Sunday, May 26, 2019

အမေရိကန်သမ္မတကတော်နှင့် ဂျပန်ဝန်ကြီးချုပ်ကတော် တိုကျိုပြတိုက်ကို သွားကြည့်

Image may contain: 2 people, indoor
Image may contain: 2 people, people smiling, people standingအမေရိကန်သမ္မတကတော် မီလန်နီယာထရမ့်နဲ့ ဂျပန်ဝန်ကြီးချုပ်ကတော် Akie တို့ဟာ သူတို့ခင်ပွန်းတွေ ဂေါက်ကစားနေတဲ့တစ်ချိန်တည်းမှာပဲ မေလ(၂၆)ရက်က တိုကျိုမြို့က ဒစ်ဂျစ်တယ်အနုပညာပြတိုက်ကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။  နာမည်ကြီး Teamlab Borderless " ပြတိုက်ကို ပြီးခဲ့တဲ့နှစ်က ဖွင့်လှစ်ခဲ့ပြီး၊ ပြတိုက်မှာ မီးအိမ်နဲ့ကျောက်တွေကို အသုံးပြုထားတဲ့ လက်ရာတွေနဲ့ ဒစ်ဂျစ်တယ်ငါးပြတိုက်တစ်ခုကိုလည်း ပြသထားပါတယ်။

ငါးပြတိုက်မှာ ကျောင်းသားလူငယ်လေးတွေရေးဆွဲထားတဲ့ငါးပုံတွေကိုပြသထားသလို၊ ပင်လယ်နေသတ္တ၀ါတွေကို နံရံပေါ်မှာ ပရိုဂျက်တာနဲ့ ပြသထားပါတယ်။
ထရမ့်၊ အာဘေးနဲ့ သူတို့ဇနီးဖြစ်သူတို့ဟာ ဒေသခံစားသောက်ဆိုင်တစ်ခုမှာ ညစာစားပြီးနောက် ဆူမိုနပန်းပြိုင်ပွဲကို သွားရောက်ကြည့်ရှုကြမှာဖြစ်ပါတယ်။
ထရမ့်ဟာ ကုန်သွယ်မှုဆက်ဆံရေးပြဿနာတွေ ရှိနေပေမယ့်လည်း ဂျပန်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကိုပြသလိုတဲ့ ရည်ရွယ်ချက်နဲ့ ကြီးကျယ်ခမ်းနားတဲ့ခရီးစဉ်အဖြစ် အခုလ(၂၅)ရက်နေ့က ဂျပန်ကိုရောက်ရှိလာခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

No comments:

Post a Comment