Sunday, May 26, 2019

မီးလင်းချိုင်ရွာ တောင်သူများ၏ မြေယာနစ်နာကြေးကိစ္စပြီးပါက လျှပ်စစ်ဓာတ်အားပေးစက်ရုံ စတင်တည်ဆောက်မည်

 LNG ဓာတ်ငွေ့ဖြင့် လျှပ် စစ်ဓာတ်အားထုတ်လုပ်မည့် မီး လင်းချိုင်ကျေးရွာရှိ တောင်သူများ ပိုင်ဆိုင်သော မြေဧက ၈၀၀ ကျော်အတွက် နစ်နာကြေးပေးရန် စီစဉ်နေကြောင်း ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်း အင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောသည်။ေ မလ ၂၂ ရက်က ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယတစ်နှစ် တာကာလအတွင်း ဆောင်ရွက်ခဲ့ မှုများနှင့်ပတ်သက်သည့်သတင်း စာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲ တွင် LNG ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် အစီအစဉ်နှင့်ပတ် သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဝန်ကြီး ဦးဝင်းဌေးက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

အဆိုပါဓာတ်အားပေးစက် ရုံတည်ဆောက်မှုတွင် အပိုင်းနှစ် ပိုင်းရှိပြီး ပြည်ထောင်စုလျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ် နှုန်းထားများအတွက် PPA စာချုပ်ချုပ်ဆိုရမည်ဖြစ်ကြောင်း၊ ယင်း အပြင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က မြေယာ နစ်နာ ကြေးပေးရမည့် တောင်သူများကို စိစစ်ခြင်း၊ မြေအမျိုးအစားခွဲခြင်း၊ ဦးပိုင်အမှတ်နှင့် တစ်ဦးချင်းပိုင် ဆိုင်မှုများ စိစစ်ခြင်းတို့ ဆောင် ရွက်နေကြောင်း ၎င်းက ပြောကြားသည်။

‘‘မြို့နယ်လယ်စီကနေ ဆင့်ကဲ ဆင့်ကဲတက်လာတဲ့ ဈေးနှုန်း သတ်မှတ်ချက်တွေကို တိုင်းအစိုး ရအဖွဲ့ရဲ့ ကက်ဘိနက်မှာ ဆုံးဖြတ် ပြီးပါပြီ။ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ ဆောင်ရွက်နေတဲ့ အသေးစိတ်အချက်အလက်တွေကို ပြည် ထောင်စုလျှပ်စစ်စွမ်းအင်ဝန်ကြီး ဌာနကို မိတ္တူပေးပြီးတော့ ပြည် ထောင်စု အစိုးရအဖွဲ့ကို ဆက် လက်တင်ပြထားပြီးပါပြီ’’ဟု ဝန် ကြီးဦးဝင်းဌေးက ပြောသည်။

လက်ရှိတွင် မြေယာကိစ္စများ ဖြေရှင်းရန် ဆောင်ရွက်နေပြီး အဆိုပါကိစ္စရပ်များ ပြီးစီးပါက လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန် ကြီးက ပြောသည်။

အဆိုပါဓာတ်အားပေးစက် ရုံမှ ၁၃၉၀ မဂ္ဂါဝပ်ထွက်ရှိမည် ဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း၌သာ ဓာတ်အားအ ပြည့်အဝရရှိမည်ဟုဆိုသည်။ သို့ သော်လည်း တိုင်းအစိုးရအဖွဲ့နှင့် ကုမ္ပဏီတို့ ညှိနှိုင်းမှုများအရ အ ဆိုပါကာလမတိုင်မီတွင် မဂ္ဂါဝပ် ၆၀၀ ခန့်ထွက်ရှိရန် စီစဉ်ထားသည်ဟု ဝန်ကြီးဦးဝင်းဌေးက ပြောသည်။  ထိုဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာမည့် ၅၀၀ ကေဗီအေ ဓာတ်အားလိုင်းသည် ဧရာဝတီ တိုင်းရှိ ရှစ်မြို့နယ်နှင့် ရန်ကုန်တိုင်းရှိ နှစ်မြို့နယ်ကို ဖြတ်သန်း၍ လှိုင်သာယာဓာတ်အားခွဲရုံသို့ ဝင် ရောက်မည်ဖြစ်သည်။ ထို့ပြင် အ ဆိုပါဓာတ်အားလိုင်းနှင့် အပြိုင် ၂၃၀ ကေဗီအေဓာတ်အားလိုင်းသည် ကန်ကြီးထောင့်မြို့နယ်ရှိ ကံကုန်းဓာတ်အားခွ္ဂဲရုံသို့ ဝင်ရောက်မည်ဖြစ်ပြီး အဆိုပါဓာတ်အားလိုင်းများ သွယ်တန်းနိုင်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နေကြောင်း ဝန်ကြီးက ပြောသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့် အဆိုပါ မီးလင်းချိုင်ကမ်းခြေ၏ Seaview Size ဧရိယာတိုင်းတာခြင်းကို အ မြန်ဆောင်ရွက်နေသည်ဟု ဆို သည်။ ထိုတိုင်းထွာမှုများ ပြီးစီးပါ က ဗဟိုလယ်ယာမြေနှင့် အခြား မြေများ ပြန်လည်စိစစ်ရေးကော်မတီထံ တင်ပြ၍ ယင်းကော်မတီ ဆုံးဖြတ်ချက်ဖြင့် တောင်သူများကို နစ်နာကြေးပေးမည်ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။

No comments:

Post a Comment