Sunday, May 26, 2019

မင်းလှ၌ ​​လေပြင်းတိုက်​ခတ်​မူ​ကြောင့်​​နေအိမ်​(၄၅)လုံးအမိုးလန်​ပျက်​ဆီးဆုံးရှုံမူဖြစ်​ပွား

ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်​၊ မင်းလှမြို့နယ်​အတွင်း​ ​မေ ၂၅ ရက်​ ​နေ့လည်​ ၃ နာရီ ၃၀ မိနစ်​ချိန်​ခန့်​က ​မိုးသက်​လေပြင်းတိုက်​ခတ်​မူ​ကြောင့်​ ​ကျေးရွာအုပ်​စုများတွင်​လူနေအိမ်​ (၄၅) အမိုးလန်​လုံးပျက်​ဆီးပြီး ​နေအိမ်​တစ်​လုံးပြိုလဲ​​ပျက်​ဆီး ဆုံးရှုံးမူဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။


လေပြင်းတိုက်​ခတ်​မူ​ကြောင့်​ ​ဒီလှိုင်း​အုပ်​စု၊ ​​ညောင်​ပင်​သာ​​ကျေးရွာတွင်​ ​နေအိမ်​(၁၅)လုံး​၊​ဗျက်​ကြီး​​အုပ်​စု၊ ​ဗျက်​ကြီး​ကျေးရွာတွင်​ ​နေအိမ်​(၁၀)လုံး​၊ ​ရွှေလောင်းအုပ်​စု၊ ​ရွှေလောင်းကျေးရွာနှင့်​ ဆင်​​ချောင်း​​ကျေးရွာတွင် ​​နေအိမ်​(၄)လုံး၊​ ညောင်​ဝန်းအုပ်​စု၊​မြောက်​လွတ်​ပင်​​ကျေးရွာတွင်​ ​နေအိမ်​(၁)လုံး၊သာယာကုန်းအုပ်​စု၊သာယာကုန်း​ကျေးရွာတွင်​​နေအိမ်​(၆) လုံးတို့ အမိုးလန်​ပျက်​ဆီးခဲ့ပြီး၊အင်းဘုတ်​ကုန်းအုပ်​စု၊အင်းဘုတ်​ကုန်း​ကျေးရွာတွင်​ ​နေအိမ်​(၇)လုံးအမိုးလန်​နှင့်​​​နေအိမ်​တစ်​လုံးပြိုလဲခဲ့​ကြောင်း၊ စုစု​ပေါင်း​နေအိမ်​(၄၅)လုံးအမိုးလန်​ပြီး​နေအိမ်​(၁)​လုံး​ပြိုကျပျက်​စီးခဲ့ပြီး၊ စုစု​ပေါင်းဆုံးရှုံးမူတန်​ဖိုး​ငွေ (၄၇၇၂၀၀၀) ကျပ်​ခန့်​ပျက်​ဆီး ဆုံးရှုံးခဲ့​ကြောင်း၊ လူနှင့်​ တိရစ္ဆာန်​များထိခိုက်​ပျက်​ဆီးဆုံးရှုံးမူ မရှိခဲ့​ကြောင်း သိရသည်​။

အဆိုပါ​လေပြင်းတိုက်​ခတ်​ခံရသည်​​နေအိမ်​များမှ မိသားစုဝင်​များအား ​ကျေးရွာအုပ်​စုအုပ်​ချုပ်​​ရေးမှူး နှင့်​အဖွဲ့များ၊ မီးသတ်​တပ်​ဖွဲ့ဝင်​များ၊ ရဲတပ်​ဖွဲ့ဝင်​များက နီးစပ်​ရာ​ဆွေမျိုးများ၏ ​နေအိမ်​များတွင်​ ယာယီ​ပြောင်း​ရွှေ့​နေထိုင်​နိုင်​ရန်​ စီစဉ်​​ပေးထား​ကြောင်းနှင့်​လိုအပ်​သည်​များကို ကူညီ​ဆောင်​ရွက်​​ပေးလျှက်​ရှိ​ကြောင်းသိရသည်​။

No comments:

Post a Comment