Sunday, May 26, 2019

လမိုင်းမြို့တွင် အကြမ်းဖက်မှုများထပ်မံဖြစ်ပွားပါက ဥပဒေအရ တားမရလျှင် ပစ်ခတ်တားဆီးရန် ပြည်နယ် နယ်လုံဝန်ကြီးညွှန်ကြား

 လမိုင်းမြို့တွင် စုကြေးငွေကိစ္စကြောင့် လူစုလူဝေး ဖြစ်ပေါ် ကာ ပဋိပက္ခဆန်ဆန်ဖြစ်ရပ်များနှင့်ပတ်သက်၍ အကြမ်းဖက်မှုများကို လက်ခံမည်မဟုတ်ဘဲ ဥပဒေအရ ပစ်ခတ်တားဆီးရမည့်အဆင့်ရောက် လာပါက ပစ်ခတ်တားဆီးရန် မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ညွှန်ကြားထားသည်။ လမိုင်းမြို့၌ ငွေစုငွေချေးကိစ္စအငြင်းပွားကာ မေလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ရာနှင့်ချီသော လူစုလူဝေးများ ပေါ်ပေါက်ခဲ့ပြီး မီးရှို့ ဖျက်ဆီးမှုများ၊ ငွေစုငွေချေးလုပ်ငန်းလုပ်ကိုင်သူနှင့် နီးစပ်သူတစ်ဦးကို ပြန်ပေးဆွဲခြင်း၊ အနုကြမ်းစီးခြင်းစသည်တို့ ဖြစ်ပွားခဲ့သည်။


လမိုင်းမြို့သို့ မေလ ၂၄ ရက်ညက လာရောက်စစ်ဆေးစဉ် ဗိုလ်မှူးကြီးနေထွဋ်ဦးက ရဲတပ်ဖွဲ့ဝင်များအား အထက်ပါအတိုင်း ပြော၍ညွှန်ကြားခဲ့သည်။

‘‘ဥပဒေကိုချိုးဖောက်တဲ့အ နေအထားနဲ့ ရုန်းရင်းဆန်ခတ်ဖြစ် ရင် ကျွန်တော်ပြောပြီးသား။ တား ပါ။ အပြတ်အမိန့်ပေးခဲ့တယ်။ ဥပဒေအတိုင်း လုပ်လိုက်။ ရှင်း တယ်။ တာဝန်ယူတယ်။ နောက် ဆုံးအဆင့် ပစ်ရမယ့်အဆင့် ရောက်ရင် ပစ်ထုတ်လိုက်’’ ဟု ၎င်းကပြောသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အုပ်ချုပ်ရေးတာဝန် ရှိသူများနှင့် လွှတ်တော်ကိုယ်စား လှယ်များက ဥပဒေကြောင်းအရ လည်းကောင်း၊ လူမှုရေးအရ လည်းကောင်း ကြားဝင်ရှင်းပြ ထားပြီးဖြစ်၍ ငွေစုငွေချေးကိစ္စ နစ်နာသူများအနေဖြင့် တရား ဥပဒေအရ ဖြေရှင်းဆောင်ရွက်ရန် ဗိုလ်မှူးကြီးနေထွဋ်ဦးက တိုက် တွန်းသည်။

ယင်းဖြစ်စဉ်အပေါ် မူတည် ၍ ဒေသတွင်းတည်ငြိမ်မှုပျက်ပြား စေရန် ဆောင်ရွက်လိုသူများရှိနိုင် ကြောင်း ၎င်းကသတိပေးသည်။

‘‘လွှတ်တော်ကိုယ်စားလှယ် တွေ၊ ဒုဥက္ကဋ္ဌတို့ကိုယ်တိုင်ဆင်း လာပြီး လုပ်ပေးတယ်။ ဒါကိုမှ ဖောက်ချင်တဲ့သူသည် အခွင့်အ ရေးယူချင်လို့ ဖောက်ချင်တဲ့သူ ဖြစ်တယ်။ တရားဥပဒေအရ ရင် ဆိုင်ကြ၊ တိုင်ကြ။ ဒါဆို ကျွန် တော်တို့က လုပ်ပေးမယ်’’ ဟု ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြော သည်။

‘‘နယ်လုံဝန်ကြီးပြောလိုက် တဲ့အချိန် ကျွန်တော်အနားမှာရှိ ပါတယ်။ သူဒီလိုပြောလိုက်တော့ ကျွန်တော်တို့ရွာမှာ မဖြစ်သင့် တာမဖြစ်ရအောင် ကာကွယ်မှု လုပ်တာပါ။ ဒီလိုပစ်မိန့်ပေးမယ် မပြောရင် လုယက်မှုတွေ၊ ဆူပူ မှုတွေက ကိုယ်မမြင်နိုင်ဘူး။ ငွေ ပမာဏများတော့ ဒီကိစ္စတွေက မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။ နယ်လုံဝန်ကြီးပြောတဲ့အချိန် ရွာ သားတွေ၊ ပြည်နယ်ရဲတပ်ဖွဲ့တွေ၊ မြို့နယ်ရဲတပ်ဖွဲ့တွေနဲ့ မွန်ပြည် နယ်လွှတ်တော်ဒုဥက္ကဋ္ဌလည်း ပါ တယ်’’ ဟု လမိုင်းမြို့ခံ ဦးစိန် ဟန်က ပြောသည်။

ဗိုလ်မှူးကြီးနေထွဋ်ဦးက အထက်ပါအတိုင်း မှာကြားနေ သည့်ရုပ်သံဖိုင်သည် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည်။

‘‘စုမဲပြဿနာ ဖြစ်ပြီးတဲ့ နောက်မှာ လူတွေကရုတ်ရုတ်သဲ သဲဖြစ်ကုန်တယ်။ စုမဲမပါတဲ့လူ တွေလည်း စိုးရိမ်နေရတယ်။ ရှေ့ ဆက်ဘာဖြစ်မလဲ၊ အခုရွာမှာ တောင် စုမဲဒိုင်အမျိုးတွေမနေရဲ တော့ဘူး။ အခု နယ်လုံဝန်ကြီး ဒီလိုပြောလိုက်တော့ စိုးရိမ်စိတ် တွေလျော့သွားတယ်’’ ဟု လမိုင်း မြို့ခံနိုင်အောင်တူးက ပြောသည်။

စုမဲဒိုင်၏ ဆွေမျိုးတစ်ဦး ခြိမ်းခြောက်ဖမ်းဆီးခံရကြောင်း

ဒေသခံများပြော

ထို့အပြင် အငြင်းပွားမှု ဖြစ်ပွားနေသော အွန်လိုင်းလေလံ စုမဲဒိုင်မိခိုင်ယဉ်မွန်၏ ဆွေမျိုး တစ်ဦးကို ခြိမ်းခြောက်ဖမ်းဆီး ခေါ်ဆောင်မှုဖြစ်ပွားခဲ့ကြောင်း  လမိုင်းဒေသခံများက ပြောသည်။

လမိုင်းမြို့နေ (၅၉)နှစ်အ ရွယ် ဦးဖေဆန်းနေအိမ်သို့  မေလ ၂၃ ရက် ညနေ ၆ နာရီခန့်တွင် Toyota Hilux အမျိုးအစား အ ပြာရောင်ယာဉ်ဖြင့် အမျိုးသား လေးဦး ရောက်လာပြီး ဦးဖေဆန်း ကို ‘‘ပိုက်ဆံတွေရှိသလား’’ ဟု မေးမြန်းခဲ့ကြောင်း၊ မရှိကြောင်း ပြန်လည်ပြောကြားရာ ၎င်းတို့က ဦးဖေဆန်းကို ကားပေါ်တင်၍ လမိုင်းမြို့မှ ၃ ဖာလုံခန့်အကွာ မော့ကနင်ကျေးရွာအနီးရှိ ရော်ဘာခြံသို့ခေါ်ဆောင်ကာခြိမ်းခြောက်၍ လက်သီးဖြင့် ငါးချက်ခန့် ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းနောက် ဦးဖေဆန်းကို ပလတ်စတစ် ပစ္စတိုသေနတ်၊ဓား မြှောင်တို့ဖြင့် ချိန်ရွယ်ကာ ငွေရှိ၊ မရှိ ခြိမ်းခြောက်မေးမြန်းပြီး နောက် ငွေမရှိကြောင်းသိရသ ဖြင့် လမိုင်းမြို့နေအိမ်သို့ပြန်လည် ပို့ ဆောင်စဉ်          မြို့ အဝင်အနီး၌ လုံခြုံရေးဆောင်ရွက်နေသည့် ရဲ တပ်ဖွဲ့ဝင်များနှင့် လမိုင်းမြို့မှ ဝိသုကာမပရဟိတ လူငယ်အဖွဲ့ က တွေ့ရှိ၍ ဝိုင်းဝန်းဖမ်းဆီးခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

‘‘ဦးဖေဆန်းနဲ့ မိခိုင်ယဉ်မွန် က ဦးလေးတော်စပ်တယ်။ ဦးဖေ ဆန်းကို ခေါ်သွားတာဆိုတာ လည်း မိခိုင်ယဉ်မွန်မဲကိစ္စနဲ့ သက် ဆိုင်တယ်။ ခေါ်သွားပြီး ပိုက်ဆံ လာယူတဲ့အချိန်မှာ ဦးဖေဆန်းကို  ခေါ်သွားတဲ့ လူသုံးယောက်မိ တယ်’’ ဟု လမိုင်းမြို့ ရပ်မိရပ်ဖ ဦးမြသောင်းက ပြောသည်။

ဖမ်းဆီးခံရသူသည် စုမဲဒိုင်နှင့်

ဆွေမျိုးမတော်စပ်ဟု ရဲတပ်ဖွဲ့ဆို

သို့သော် မွန်ပြည်နယ်ရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးကြီးသက်နိုင်ကမူ  ဦးဖေဆန်းနှင့် မိခိုင်ယဉ်မွန်တို့ဆွေ မျိုးတော်စပ်မှုမရှိဟု ဆိုသည်။

‘‘ဦးဖေဆန်းကို လူတစ်စုက  ဖမ်းဆီး ခေါ်ဆောင်သွားတာဆို တာ ဟုတ်ပါတယ်။ မခိုင်ယဉ်မွန် ရဲ့ ဆွေမျိုးမဟုတ်ပါဘူး။ ခြိမ်း ခြောက်ပြီး ဒဏ်ရရရှိအောင် ပြု လုပ်တဲ့အတွက် ကျွန်တော်တို့အမှု ဖွင့်ထားတယ်။ ခိုင်ယဉ်မွန်နဲ့  ဘာမှ မတော်ဘူး။ ဦးဖေဆန်းကို ဖမ်းသွားတာလည်း မဲကိစ္စနဲ့ ဘာ မှ မဆိုင်ပါဘူး။ မဲကိစ္စကြောင့် ဖျက်လို ဖျက်ဆီးဘာလုပ်တယ်၊ ညာလုပ်တယ်ဆိုရင် ကျွန်တော် တို့က တားမယ်။ တားတဲ့ကြားထဲ မှာ သူတို့က အတင်းအကျပ်လုပ် ရင်တော့ ဥပဒေနဲ့အညီ လုပ်သွား မယ်’’ဟု ရဲမှူးကြီးသက်နိုင်က ပြောသည်။

ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး ရာတွင်  ခြိမ်းခြောက်လုယက်သူ များဖြစ်သည့် မော့ကနင်ကျေးရွာ နေ စိုးလင်း၊  လမိုင်းမြို့ မြို့မ (၃)ရပ်ကွက်နေ ဦးအောင်၊ မော့က နင်ကျေးရွာနေ စိုးလှိုင်တို့ကို ဖမ်း မိပြီဟုဆိုသည်။ သို့သော်မော့ကနင်ကျေးရွာနေ ကျော်ခိုင်သည် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသူများထံမှ ပ လတ်စတစ်ဖြင့် ပြုလုပ်ထားသည့် အရှည်ကိုးလက်မအရွယ်ရှိ က လေးကစားသည့် ပစ္စတိုသေနတ် တစ်လက်၊ အရိုးအသွား ၁၈ လက်မခန့်ရှိ ဓားမြှောင်တစ် ချောင်း၊ အရိုးအသွားကိုးလက်မ ခန့်ရှိ ဓားမြှောင်တစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။

လမိုင်းမြို့ မြို့မ(၂)ရပ် ကွက်နေ မိခိုင်ယဉ်မွန်သည် ယခု နှစ်မတ်လ ၂၇ ရက်ကစတင်၍ အွန်လိုင်းဖြင့် ငွေစုခြင်း၊ ငွေချေး ခြင်း လေလံမဲလုပ်ကိုင်ရာလမိုင်း မြို့နှင့်နီးစပ်ရာ ကျေးရွာများမှ ဒေသခံ ၂၀၀ က စုငွေထည့်ဝင်ခဲ့ ကြောင်း၊ ၎င်းသည် မေလ ၁၉ ရက်တွင် ငွေထုတ်ပေးခြင်း ခေတ္တ ရပ်ဆိုင်းခဲ့သဖြင့် မေလ ၂၂  ရက် တွင် လူစုလူဝေးဖြင့် ရုန်းရင်းဆန် ခတ်ဖြစ်ခဲ့ကြောင်း မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။ အဆိုပါစုမဲကိစ္စနှင့် ပတ် သက်ပြီး မိခိုင်ယဉ်မွန်၏ ဆွေမျိုး နေအိမ် ခုနစ်လုံးဖျက်ဆီးခံရ ကြောင်း ဦးမြသောင်းက ပြော သည်။ လက်ရှိတွင် မိခိုင်ယဉ်မွန်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ၄၀၆ (ရာဇ၀တ်မကင်းသော ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှု)ဖြင့် အ မှုဖွင့်ထားကာ ဥပဒေအရ ထိန်း သိမ်းထားပြီး ၎င်း၏ စုမဲငွေစာရင်းအတိအကျကို စစ်ဆေးနေ ကြောင်း ရဲမှူးကြီးသက်နိုင်က ဆို သည်။

No comments:

Post a Comment