Sunday, May 26, 2019

အောင်သူအတွက် မည်သည့်အသင်းထံမှ ကမ်းလှမ်းမှုမရသေးကြောင်း ရတနာပုံအသင်းပြော

 မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူသည် လက်ရှိကစားနေသည့် ထိုင်းလိဂ်က လပ် မြောင်တောင်အသင်းမှ ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်နေသော်လည်း ယမန်နေ့အထိ  မည်သည့်အသင်းထံမှ ကမ်းလှမ်းမှု မရသေးကြောင်း မိခင်ရတနာပုံအသင်း အထွေထွေမန်နေဂျာ ဦးအောင်ဟိန်းခိုင်က ပြောသည်။  အသက်(၂၂) နှစ်အရွယ် ရတနာပုံတိုက်စစ်မှူး အောင်သူသည် ယခုနှစ် ဘောလုံးရာသီတွင် ထိုင်းလိဂ် -၁ ကလပ် မြောင်တောင်အသင်းသို့ တစ်ရာသီ အငှားစာ ချုပ်ဖြင့် သွားရောက်ကစားနေ သည်။
သို့သော် အောင်သူသည် မြောင်တောင်အသင်း၌ ခြေစွမ်းပြ ရန် ရုန်းကန်နေရသဖြင့် ထိုင်းလိဂ်ရာသီဝက် အပြောင်းအရွှေ့တွင် ထိုင်းလိဂ်-၁ ကလပ် Trat အသင်းသို့ ပြောင်းရွှေ့ရန် စီစဉ်နေ ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက Fox Sports Asia အပါအ၀င် ထိုင်းမီဒီယာများက ရေးသားခဲ့သည်။

‘‘အောင်သူ အသင်းပြောင်း မယ့် သတင်းတွေကတော့ အွန်လိုင်းပေါ်မှာ ပြန့်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ တကယ်တမ်း အသင်းကို ဘယ်ထိုင်းကလပ်မှ တရားဝင် ကမ်းလှမ်းထားတာမျိုး မရှိပါဘူး။ အောင်သူရဲ့ စာချုပ်သက်တမ်းအရဆို ဒီရာသီကုန်အထိ မြောင်တောင်အသင်းမှာပဲ ဆက်ရှိမှာပါ’’ဟု ဦးအောင်ဟိန်းခိုင်က မေလ ၂၅ ရက် ညနေတွင် 7Day Daily သတင်းစာအား ပြောသည်။

အောင်သူသည် ယခုနှစ် ထိုင်းလိဂ်-၁ ပွဲစဉ် (၁၁) အပြီးတွင် မြောင်တောင်အသင်း၌ ၃၀၃ မိနစ်သာ ပွဲထွက်ကစားခွင့် ရရှိပြီး ဂိုးဖန်တီးမှု၊ ဂိုးသွင်းယူမှု မရှိသေးဘဲ ရုန်းကန်နေရသည်။  မြောင်တောင် အသင်းလည်း  ထိုင်းလိဂ် - ၁ ပွဲစဉ် (၁၁) အပြီးတွင်  နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ ခုနစ်ပွဲ ရှုံးနိမ့် ကာ ရှစ်မှတ်သာရရှိပြီး အမှတ်ပေးဇယား အောက်ဆုံးနေရာ၌ ကျရောက်နေသည်။

အောင်သူသည်  ပြီးခဲ့သည့် ဘောလုံးရာသီတွင်  ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်း၌အငှားသွားရောက် ကစားစဉ်က ခြေစွမ်းပြပြီး ပွဲ ၃၀ ပွဲထွက်ခွင့်ရရှိကာ ၁၁ ဂိုးသွင်း၊ ရှစ်ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။ လက်ရှိ မြောင်တောင်အသင်း ၌ ရုန်းကန်နေရသည့် တိုက်စစ်မှူး အောင်သူကို ၂၀၂၀ ဘောလုံးရာသီတွင် ရတနာပုံအသင်းသို့ ပြန်လည်ခေါ်ယူရန် စီစဉ်ထားကြောင်းအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ် ထွန်းက ပြောကြားထားသည်။

No comments:

Post a Comment