Sunday, May 26, 2019

တွစ်တာမှာ Follower သန်း ၂၀ ပထမဆုံးရတဲ့ ကိုရီးယားနိုင်ငံသားတွေ ဖြစ်လာတဲ့ BTS အဖွဲ့

 မေလ ၂၄ ရက် ဒေသစံ တော်ချိန် နေ့လယ် ၂ နာရီခန့်က အမျိုးသားကေပေါ့ပ်အဖွဲ့ BTS ၏ တွစ်တာအကောင့်တွင် Followers သန်း ၂၀ ပြည့်ခဲ့ပြီး ယင်း မှတ်တိုင်စိုက်ထူနိုင်သော ပထမ ဆုံးကိုရီးယားနိုင်ငံသားများ ဖြစ် သည်။ ၂၀၁၂ ဒီဇင်ဘာ ၁၂ ရက် တွင် ၎င်းတို့၏ပထမဆုံးတွစ်တာ ပို့စ်နောက်ပိုင်း BTS သည် ယခု မှတ်တိုင်စိုက်ထူရန် ၂,၃၅၀ ရက် အချိန်ယူခဲ့ရသည်။ ၂၀၁၇ နိုဝင်ဘာ ၁၃ ရက်က BTS သည် Followers ၁၀ သန်း ပြည့်သော ပထမဆုံးကိုရီးယား နိုင်ငံသားများဖြစ်ပြီး ယင်းနောက် ပိုင်း ၂နှစ်မပြည့်မီ ထပ်မံ၍ Followers ၁၀ သန်းရရှိခဲ့သည်။ BTS သည် လောလောဆယ် Love Yourself: Speak Yourself အမည်ဖြင့် ကမ္ဘာလှည့်ဖျော်ဖြေ နေသည်။

No comments:

Post a Comment