Sunday, May 26, 2019

AAအဖွဲ့ လုံခြုံရေးအတွက် မှဲ့တစ်ပေါက်မစွန်းစေရဟု တပ်မတော်က အာမခံထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များတွေ့ဆုံရန်  AA အဖွဲ့က ゞင်းတို့၏ လုံခြုံရေးကို စိုးရိမ်နေသောကြောင့် တွေ့ဆုံမည့်နေရာညှိနှိုင်းနေပြီး လုံခြုံရေးအတွက် မှဲ့တစ်ပေါက်မစွန်းစေရဟု တပ်မတော်က အာမခံထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

မေ ၂၄ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် Briefing on Peace Process & Rakhine State ရှင်းလင်းပွဲအပြီး မီဒီယာများ၏ မေးမြန်းမှုကို ゞင်းက အထက်ပါကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်မှာ မူဆယ်မှာ တွေ့တယ်။ မူဆယ်မှာတွေ့တော့ နှစ်နေရာ သုံးနေရာ ကျွန်တော်တို့ အဆိုပြုထားခဲ့တယ်။ နေရာသုံးနေရာက ဘယ်နေရာ တွေလဲဆိုတော့ ကျွန်တော်တို့ ရန်ကုန်၊ နေပြည်တော်၊ မြစ်ကြီးနား၊ နောက်တစ်ကြိမ် Bilateral Agreement ရဖို့၊ ညှိဖို့ ရန်ကုန်၊ နေပြည်တော်၊ မြစ်ကြီးနားမှာတွေ့ဖို့ဆိုပြီးတော့ ကျွန်တော်တို့ အဆိုပြုထားတယ်။ အခု ကျွန်တော်တို့ ပြန်ပြီးတော့ ညှိတယ် ပေါ့။ ညှိတဲ့အခါကျတော့ ပထမ သူတို့က ကူမင်းဘက်ပေါ့၊ ကူမင်းဘက်ကို အဆင်ပြေမလား၊ သို့တည်းမဟုတ် ပန်ဆန်းဘက် အဆင်ပြေမလား။ နောက်ဆုံး သူတို့ဘက်က အဆိုပြုချက်က မူဆယ်လို့ ပြောတယ်။ မူဆယ်ဆိုရင်တော့ အဓိက,ကတော့ KIA ကတော့ ဘယ်နေရာဖြစ်ဖြစ် သူကတော့ အဆင်ပြေတယ်။ ရန်ကုန်ဖြစ်စေ၊ နေပြည်တော်ဖြစ်စေ၊ မြစ်ကြီးနားဖြစ်စေ သူကတော့ အဆင်ပြေတယ်။ သို့သော် အခု လောလောဆယ် အထူးသဖြင့် စိုးရိမ်မှုရှိနေတာက AA ပေါ့၊ AA အဖွဲ့ကတော့ တိုက်ပွဲတွေ နည်းနည်း လေးရှိနေတဲ့အတွက် သူတို့ခေါင်းဆောင်တွေလာတဲ့အခါမှာ သူတို့ရဲ့ လုံခြုံရေး စိုးရိမ်တယ်လို့ပြောတယ်”ဟု ဦးဇော်ဌေးက ပြောကြားသည်။


အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ကချင် အဖွဲ့ (KIO/KIA) ၊ တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) ၊ ရခိုင်အဖွဲ့ (AA) တို့ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့တို့ မူဆယ်မြို့၌ ဧပြီ ၃၀ ရက်က တွေ့ ဆုံခဲ့သည့် တွေ့ဆုံပွဲတွင် တစ်ဖွဲ့ချင်းစီ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်မည့် Bilateral Agreement စာချုပ်ချုပ်ဆိုနိုင်ရေး ဆက်လက်ညှိနှိုင်းရန် သဘောတူခဲ့ပြီး ယင်းဆွေးနွေးပွဲရလဒ်အား အကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် ထပ်မံတွေ့ဆုံရန် သတ်မှတ်ခဲ့သော်လည်း ဆွေးနွေးပွဲကျင်းပမည့်နေရာအား သတ်မှတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်က တပ်မတော်ဘက်ကလည်း အကြီးအကဲတွေ ကျွန်တော်တို့ မေးတယ်။ တပ်မတော်ဘက်ကလည်း ဘာပြောလဲဆိုတော့ မှဲ့တစ်ပေါက် မစွန်းစေရ ဘူးပေါ့၊ လုံခြုံရေးကို အာမခံပါတယ်။ ပြီးရင် ညီလာခံကာလ နောက်ရှစ်ဖွဲ့နဲ့တွေတဲ့ NRPC နဲ့တွေ့တဲ့ကာလတွေမှာ လာတဲ့အခါမှာလည်း သူတို့ တစ်စုံတစ်ရာ လုံခြုံရေးအရပေါ့၊ ဘာမှ စိုးရိမ်စရာမရှိတဲ့အခြေအနေ ဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့က ပြန်ပြီးအဆိုပြုထားတာက လာရှိုး၊ အဆင်ပြေမလားဆိုတော့ လာရှိုးတော့ သူတို့လာဖို့ အခက်အခဲရှိတယ် လို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့ နောက်ဆုံး ဒီနေ့မနက်ပဲ ကျွန်တော်တို့ ကချင်ဘက်က တာဝန်ရှိတဲ့လူတွေ၊ နောက် တရုတ် သံရုံးဘက်က တာဝန်ရှိတဲ့လူနဲ့ ထပ်ပြီးတော့ ကမ်းလှမ်းထားတဲ့အချိန်မှာတော့ လောလော ဆယ်တော့ နေရာညှိလို့ မရသေးဘူးပေါ့။ နေရာညှိလို့ မရသေးဘူး။ အဲဒီအပေါ်မှာ တော့ ဆက်ပြီးတော့ ဟိုဘက်ဒီဘက်ပြန်ပြီး တော့ ဆက်သွယ်နေတဲ့ အနေအထားဖြစ်ပါ တယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

No comments:

Post a Comment