Sunday, May 26, 2019

အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ နယ်မြေကျော်ကျောင်းအပ်မှုမရှိစေရန် အိမ်ထောင်စုစာရင်းဖြင့် စိစစ်လက်ခံ

၂၀၁၉-၂၀ ပညာသင် နှစ်ကျောင်းဖွင့်ချိန်အတွက် တစ် နိုင်ငံလုံးရှိ အခြေခံပညာကျောင်း များ၌ မေလ ၂၅ ရက်ကစကာ ကျောင်းအပ်လက်ခံနေပြီး ရန် ကုန်တိုင်းဒေသကြီးရှိကျောင်းများ တွင် သတ်မှတ်ထားသည့်ကျောင်း နယ်မြေကျော်ကာ ကျောင်းအပ်မှု မရှိစေရန် ကျောင်းသားသစ်များ ကို အိမ်ထောင်စုစာရင်းဖြင့် စိစစ် လက်ခံနေသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ အ ခြေခံပညာ ကျောင်းတိုင်းတွင် ကျောင်း တည်နေရာအလိုက် School Catchment Area (ကျောင်းနယ်မြေ) သတ်မှတ် ထားရာ အဆိုပါရပ်ကွက်၊ မြို့ နယ်အတွင်းမှ ကျောင်းသားသစ် များကို အိမ်ထောင်စုစာရင်းပုံစံ (၁၀)အရ နေထိုင်မှုသက်တမ်း ခြောက်လနှင့်အထက် ရှိမှသာ ကျောင်းအပ်လက်ခံသည်။ မိမိ ကျောင်း Catchment Area အ တွင်းမနေထိုင်သည့် ကျောင်း သားသစ်ကို ကျောင်းအပ်လက်ခံ ခြင်းမလုပ်ရန် တိုင်းဒေသကြီး ပညာရေးမှူးရုံးက ကျောင်းအုပ် ကြီးများသို့ ညွှန်ကြားထားသည်။

‘‘အခုနှစ်မှာ ကျောင်းက သင်ကြားနိုင်တဲ့ ၀င်ဆံ့အင်အား အရ ကျောင်းသားသစ်လက်ခံ မယ်။ ဒါကို Catchment Area နဲ့ သတ်မှတ်ပြီး ဆောင်ရွက်တာဖြစ် ပါတယ်။ ကျောင်းနေအရွယ်က လေးတိုင်း ကျောင်းနေနိုင်ဖို့ ကျွန် မတို့ဆောင်ရွက်နေပါတယ်။ သို့ သော် မိမိနေထိုင်ရာနေရာဝန်း ကျင်၊ မြို့နယ်မှာသာ ကျောင်း အပ်လက်ခံနိုင်ဖို့ ဆောင်ရွက်ထား ပါတယ်။ မိမိနဲ့အနီးဆုံးကျောင်း မှာ အပ်နှံပေးပါ’’ ဟု ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာ ဆွေကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ အ ခြေခံပညာကျောင်းတိုင်းတွင် မြို့ နယ်၊ ရပ်ကွက်အလိုက်ကျောင်း သား၊ ကျောင်းသူများအပ်နှံရ မည့်ကျောင်းစာရင်းကို ကြေညာ ထားပြီး ယခင်နှစ်များကတည်းက တက်ရောက်နေသည့် ကျောင်း သားဟောင်းမဟုတ်ပါက လက်ရှိ နေထိုင်သည့်ရပ်ကွက်အလိုက် သတ်မှတ်ထားသည့်ကျောင်းတွင် သာ အပ်နှံရသည်။

‘‘အခုသတ်မှတ်ထားတဲ့ နယ်မြေတွေက သူငယ်တန်း ကလေးနည်းနည်းပဲရှိတာ။ သူတို့ လက်ခံနိုင်တာ ၂၀၀ ဦးလို့ပြော ထားတယ်။ အပ်ခွင့်ရှိတဲ့ရပ်ကွက် မှာ သူငယ်တန်းကလေး ၂၀၀ မရှိ ဘူး။ တခြားရပ်ကွက်ကဒီကျောင်း အပ်ချင်တဲ့ ကလေးမိဘတွေ မကျေနပ်ကြဘူး’’ဟု အထက(၄) အလုံမှကျောင်းသားမိဘတစ်ဦး က ပြောသည်။

လာမည့်ပညာသင်နှစ်တွင် ကျောင်းကြိုပို့ဖယ်ရီကားစနစ်ကို တိကျစွာဆောင်ရွက်မည်ဖြစ်ရာ ကျောင်းအပ်လက်ခံရေးနှင့်ပတ် သက်၍ Catchment Area အ တိုင်းလက်ခံဆောင်ရွက်ရန်နှင့် နယ်မြေကျော် ကျောင်းအပ်မှု လက်ခံပါက ကျောင်းအုပ်နှင့်မြို့ နယ်ပညာရေးမှူးကို အရေးယူ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့က ၂၀၁၈ စက်တင်ဘာတွင် ရန်ကုန်တိုင်း ဒေသကြီးပညာရေးမှူးရုံးသို့ အ ကြောင်းကြားစာပို့ထားသည်။

‘‘Catchment Area (ကျောင်းနယ်မြေ)သတ်မှတ်တာ က မနှစ်ကတည်းကတော့ လုပ် တယ်။ ဒီနှစ်ပိုပြီးတိတိကျကျလုပ် မယ်၊ ပိုတင်းကျပ်မယ်။ ပြီးတော့ ထောက်ခံစာတွေနဲ့ တင်ပြတာ တွေရှိတယ်။ အဲဒါတွေကိုလည်း အမှန်တကယ်ဟုတ်၊ မဟုတ် စိစစ်ဖို့ ၀န်ကြီးချုပ်က လမ်းညွှန် ထားတယ်။ သူ့တိုင်းအစိုးရအဖွဲ့ ၀န်ကြီးတွေလက်မှတ်ထိုးပေး တယ်ဆိုရင်လည်း တကယ်လို အပ်လို့ ထိုးသလားဆိုတာစိစစ်ပြီး တင်ပြဖို့ပြောထားတယ်’’ ဟု ရန် ကုန်တိုင်းဒေသကြီးပညာရေးမှူး ရုံးတာဝန်ရှိသူတစ်ဦးက ပြော သည်။ကျောင်းအပ်နှံစဉ် ကျောင်း လခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာ နှင့် စာကြည့်တိုက်ကြေးအပါအ ၀င် မည်သည့်အခကြေးငွေမျှ မကောက်ခံရန် ပညာရေးဝန်ကြီး ဌာနက ညွှန်ကြားထားပြီး မူလ တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် ဗလာ စာအုပ် ၁၂ အုပ်နှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တစ်စုံစီ၊ အလယ် တန်းနှင့် အထက်တန်းအဆင့်အ တွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တစ်စုံစီထောက်ပံ့ပေးသည်။ ပညာရေးဝန်ကြီးဌာနက ကျောင်းနေအရွယ်ကလေးအား လုံး ကျောင်းတက်နိုင်ရန် နှစ်စဉ် မေလ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အ ဖြစ် သတ်မှတ်ထားပြီး ဇွန်လ ၃ ရက်တွင် အခြေခံပညာကျောင်း များ စတင်ဖွင့်လှစ်မည်ဖြစ်သည်။

No comments:

Post a Comment