Sunday, May 26, 2019

စီးပွားရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု သုံးနှစ်တာအတွင်း လေးဆတိုးလာဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော

အစိုးရသစ်တက်ပြီး သုံးနှစ်အတွင်း ကရင်ပြည်နယ် တွင် ရင်းနှီးမြှုပ်နှံမှုပမာဏနှင့်တစ် ဦးချင်းဝင်ငွေပမာဏများ တိုး တက်ခဲ့သဖြင့်စီးပွားရေးတိုးတက် လာသည်ဟု ဆိုရမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ် နန်းခင်ထွေးမြင့်က ပြောသည်။ေ မလ ၂၃ ရက်တွင် ကရင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြုလုပ် သည့် အစိုးရသစ် သုံးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲ၌ ၀န်ကြီး ချုပ်က အဖွင့်အမှာစကားပြော ကြားရာ ယင်းကဲ့သို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။


ကရင်ပြည်နယ်အတွင်း စီး ပွားရေးကဏ္ဍအတွက် ရင်းနှီးမြှုပ် နှံမှုပမာဏသည် ယခင်ကထက် လေးဆခန့်တိုးတက်လာကြောင်း ဒေါ်နန်းခင်ထွေးမြင့်က ဆိုသည်။

ထို့အပြင် အစိုးရသစ်မတက် မီ လွန်ခဲ့သည့်သုံးနှစ်က ကရင် ပြည်နယ်အတွင်းရှိ လူတစ်ဦး၏ ၀င်ငွေသည် ရှစ်သိန်းသုံးသောင်း ခန့်သာရှိရာမှ ယခုအခါဆယ့်တစ် သိန်းရှစ်သောင်းခန့်အထိ တိုး တက်လာကြောင်း ၀န်ကြီးချုပ်က ပြောသည်။ ထိုပမာဏသည် တစ် ဆခွဲခန့်ရှိသည်။

ရင်းနှီးမြှုပ်နှံမှုပမာဏ တိုး လာသည့်အပေါ် ဘားအံဒေသခံ ကိုချစ်ပုက ကြိုဆိုသည်။ သို့ သော် ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်း များကြောင့် ပြည်သူများ၏ လယ် ယာမြေများ၊ အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရန် အရေးကြီး ကြောင်း ၎င်းကအကြံပြုသည်။

ပြည်နယ်အတွင်း စီးပွားရေး တိုးတက်စေရန် တောင်သူလယ် သမားများ အကျိုးဖြစ်ထွန်းနိုင် သည့်ဆည်မြောင်းတာတမံများ ဆောက်လုပ်ခြင်း၊ လက်လုပ် လက်စားဆင်းရဲသားများအတွက် ချေးငွေထုတ်ချေးခြင်း၊ ချေးငွေမှ အရင်းအနှီးတစ်ခုဖြစ်စေရန် ဆောင်ရွက်ခြင်းတို့ လုပ် ဆောင်နေသည်ဟု ၎င်းက ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်အ တွင်းရှိ သဘာဝတောတောင်သ ယံဇာတများကို မှီခိုပြီးခရီးသွား လုပ်ငန်းကိုလည်း ဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်နေသည်ဟု ဒေါ်နန်းခင်ထွေးမြင့်က ရှင်းပြ သည်။ ကရင်ပြည်နယ်အတွင်းနှစ် စဉ်ကြုံတွေ့နေရသည့် သောက် သုံးရေရှားပါးမှုကို ဖြေရှင်းနိုင်ရေး ရေတွင်း၊ ရေကန်တူးဖော်ခြင်း၊ မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြင့် ဖြေ ရှင်းပြီး ပြည်နယ်တစ်ဝန်းလုံး တွင် စက်ရေတွင်း ၁၀၀ ခန့်တူး ဖော်ပေးခဲ့သည်ဟု ၎င်းကဆို သည်။ ထို့အပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ ငြိမ်းချမ်းရေး စသည့်ကဏ္ဍများတွင်လည်း အ လေးထားဆောင်ရွက်ခဲ့ကြောင်း ၀န်ကြီးချုပ်က ပြောသည်။

No comments:

Post a Comment