Sunday, May 26, 2019

ပြင်သစ်လီဂူးဝမ်း အပိတ်ပွဲစဉ်တွင် ရှုံးသော်လည်း မိုနာကိုအသင်းတန်းတင်ကျန်ရစ်

 မေလ ၂၄ ရက်ညက က စားခဲ့သော ပြင်သစ်လီဂူးဝမ်းရာ သီပွဲစဉ်တွင် မိုနာကိုသည် နိစ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း တန်းတင်ကျန်ခဲ့သည်။ ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲ အဆင့်သို့ ရောက်ရှိပြီး ၂ နှစ်ကြာ ပြီးနောက် မိုနာကိုသည် ယခုနှစ် ရာသီလီဂူးဝမ်းတွင် ၃၈ ပွဲကစား ရာ ၁၈ ပွဲအထိ ရှုံးပွဲကြုံခဲ့ပြီး ၃၆ မှတ်ဖြင့် အဆင့် (၁၇) ၌ ရပ်တည် ခဲ့သည်။



လာမည့်နှစ် ပြင်သစ်လီဂူး ဝမ်းတွင် တန်းတင်ကျန်ရစ်ရေး ရှုံး ထွက်ကစားခွင့်ရရန် နိုင်ပွဲလိုနေ သော ဒီဂျွန်က တူးလော့စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ၂၀၁၇ က ပြင်သစ်လီဂူးဝမ်းချန်ပီ ယံဖြစ်ခဲ့သော မိုနာကိုက ဒီဂျွန် ထက် ၂ မှတ်အသာရခြင်းဖြစ် သည်။

ဘော်ဒိုးကို ၁-၀ ဂိုးဖြင့်ရှုံးခဲ့ သော ကိန်းသည် အမှတ်ပေး ဇယားအောက်ဆုံးရှိ  ဂူအင်ဂမ့် နှင့်အတူ လာမည့်ရာသီတွင် လိဂ် -၂ သို့ တန်းဆင်းမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဒုတိယရခဲ့ သော မိုနာကိုသည် နည်းပြရာထူး မတည်ငြိမ်ခြင်းကြောင့် ဒုက္ခများ သောရာသီ ခံစားခဲ့ရပြီး အာဆင် နယ်တိုက်စစ်မှူးဟောင်း အွန်န ရီကို နည်းပြရာထူးခန့်အပ်ခဲ့သော် လည်း ရှုံးပွဲများဆက်တိုက် ကြုံ တွေ့ခဲ့သဖြင့် ၎င်းတို့ထုတ်ပယ် ခဲ့သော လီယိုနာဒိုဂျာဒင်းကို ပြန် လည်ကိုင်တွယ်စေခဲ့သည်။

‘‘အရေးအကြီးဆုံးက တန်း တင်ကျန်ရစ်ဖို့ပါ။ ကံမကောင်းဘဲ ကျွန်တော်တို့ အနိုင်မရခဲ့ဘူး။ ဒါပေမဲ့ အခွင့်အရေးအမြောက်အ မြား ဖန်တီးနိုင်ခဲ့ပါတယ်’’ ဟု မို နာကိုတိုက်စစ်မှူး ဖယ်ကာအိုက ပြောသည်။

မက်ဘီက လီဂူးဝမ်းရွှေဖိ နပ်ဆုရရှိခဲ့ပြီး ချန်ပီယံပီအက်စ်ဂျီ နှင့်အတူ ဒုတိယနေရာရ လိုင်လီ က ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သည်။

အဆင့် (၃) ရှိ လိုင်ယွန် သည် ချန်ပီယံလိဂ်ခြေစစ်ပွဲအ ဆင့်မှ ဝင်ရောက်ကစားရမည်ဖြစ် သော်လည်း မေလ ၂၉ ရက်တွင် ကစားမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲ ၌ ချယ်လ်ဆီးက အာဆင်နယ်ကို အနိုင်ရပါက အုပ်စုအဆင့်သို့ တိုက်ရိုက်ဝင်ခွင့်ရမည်ဖြစ်သည်။

No comments:

Post a Comment