Sunday, May 26, 2019

ကျောက်တောင်ပြိုကျ မှုကြောင့် (၂) ဦးသေဆုံး ၊ (၂) ဦးဒဏ်ရာရ

Image may contain: outdoorမန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ ဂျပန်လျိုတွင် ကျောက်ထုတ်လုပ်ရေးလုပ်နေသည့် နေရာ၌ ကျောက်တောင်ပြိုကျကာ (၂) ဦးသေဆုံး ၊ (၂) ဦးဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရသည် ။ ကျောက်ထုခတ်လုပ်ရေးတွင် ထော်လာဂျီဖြင့် ကျောက်တင်နေစဉ် တုန်ခါမှုတစ်ခုကြောင့် ကျောက်တောင်ပေါ်မှ ကျောက်အအလွှာ ပြိုကျခြင်းဖြစ်ကာ တောင်အောက်ရှိ ကျောက်ထုပ်ရေးမှ အလုပ်သမားများ ပိမိခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ က သိရသည် ။ အဆိုပါဖြစ်စဉ်ကြောင့် လူ (၂) ဦးနေရာတွင် သေဆုံးခဲ့ပြီး(၂) ဦးမှာ ဒဏ်ရာရရှိခဲ့ကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ထားကြောင်း သိရသည် ။ လက်ရှိအခြေအနေတွင် ထော်လာဂျီ တစ်စီးနှင့် လူတစ်ဦး ပိမိနေသေးသည်ဟုဆိုကာ ရှာဖွေကယ်ဆယ်မှုများဆောင်ရွက်လျှက်ရှိသည် ။

No comments:

Post a Comment