Sunday, July 7, 2019

ဘင်္ဂါလီအကျပ်အတည်း အဆုံးသတ်ရေး ဒုက္ခသည်များ အမြန်ဆုံးနေရပ်ပြန်ရန် တရုတ်သမ္မတနှင့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် သဘောတူညီချက်ရဟုဆို တရုတ်နှင့် မြန်မာအစိုးရ မူဝါဒတူဟု မြန်မာတုံ့ပြန်

ဘင်္ဂါလီ(မူရင်းတွင် ရို ဟင်ဂျာ)အကျပ်အတည်းကို အ ဆုံးသတ်ရန် ဒုက္ခသည်များအ မြန်ဆုံးနေရပ်ပြန်ရန် တရုတ်သမ္မ တစီကျင်းပင်နှင့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်အကြားသဘောတူညီ ချက်ရရှိသည်ဟု ယမန်နေ့တွင်  ဒါကာအခြေစိုက် သတင်းဌာန အ ချို့ကဖော်ပြသည်။ေ ဘဂျင်းသို့ ငါးရက်ကြာ သွားရောက်သည့်ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ရှိတ်ဟာဆီနာ၏ ခရီး စဉ်တွင်  အထက်ပါသဘောတူညီ ချက်ရရှိပြီး ယင်းအကျပ်အတည်း သည် မဖြေရှင်းဘဲ ချန်ထား၍ မရကြောင်းနှင့် မြန်ဆန်စွာ ဖြေ ရှင်းရမည်ဖြစ်ကြောင်း ခေါင်း ဆောင်နှစ်ဦးအကြား သဘောတူ ခဲ့သည်ဟု   နိုင်ငံခြားရေးအတွင်း ၀န်ရှဟီဒူလ်ဟက်က သတင်း ထောက်များအား ပြောသည်။



‘‘ဒီကိစ္စ(ဘင်္ဂါလီအရေး)အ ပေါ် မြန်မာအစိုးရနဲ့ဆက်လက် ဆောင်ရွက်နေတာတွေနဲ့ ပတ် သက်ပြီး တရုတ်သမ္မတက ကျွန် တော်တို့ဝန်ကြီးချုပ်ကို သေသေ ချာချာပြောခဲ့ပါတယ်။ ခေါင်း ဆောင်နှစ်ဦးက ဘင်္ဂါလီ(မူရင်း တွင် ရိုဟင်ဂျာ)တွေနေရပ်ကို မြန် မြန်ဆန်ဆန်ပြန်ဖို့ ဆန္ဒရှိနေကြ ပါတယ်’’ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီးဌာန အတွင်းဝန် က ဆက်လက်ပြောသည်။

နေရပ်စွန့်ခွာသူများကို ပြန် လည်လက်ခံရေးလုပ်ငန်းစဉ် အ မြန်ဆုံးစတင်ရေးအတွက် တရုတ် နိုင်ငံသည်  ပထမဆုံးပြောကြား ခြင်းမဟုတ်ဘဲ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံသဘောတူညီချက် ဖြင့်သာ ပြန်လည်လက်ခံရေးလုပ် ငန်းစဉ်စတင်ရန်နှင့် ဖြေရှင်း ဆောင်ရွက်ရန် ၂၀၁၈  ကတည်း က တိုက်တွန်းထားကြောင်း မြန် မာနိုင်ငံခြားရေး ၀န်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်စီးပွားရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးချမ်းအေးက  ပြောသည်။

’’နိုင်ငံတကာဖိအားပေးအ ကျပ်ကိုင်တာတွေ သူတို့(တရုတ်)ကလက်မခံဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ အတူတူ ပဲ။ မြန်မာနိုင်ငံကလည်း ပြန်လက် ခံဖို့ပြင်ဆင်ထားတယ်’’ဟု ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ တရုတ်နိုင်ငံခရီးစဉ်သည် တရုတ် က မြန်မာနိုင်ငံကို ဖိအားပေးရန်၊  သဘောထားပြောင်းလဲရန် လုပ် ဆောင်ရန် ပုံစံမျိုးတွေ့ရကြောင်း  အထက်ပါညွှန်ကြားရေးမှူးချုပ် က ပြောသည်။

‘‘ကျွန်တော်တို့စောင့်ကြည့် နေတာ ဘာမှအပြောင်းအလဲမရှိ ဘူး။ တရုတ်နဲ့ ကျွန်တော်တို့က မူ ချင်းအတူတူပဲ’’ ဟု ၎င်းက ဆို သည်။ တရုတ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ၏ဖိအားပေးမှု ကို တားဆီးကာကွယ်နိုင်သည့်ဗီ တိုအာဏာကို ပိုင်ဆိုင်ထားသည်။

No comments:

Post a Comment