Sunday, May 26, 2019

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းအကြိုဗိုလ်လုပွဲ ပထမအကျော့တွင် ရှမ်းက ရခိုင်ကို ဂိုးပြတ်နိုင်

ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲ ပထမအကျော့တွင် ရှမ်း အသင်းက ရခိုင်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။  မေလ ၂၅ ရက်က သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင်သည့် ယင်းပွဲ စဉ်၌ ရှမ်းအသင်းက ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် ဂိုးသမားသီဟစည်သူနှင့် အသစ်ခေါ်ယူထားသည့် နိုင်ငံခြားသားကစားသမားသုံးဦးစလုံးကို ထည့်သွင်းကစားခဲ့သည်။



ရှမ်းအသင်းသည် ရခိုင်အ သင်းကို ခြေစွမ်းအသာဖြင့် ကစား ခဲ့ပြီး ပထမပိုင်းတွင် တိုက်စစ်မှူးသစ် အီမန်နူရယ်နှင့်  ဇင်မင်းထွန်းတို့၏ သွင်းဂိုးများဖြင့် ၂-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။ ဒုတိယပိုင်း တွင်လည်း ရှမ်းအသင်းကပင် ဆက်လက်ဖိအားပေးကစားကာ ဇင်မင်းထွန်းနှင့် ဆမ်လန်မာန်က တစ်ဂိုးစီ ထပ်မံသွင်းယူသဖြင့်  ရခိုင်အသင်းကို ဂိုးပြတ်အနိုင်ယူ ပြီး ဗိုလ်လုပွဲတက်ရန် အခြေအနေ ကောင်းခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အကြိုဗိုလ်လုပွဲ ပထမအကျော့ ကို ရှမ်းအသင်း၏ အိမ်ကွင်းပွဲစဉ် အဖြစ်  ယှဉ်ပြိုင်မည်ဖြစ်သော် လည်း တောင်ကြီးကွင်း ပြင်ဆင် နေသဖြင့် သုဝဏ္ဏကွင်း၌ ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။

ရခိုင်နှင့် ရှမ်းယူနိုက်တက်၏ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အကြို ဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်ကို ဇွန်လ ၁ ရက်တွင် စစ်တွေမြို့ ဝေသာလီကွင်း၌ ကျင်းပမည်ဖြစ်သည်။  ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အကြိုဗိုလ်လုပွဲ ပထမအကျော့ အခြားပွဲစဉ်ကို မေလ ၂၆ ရက် (ယနေ့) တွင် မုံရွာမြို့၌ ကျင်းပမည် ဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်နှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။

No comments:

Post a Comment