Sunday, May 26, 2019

မန္တလေး၌ ရင်းနှီးမြှုပ်နှံရန် ဥရောပနိုင်ငံများသို့ နည်းပညာနှင့်ငွေကြေးကူညီမည်ဟု အီးယူသံအမတ်ကြီးပြောကြား

ဥရောပနိုင်ငံများမှ စီး ပွားရေးလုပ်ငန်းရှင်များ မန္တလေး   သို့လာရောက်ရင်းနှီးမြှုပ်နှံမှု ပိုမို ပြုလုပ်နိုင်ရန် လိုအပ်သည့်နည်း ပညာနှင့် ငွေကြေးအကူအညီများ ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ   ဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) သံအမတ်ကြီး Kristian Schmidt ကပြောသည်။ အီးယူသံအမတ်ကြီးက မေ လ ၂၁ ရက်တွင် မန္တလေးမြို့၌ ကျင်းပသည့် အထက်မြန်မာပြည် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသည်။

‘‘ဥရောပသမဂ္ဂအနေနဲ့ မြန် မာနိုင်ငံရဲ့စီးပွားရေးဆိုင်ရာ ဖွံ့ ဖြိုးမှုတွေအတွက် အကူအညီတွေ ကို ချေးငွေတင်မက အခမဲ့ ထောက်ပံ့မှုတွေကိုပါ ပေးသွား မှာဖြစ်တဲ့အပြင် လူ့စွမ်းအားအ ရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အ ကူအညီတွေကိုပါ ပေးသွားမှာ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြော သည်။

ဥရောပသမဂ္ဂသည် ကမ္ဘာ တွင် ဒုတိယအကြီးဆုံးစီးပွားရေး ဈေးကွက်တစ်ခုဖြစ်ပြီး မြန်မာ နိုင်ငံ၏ စတုတ္ထမြောက်ကုန်သွယ် ဖက်နိုင်ငံဖြစ်သောကြောင့် မြန်မာ နိုင်ငံ၏ အချက်အချာကျသော နေရာ၌ တည်ရှိနေသည့် မန္တလေး တိုင်းတွင်ဥရောပက စီးပွားရေး လုပ်ငန်းများအနေဖြင့် ရင်းနှီးမြှုပ်  နှံမှုပိုမိုပြုလုပ်နိုင်ရန် ကူညီမည် ဖြစ်ကြောင်း သံအမတ်ကြီး Kristian Schmidt ကပြောသည်။

‘‘မန္တလေးဟာ မြန်မာနိုင်ငံရဲ့  အရေးပါတဲ့ဆက်သွယ်ရေးကွန် ရက်တွေအားလုံးနဲ့ ဆက်သွယ် ထားတဲ့မြို့တစ်ခုဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှုပြုလုပ်တဲ့ အခါမှာလည်း    တခြားမြို့တွေထက် ကုန်ကျစ ရိတ်နည်းတာကြောင့် ဥရောပက ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း  မန္တလေးကို ပိုပြီးရင်းနှီးမြှုပ်နှံကြ စေချင်ပါတယ်’’ ဟု ၎င်းက ပြော သည်။

ထို့အပြင် မန္တလေးတိုင်း သည် တရုတ်နိုင်ငံကဆောင်ရွက် မည့် ပိုးလမ်းမစီမံကိန်း၏ အရေး ပါသည့်နေရာတွင် တည်ရှိနေ သဖြင့် ထိရောက်သော ကွပ်ကဲမှု များပြုလုပ်နိုင်ရေးလိုအပ်သည့် အကူအညီများဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘မန္တလေးရဲ့ လျင်မြန်စွာတိုး တက်နေတဲ့ ကဏ္ဍတွေမှာပါဝင် စေဖို့အတွက် ဥရောပက စီးပွား ရေးလုပ်ငန်းတွေကို ဖိတ်ခေါ်သွား မှာဖြစ်ပါတယ်။ စီးပွားရေးဆန် တဲ့ပူးပေါင်းမှုတွေပြုလုပ်သွားနိုင် ဖို့ဒေသခံစွန့်ဦးတီထွင်လုပ်ငန်း ရှင်တွေကို သင်တန်းပေးတာတွေ ပြုလုပ်ပေးမယ့်အပြင် မန္တလေး  အနေနဲ့ရင်းနှီးမြှုပ်နှံဖို့အကောင်း ဆုံးနေရာတစ်ခုဖြစ်အောင် မူဝါဒ ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို လည်း ပံ့ပိုးပေးသွားမှာဖြစ်ပါ တယ်’’ ဟု ဥရောပကုန်သည် ကြီးများအသင်း ဒုဥက္ကဋ္ဌ Mr. Frederik Meerhoff ကပြော သည်။ ဥရောပသမဂ္ဂသည် ယခင်  ဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ  သုံးဘီလီလံခန့် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး မန္တလေးတိုင်းတွင် စိုက်ပျိုးရေး ထွက်ကုန်များကို ကုန်ချောထုတ်  လုပ်ခြင်း၊ လျှပ်စစ်စွမ်းအင်လုပ် ငန်းနှင့် စက်ရုံများကစွန့်ပစ်သည့် အညစ်အကြေးများ ပြန်လည် သန့်စင်ပေးသော  လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံ ရန်လျာထားကြောင်း သံအမတ်ကြီး Kristian Schmidt ကပြောသည်။ လက်ရှိတွင် မန္တလေးတိုင်း ၌ ဥရောပကုမ္ပဏီ ၃၀ ခန့်လာ ရောက် ရင်းနှီးမြှုပ်နှံကာ လုပ်ငန်း ဆောင်ရွက်နေကြောင်း ၎င်း ကပြောကြားသည်။

No comments:

Post a Comment