Sunday, May 26, 2019

ထိုင်းဘုရင်နန်းတက်ပွဲ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွင် သေဒဏ်ကျမြန်မာလုပ်သားလေးဦး ပြစ်ဒဏ်လျှော့ပေါ့ခံရ လက်ရှိအချိန်အထိ ၆၉ ဦး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရ

ထိုင်းဘုရင်မဟာဗာဂျီ ရာလောင်ကွန်နန်းတက်ပွဲအဖြစ် အကျဉ်းသားများ ပြစ်ဒဏ်ကင်း လွတ်ခွင့်ပေးကာ ဘန်ကောက်မြို့ ရှိ ဘန်ခွမ်အကျဉ်းထောင်တွင် သေဒဏ်အကျဉ်းကျနေသည့် မြန် မာလုပ်သားလေးဦးကို ထောင် ဒဏ်တစ်သက်တစ်ကျွန်းသို့ လျှော့ပေါ့ပေးပြီး နှစ်ကြီးသမားအဖြစ် အကျဉ်းကျနေသည့် မြန်မာလုပ် သား ၁၀ ဦးကို ပြစ်ဒဏ်ကင်းလွတ် ခွင့်ပေးကြောင်း  မြန်မာသံရုံး အထူးအဖွဲ့မှ ဦးမင်းဦးက  ပြော သည်။ေ မလ ၂၄ ရက်တွင် ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူများက ဘန်ခွမ်အကျဉ်း ထောင်တွင် သေဒဏ်အကျဉ်းကျ နေသော မြန်မာလုပ်သားနှစ်ဦးထံ ထောင်ဝင်စာသွားရောက်တွေ့ဆုံ ရာ အကျဉ်းထောင်တာဝန်ရှိသူ များက ၎င်းတို့ထောင်အတွင်းရှိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိသော မြန်မာအကျဉ်းသားများစာရင်း ကို မြန်မာသံရုံးသို့ ပေးပို့ကြောင်း ၎င်းက ပြောသည်။



ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိ သည့် မြန်မာအကျဉ်းသားနှစ်ကြီး သမား ၁၀ ဦးကို စိစစ်ရန် ထိုင်းလူ ဝင်မှုကြီးကြပ်ရေးဌာနသို့ ပို့ထား ပြီး ထိုမှတစ်ဆင့် နေရပ်သို့ ပြန် လည်လွှဲပြောင်းမည် ဖြစ်ကြောင်း ဦးမင်းဦးက  ဆက်လက်ပြောသည်။

‘‘နှစ်ကြီးသမားတွေလို့ပဲ ပြောတာ။   ဘာအမှုကျတယ်၊ ထောင်ဒဏ်က ဘယ်လောက်ဆို တာ မပြောဘူး’’ဟု ဦးမင်းဦးက ပြောသည်။

ထိုင်းဘုရင်နန်းတက်ပွဲအ ဖြစ် အကျဉ်းသားများ ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးကာ လိပ်ကျွန်း လူသတ်မှုဖြင့် သေဒဏ်ကျခံနေရ သော မြန်မာလုပ်သားနှစ်ဦးနှင့် ရနောင်းလူသတ်မှုဖြင့် ထောင်ဒဏ်ကျခံနေရသော မြန်မာလုပ် သားနှစ်ဦးမပါဝင်ကြောင်း မြန်မာ သံရုံးအထူးအဖွဲ့က ပြောသည်။

လိပ်ကျွန်းလူသတ်မှုဖြင့် သေ ဒဏ်ကျခံနေရသော မြန်မာလုပ် သားနှစ်ဦးနှင့် ရနောင်းလူသတ်မှု ဖြင့် ထောင်ဒဏ်ကျခံနေရသော မြန်မာလုပ်သားနှစ်ဦးသည် အယူ ခံတင်ထားဆဲဖြစ်၍ ပြစ်ဒဏ်ကင်း လွတ်ခွင့်တွင် မပါဝင်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့က ပြော သည်။

‘‘ဝင်းနဲ့ဇော်ကလည်း အယူခံ ကာလမို့ မပါတာ နားလည်ပါ တယ်ပေါ့။ သူတို့ အမြန်ဆုံးလွတ် ချင်နေပြီလို့တော့ ပြောတယ်။ သူ တို့လို သေဒဏ်ကျနေတဲ့ မြန်မာ လေးယောက်လည်း ပြစ်ဒဏ် လျော့လို့ ဝမ်းသာတယ်ပေါ့။ ကျန်းမာရေးလည်း ကောင်းတယ်’’ဟု ဦးမင်းဦးက ပြောသည်။  ထိုင်းဘုရင်သစ်နန်းတက်ပွဲ အဖြစ် ထိုင်းနိုင်ငံအကျဉ်းထောင် အသီးသီးရှိ အကျဉ်းသားများကို မေလ ၁၀ ရက်ကစ၍ ပြစ်ဒဏ် ကင်းလွတ်ခွင့်စတင်ပေးခဲ့သည်။ ရနောင်းမြို့ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော မြန်မာ အကျဉ်းသား ၅၉ ဦးကို မေလ ၂၁ ရက်တွင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးခဲ့သည်။

No comments:

Post a Comment