Sunday, July 7, 2019

ဗစ်တိုးရီးယားအမှု စစ်ဆေးဖော်ထုတ်မှုအခြေအနေ လွှတ်တော်စောင့်ကြည့်နေဟုဆို

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ကျူးလွန်ခံရသူ ကလေးငယ်မိသားစုထံမှ တိုင် ကြားစာကို မေလအတွင်း လက်ခံ ရရှိ၍ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန် ပြည်ထဲရေး ၀န်ကြီးဌာနသို့ စာပေးပို့အ ကြောင်းကြားထားပြီး  စစ်ဆေး ဖော်ထုတ်မှုအခြေအနေများကို ဆက်လက် စောင့်ကြည့်နေ ကြောင်း ပြည်သူ့လွှတ်တော်အမျိုး သမီးနှင့် ကလေးသူငယ်အခွင့်အ ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည်က 7Day Daily သတင်းစာအား ပြောသည်။

‘‘ဒီနေ့တိုင်စာရောက်တယ် ဆိုရင်ပဲ နောက်တစ်နေ့မှာ ချက် ချင်းပဲ လွှတ်တော်ဥက္ကဋ္ဌဆီကတစ် ဆင့် ပြည်ထဲရေးဝန်ကြီးဌာနကို ဒီကိစ္စမှာ နှောင့်နှေးမှုတွေရှိနေ တယ်။ ဒီကလေးကသက်ငယ် မုဒိမ်းမှုလည်းဖြစ်တယ်။ ဘယ် လောက်နစ်နာနေတယ်။ ဒါကို ချက်ချင်း ဘယ်လိုဆောင်ရွက်မှာ လဲ။ ဆောင်ရွက်နေတဲ့အခြေအ နေတွေကို ပြန်ကြားပေးပါဆိုပြီး ပို့ခဲ့တာပါ’’ဟု ၎င်းက ပြောကြားသည်။

သို့သော် ပြည်ထဲရေးဝန်ကြီး ဌာနထံမှ ကော်မတီသို့အကြောင်း ပြန်ကြားချက် တစ်စုံတစ်ရာမရရှိ သေးဘဲ လက်ရှိတွင် ဗစ်တိုးရီး ယားအမှုနှင့်ပတ်သက်၍ အငြင်း ပွားမှုများရှိနေပြီး ပြည်သူများစိတ် ၀င်စားမှုမြင့်တက်နေသော ကိစ္စ လည်းဖြစ်၍ ကော်မတီအနေဖြင့် ဆက်လက် စောင့်ကြည့်နေပြီး ဇူလိုင် ၁၅ ရက် လွှတ်တော် ပြန်လည်စတင်ချိန် ကော်မတီ တွင်း ထပ်မံဆွေးနွေးမည်ဖြစ် ကြောင်း ဒေါက်တာခင်စိုးစိုးကြည် က ပြောသည်။

‘‘မှန်တယ်၊ မမှန်ဘူးတော့ မပြောလိုဘူး။ ဒါပေမဲ့ နိုင်ငံတော် သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်တို့ကလည်း ဒါကိုစိတ် ၀င်တစားနဲ့ ပြောထားပြီးဖြစ်တဲ့ အတွက် ဆက်လက်ပြီးတော့ မှန် ကန်အောင်ဆောင်ရွက်သွားမယ် လို့ကျွန်မတို့က မျှော်လင့်ပါတယ်’’ ဟု ၎င်းကဆိုသည်။

ထို့အတူ အမျိုးသားလွှတ် တော် အမျိုးသမီးနှင့် ကလေးသူ ငယ် အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်းက ဗစ် တိုးရီးယားအမှုနှင့် ပတ်သက် သည့် တိုင်စာပေးပို့ထားခြင်းမရှိ သော်လည်း ကော်မတီနှင့်သက် ဆိုင်သည့်အပြင် လူထုဝေဖန်မှု များရှိနေသောအမှုဖြစ်၍  ကော်မ တီက မည်သို့ ကူညီဆောင်ရွက်နိုင်  မည်ကို လွှတ်တော်ပြန်လည် စတင်ချိန်တွင် ဆွေးနွေးမည်ဟု ပြောသည်။

‘‘လွှတ်တော်ပြန်ဖွင့်တော့မှ  ဖွင့်ဖွင့်ချင်းပဲ အစည်းအဝေးခေါ် လိုက်မယ်။ ခေါ်လိုက်ပြီးတော့အဲဒီ ကိစ္စကို ကျွန်မတို့အနေနဲ့ ဘယ် လိုမျိုးကူညီနိုင်မလဲ လွှတ်တော်အ နေနဲ့လေ ဘယ်လိုမျိုး ကူညီနိုင် မလဲပေါ့။ အနည်းဆုံးတော့ ပြည် ထဲရေးကို တိုက်တွန်းလို့၊ အ ကြောင်းကြားလို့ ရတာပေါ့’’ဟု ဒေါက်တာတင်တင်ဝင်းက ဆို သည်။

အမျိုးသမီးနှင့် ကလေးသူ ငယ်အခွင့်အရေးဆိုင်ရာ ကော်မ တီများသည် အမျိုးသမီးများနှင့် ကလေးသူငယ်များကို အကြမ်း ဖက်မှုပပျောက်ရေး ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း သက်ဆိုင် ရာလွှတ်တော်များက သတ်မှတ် ထားသည့် တာဝန်များတွင် ပါရှိ သည်။ ထို့အပြင် လွှတ်တော်က ဖွဲ့ စည်းထားသော ကော်မတီများ သည် ပြည်ထောင်စု အစိုးရအဖွဲ့ အပါအ၀င် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအား  တိုက်ရိုက် ဆက်သွယ်ဖိတ်ကြားကာ ကြား နာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထား များ တင်ပြစေခြင်းဆောင်ရွက်ရန် လုပ်ပိုင်ခွင့်ပြုထားသည်။

No comments:

Post a Comment