Sunday, July 7, 2019

SP Bakery လုပ်ငန်းက Franchise စီးပွားရေးပုံစံကို တရားဝင်မိတ်ဆက်

မန္တလေးအခြေစိုက်စား သောက်ကုန်လုပ်ငန်းတစ်ခုဖြစ် သည့် SP Bakery သည် မြန်မာ နိုင်ငံတစ်ဝန်းမှ SME လုပ်ငန်းများ နှင့်လက်တွဲ၍ ၎င်းတို့၏ အမှတ် တံဆိပ်နှင့် ၀န်ဆောင်မှုများ ရ ယူကာအတူလက်တွဲ လုပ်ကိုင်နိုင် မည့် Franchise စီးပွားရေးပုံစံကို ယမန်နေ့က မန္တလေးကွန်ဗင်းရှင်း စင်တာတွင် တရားဝင်မိတ်ဆက် ခဲ့သည်။ Franchising ဆိုသည်မှာ စီးပွားရေးလုပ်ငန်း ပုံစံတစ်မျိုး ဖြစ်ပြီး အောင်မြင်နေသောလုပ် ငန်းရှင်က အခြားသောလုပ်ငန်း ရှင်ကို ၎င်းတို့၏ စီးပွားရေးအမှတ် တံဆိပ်အပြင် လိုအပ်သည့်ပစ္စည်း များနှင့် ဝန်ဆောင်မှုများအား ပြန် လည်သုံးစွဲခွင့်ပြုခြင်းဖြစ်သည်။



ထို့ကြောင့် SP Bakery နှင့် Franchise အဖြစ်လက်တွဲ လုပ် ကိုင်မည့်သူများသည် လုပ်ငန်း တစ်ခုစတင်ချိန်တွင် ကြုံတွေ့ရ မည့် စိန်ခေါ်မှုများကိုကြုံတွေ့ရ မည်မဟုတ်ဘဲ ပင်မကုမ္ပဏီထံမှ စားသုံးသူများကိုပါ အဆင်သင့်ရ ရှိနိုင်မည်ဖြစ်ပြီး လုပ်ငန်းလည် ပတ်မှုလွယ်ကူစေရန် လမ်းညွှန်စာအုပ်များပါ ရရှိမည်ဖြစ်သော ကြောင့် နှစ်ဦးနှစ်ဖက် အကျိုးအ မြတ်ရရှိစေပြီး အောင်မြင်သော အခြေအနေတစ်ခု ဖန်တီးနိုင် မည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း SP Bakery အမှုဆောင်အရာရှိ ချုပ် ဒေါ်သင်းသင်းကျော်ကပြော သည်။

‘‘ဒီလိုလုပ်တာက SP Bakery တစ်ခုတည်းအတွက်လုပ်တာ  မဟုတ်ပါဘူး။ မန္တလေးမှာက မိရိုး ဖလာ စီးပွားရေးလုပ်ငန်းတွေ များတဲ့အတွက် ဒီလိုလုပ်လိုက် ခြင်းအားဖြင့် ကွန်ရက်တွေ ပို ကျယ်လာမယ်၊ ပူးပေါင်းဆောင် ရွက်မှုတွေ ပိုကောင်းလာမယ့်အ ပြင် SME ကဏ္ဍတွေလည်း ဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ပါတယ်။ SP Bakery က မြန်မာနိုင်ငံမှာ ပြည် တွင်းထုတ်ကုန် တစ်ခုဖြစ်တဲ့အ တွက် Franchise စီးပွားရေး ယူနစ်တစ်ခုကို ချပြလိုက်တာဖြစ် ပါတယ်’’ ဟု ဒေါ်သင်းသင်းကျော် က ပြောသည်။

Franchise ပုံစံဖြင့် စီးပွား ရေးလုပ်ငန်းများနှင့် လက်တွဲ ဆောင်ရွက်ခြင်းကို မြန်မာတစ်နိုင် ငံလုံးတွင် ဆောင်ရွက်မည်ဖြစ် သော်လည်း ကနဦးအနေဖြင့်  ရန်ကုန်နှင့် မန္တလေးမြို့များတွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး လက်တွဲဆောင်ရွက်မည့် လုပ် ငန်းအရေအတွက်ကိုမူ ကန့်သတ် ထားခြင်းမရှိကြောင်း SP Bakery စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ မန် နေဂျာ ဒေါ်နှင်းအိခိုင်က ပြော ကြားသည်။ ‘‘နိုင်ငံတကာ ကုမ္ပဏီတွေ မြန်မာကို ရောက်လာရင်တော် တော်များများသုံးတဲ့ စီးပွားရေး ပုံစံက Franchise ပဲ ဖြစ်ပါတယ်။ SP လုပ်ငန်းအနေနဲ့ ပြည်တွင်း မှာရှိတဲ့ လုပ်ငန်းရှင်လေးတွေနဲ့ Franchise ပုံစံကို လုပ်ပေးနိုင်တာ ကို ကြိုဆိုရမှာ ဖြစ်ပါတယ်’’ ဟု  ပါမောက္ခဒေါက်တာအောင်ထွန်း သက်က အဆိုပါအခမ်းအနား တွင် ပြောကြားခဲ့သည်။

No comments:

Post a Comment