Sunday, May 26, 2019

ကုမ္ပဏီပေါင်း (၄၀၀) မှာအလုပ်လျှောက်ခဲ့ပေမယ့် အလုပ်မရသေးတဲ့အမျိုးသား

လူတွေမှာ တစ်ယောက်နဲ့တစ်ယောက်ကံကောင်းပုံခြင်းမတူကြပါဘူး၊ တချို့ကမိဘကံကောင်းတယ်၊ တချို့ကျတော့သားသမီးကံကောင်းတယ်၊ တချို့က ပိုက်ဆံချမ်းသာချင်မှချမ်းသာမယ် ကျန်းကျန်းမာမာပျော်ပျော်ရွှင်တော့နေရတယ်၊ တချို့ကအလုပ်နဲ့ပတ်သက်ရင် ကံကောင်းတယ်အဲဒီလိုပဲ မိတ်ဆွေကံကောင်းတဲ့သူ၊ စီးပွားရေးကံကောင်းတဲ့သူ စသဖြင့်အမျိုးမျိုးရှိကြတယ်။ ဒါပေမဲ့ အဲဒီလိုကံကောင်းတဲ့သူတွေထဲ အထူးသဖြင့်အလုပ်နဲ့ပတ်သက်ပြီး ကံကောင်းတဲ့သူတွေထဲ Jake Hopes ဆိုတဲ့အမျိုးသားတော့မပါရှာပါဘူး။


သူ့အလုပ်ကံက ဘယ်လောက်တောင်ဆိုးလဲဆိုရင် နှစ်နှစ်အတွင်း အလုပ်ပေါင်း ၄၀၀ကျော်ကိုလျှောက်ခဲ့ကြိုးစားခဲ့တာတောင် အခုအချိန်အထိအလုပ်ရှာမရဘူးဖြစ်နေတာပါ။

သူက တစ်ပတ်ကို ကုမ္ပဏီလေးခုကိုအလုပ်လျှောက်လွှာ လေးစောင်ပို့ပြီးကြိုးစားအားထုတ်ခဲ့တာပါ။ တကယ်တော့ Jake ဟာလုပ်ငန်းအတွေ့အကြုံများစွာရှိထားသူလည်းဖြစ်ပါတယ်။ သူက ကုန်တိုက်ကြီးတွေမှာ customer service အတွေ့အကြုံများစွာရှိသလို ရုပ်ရှင်ရုံမှာ၊ ဘားမှာ ဈေးဝယ်စင်တာတွေမှာလည်းအလုပ်ပေါင်းစုံအောင်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။ ဒါပေမဲ့ Jake ဟာ Pizza Hut နဲ့ Asda အပါအဝင်အလုပ်ရှင်တော်တော်များများရဲ့ငြင်းတာကိုခံခဲ့ရပါတယ်။

“လူအများကြီးခန့်တယ်လို့ထင်ကြတဲ့ Pizza Hut ကအလုပ်တောင်ကျွန်တော်မရခဲ့ဘူး။ နေရာတစ်နေရာအတွက် ပြုံတိုးနေတဲ့အလုပ်လျှောက်လွှာတွေအများကြီးပဲ။ အလုပ်တစ်ခုရဖို့ တကယ်ခက်ခဲတယ်။ ကျွန်တော် သရုပ်ဆောင်ပညာနဲ့ပတ်သက်ပြီး ဒီဂရီရဖို့ ဝင်ငွေလိုတယ်။ အလုပ်မရှိဘဲ ကျွန်တော်ဆက်လုပ်နိုင်မှာမဟုတ်ဘူး” လို့ Jakeကပြောပါတယ်။

Jake ဟာသရုပ်ဆောင်တစ်ယောက်ဖြစ်ချင်ပြီးတော့ သူ့မှာပိုက်ဆံမရှိရင်မလုပ်နိုင်ဘူး၊ အဲဒီအတွက် သူတကယ်ပဲအလုပ်လုပ်ချင်တယ်၊ သူတကယ်အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ်လို့ပြောပါတယ်။

ဒါ့အပြင် Jake ဟာ အင်တာဗျူးတော်တော်များများမဟုတ်တောင် အတော်အသင့်တော့ဖြေခဲ့ဖူးပါတယ်၊ ဒါပေမဲ့ အများစုကပြန်ပြီးဆက်သွယ်တာမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ်။

သူ့အနေနဲ့အိမ်မှာပျင်းရိငြီးငွေ့ဖွယ်အချိန်တွေကိုဖြတ်သန်းခဲ့ရပြီး အခုလိုဖြစ်နေတာကိုလည်းအတော်လေးမချင့်မရဲဖြစ်နေရှာပါတယ်။

အချိန်နှစ်နှစ်သာကုန်သွားတယ် Jake ရဲ့ အလုပ်ရှာပုံတော်ကအဆုံးမသတ်သေးပါဘူး။ နှစ်နှစ်အတွင်း အချိန်ပိုင်းအလုပ်တွေလုပ်ခဲ့ရပေမယ့် အမြဲတမ်းဝန်ထမ်းအနေနဲ့လုပ်ဖို့အခုအချိန်အထိအခွင့်အရေး မရရှာဘူးဖြစ်နေပါတယ်။

ကဲ ပရိသတ်တွေတို့ရေ Jake Hopes ကိုအလုပ်လေးရှာပေးလိုက်ကြပါဦး၊ သူနဲ့ကိုက်ညီမယ့်အလုပ်တွေ့ရင်လည်းပြောခဲ့ပါဦး။

No comments:

Post a Comment