပဒေအရာရှိက  ပူးပေါင်းခွင့်မပေးပါက ဘေးကျပ် နံကျပ်ဖြင့် အခက်ခဲများစွာရှိလာ မည်ဖြစ်ပြီး စကားပြောချိန်တွင် လည်း ၎င်းတို့ကို လုံးဝတင်း ကျပ်မည့်သဘောမျိုး တွေ့ရ ကြောင်း ဒေါ်ရွက်နုအောင်က ပြောသည်။

လက်ရှိအချိန်ထိ တရားခံ  အောင်ကြီးနှင့် သွားရောက်တွေ့ ဆုံရန် မရှိသေးဘဲ ၎င်းအနေဖြင့်   ဥပဒေအရ  ဆောင်ရွက်ရမည် ဖြစ်သဖြင့် အမှုတွဲ ပေါ်ပေါက်ချက် အစီအစဉ်များကိုသာ ဆောင် ရွက်နေကြောင်း  ၎င်းကပြော သည်။

ဗစ်တိုးရီးယားအမှုမှ သံသ ယတရားခံဟုဆိုကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကြီးကြပ်ရေးမှူး ဆရာမ၏ယာဉ်မောင်းအောင်ကြီး ကို ဇူလိုင် ၄ ရက်က ဒက္ခဏိ ရိုင်တရားရုံးတွင် တရားစွဲတင် ထားသည်။ ယင်းအမှုကို ဇူလိုင်၁၅ရက် တွင် ပြန်လည်ချိန်းဆိုထားပြီး  စတင်စစ်ဆေးနိုင်ဖွယ် ရှိနေ သည်။ရဲတပ်ဖွဲ့အနေဖြင့်လည်း တ ရားခံအောင်ကြီးကို အချက်အ လက်ခိုင်လုံ၍သာ တရားစွဲဆို ထားခြင်းဖြစ်ကြောင်းကို ဇူလိုင် ၅ ရက် သမ္မတအိမ်တော်ရှင်းလင်း ပွဲတွင်  ဒုရဲချုပ်ရဲဗိုလ်ချုပ်အောင် နိုင်သူက ထုတ်ဖော်ပြောကြား ထားသည်။

No comments:

Post a Comment