Sunday, May 26, 2019

ပါကစ္စတန်မှာ ကလေးများစွာ HIV ပိုး ကူးစက်ခံထားရသည်ကို တုန်လှုပ်ဖွယ်တွေ့ ရှိ

ပါကစ္စတန်နိုင်ငံ တောင်ဘက်ပိုင်းမှာ ရက်သတ္တပတ်အတွင်း ပုံစံတူဖျားနာတဲ့ ကလေးအရေအတွက်တွေ တိုးလာခဲ့ပြီး ဆေးကုသပေမယ့် ပျောက်ကင်းမှုမရှိတာကြောင့် ဒေါက်တာ Imran Aarbani ဆိုသူက ၄င်းအခြေအနေကို သံသယရှိလာပြီး သွေးအဖြေကိုစစ်ဆေးကြည့်တဲ့အခါ သူစိုးရိမ်သလိုပဲ ကလေးတွေမှာ HIVရောဂါကူးစက်ခံနေရတာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဘာကြောင့် ဒီလိုကူးစက်ခံခဲ့ရတာလဲ ဆိုတဲ့ အကြောင်းအရင်းကိုတော့ ဘယ်သူမှမသိပါဘူး။



ဧပြီ ၂၄ ရက်က ကလေး ၁၅ ယောက်ကို စစ်ဆေးကြည့်လို့ HIV positive ဖြစ်နေပေမယ့်လည်း ၄င်းတို့ရဲ့ မိဘတစ်ဦးတလေမှာတောင်မှ ရောဂါပိုးရှိနေတာမတွေ့ရဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက ၄င်းကောလာဟလတွေ ထွက်ပြီးနောက် မိသားစုဝင်တွေဟာ မြို့မှာရှိတဲ့ အစိုးရဆေးရုံကို အပြေအလွှား လာရောက်ဆေးစစ်ခဲ့ကြပြီး ၄င်းမိသားစုဝင် ၆၀၇ ယောက်ထဲမှ ကလေး ၇၅ ရာခိုင်နှုန်းဟာ ရောဂါပိုး ကူးစက်ခံနေရတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ယင်းကိစ္စဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ဖြစ်နေတာဆိုပေမယ့် အခုမှပိုပြီး အသိများလာတာဖြစ်ပါတယ်။ ၄င်း HIV ဗိုင်းရပ်စ်ပိုးဟာဆိုရင် အန္တရာယ်ရှိတဲ့ လိင်တူနှစ်သက်သူတွေ၊ ပြည့်တန်ဆာတွေနဲ့ ဒေသခံ ရမ်းကုဆရာ တွေရဲ့ပေါ့လျော့မှုတွေကနေ ကူးစက်လာခဲ့တာဖြစ်တယ်လို့ SACP အဖွဲ့ ခေါင်းဆောင် ဒေါက်တာ Asad Memon ကပြောခဲ့ပါတယ်။

ပါကစ္စတန်မှာ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ နေထိုင်သူတွေဟာဆိုရင် ကျွမ်းကျင်တဲ့ဆရာဝန်တွေ အစား ရမ်းကုဆရာတွေကိုသာ အားကိုးနေကြပါတယ်။ ၄င်းဆေးဆရာတွေက အချိန်မရွေးသူတို့လူနာတွေ ဆီသွားနိုင်ပြီး ဈေးလည်းသက်သာတာကြောင့် ဖြစ်တယ်လို့သိရပါတယ်။

ဒီလို ကလေးတွေ ရောဂါပိုးကူးစက်ခံရတာဟာ ပေါ့ဆတဲ့ဆေးကုသမှုတွေနဲ့ ပိုဆက်နွယ်ပြီး ရောဂါပိုးရှိမိခင်က ကလေးကိုကူးစက်ခြင်း၊ ရောဂါပိုးရှိတဲ့ သွေးသွင်းမိခြင်း၊ ခွဲစိတ်ခန်းသုံးပစ္စည်းတွေ ဆေးထိုးအပ်တွေကို မျှဝေသုံးစွဲခြင်း စတဲ့နည်းလမ်းတွေကနေလည်း ရောဂါပိုးကူးစက်တတ်တယ်လို့ AIDS ရောဂါဝေဒနာရှင် ကလေးတွေရဲ့အထူးကု ဆရာဝန် ဒေါက်တာ Fatima Mir ကရှင်းပြထားပါတယ်။ တရားဝင်ဆေးခန်းတွေမှာ တစ်ခါသုံးဆေးထိုးအပ်တွေ သုံးနေပေမယ့် စမ်းသပ်ကြည့်လိုက်ရင် အမေတွေမှာ ရောဂါပိုးမရှိဘဲ ကလေးတွေ မှာတော့ ကူးစက်ခံနေရတဲ့ကိစ္စတွေ ကြုံနေရတယ်လို့ သူမကပြောပါတယ်။

ဒါကြောင့် တရားဝင်မဟုတ်တဲ့ ဆေးခန်းတွေ ပိတ်ပစ်တာတွေကို လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြပြီး ၄င်းကိစ္စ အတွက် ကျန်းမာရေး အာဏာပိုင်တွေကို တောင်းဆိုခဲ့ကြပါတယ်။

ကလေးအထူးကုဆရာဝန် ဒေါက်တာ Muzaffar Ghangro ကို ဆေးထိုးအပ်ကနေ ကလေးတွေကို ရောဂါပိုး ကူးဆက်ခံရစေမှု စွဲချက်နဲ့ ဖမ်းဆီးထားပြီး ထိုကလေးတွေဟာ သူ့လူနာကြီးပဲမဟုတ်ဘူးလို့ စွပ်စွဲချက်တွေကို ၄င်းက ငြင်းပယ်ခဲ့ပါတယ်။

ပါကစ္စတန် Sindh ဒေသဟာဆိုရင် HIV ပိုး ကူးစက်ခံရမှု ဒေသတွေထဲက တစ်ခုဖြစ်ပြီး ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို စုံစမ်းမှုတွေလုပ်နေပေမယ့်လို့ ကူးစက်ခံရပြီးတဲ့ သူတွေအတွက်ကတော့ အကူအညီဖြစ်နိုင်တော့မှာမဟုတ်ဘဲ သူတို့ ဘ၀တစ်လျှောက်လုံး ခံစားသွားရမှာပဲဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ လာရောက်ဆေးစစ်သူ ၆၀၇ ယောက်ထဲက ရောဂါပိုးကူးစက်ခံရသူမှာ ၄ ပုံ ၃ ပုံမှာ အသက် တစ်လ ကနေ ၁၅ နှစ်အထိ ဖြစ်တယ်လို့ သိရပါတယ်။ Larkana မြို့မှာ ဆေးဘက်ဆိုင်ရာတွေတိုးတက်ဖို့ အမြဲလိုလို လိုအပ်နေပေမယ့်လည်း ကလေးတွေ ကျန်မာရေးနဲ့ပတ်သက်ရင် Karachi မြို့ကိုပဲသွားနေရတယ်လို့ HIV ပိုးကူးစက်ခံနေရတဲ့ ၃ နှစ်အရွယ်ကလေးရဲ့ မိခင်က ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment