Sunday, May 26, 2019

ဟောင်ကောင်လှုပ်ရှားသူတွေ ခိုလှုံခွင့်ပေးမှု ဂျာမဏီကို တရုတ် ကန့်ကွက်

ဟောင်ကောင်ကျွန်းကို တရုတ်ပြည်မလက်အောက်က လွတ်မြောက်ရေးအတွက် လှုပ်ရှားခဲ့သူ နှစ်ဦးကို ဂျာမဏီ အစိုးရက နိုင်ငံရေး ခိုလှုံခွင့်ပေးလိုက်တဲ့အတွက် တရုတ်အစိုးရက စနေနေ့ မနေ့က ကန့်ကွက်လိုက်ပါတယ်။ အဲဒီ Ray Wong ရေဝေါင် နဲ့ Alan Li အလန် လီ ဆိုသူ နှစ်ဦးကို ၂ဝ၁၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဟောင်ကောင် လွတ်မြောက်ရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တရားစွဲခဲ့ရာမှာ အာမခံနဲ့ နေထိုင်စဉ် တိုင်ဝမ်က တဆင့် ဂျာမဏီ နိုင်ငံကို ၂ဝ၁၇ ခုနှစ်မှာ ထွက်ပြေးသွားခဲ့ကြပါတယ်။


သူတို့ နှစ်ဦး အခု ဂျာမဏီနိုင်ငံမှာ အခု နေထိုင်လျက်ရှိတယ်လို့ ဟောင်ကောင်မှာရှိတဲ့ ဂျာမဏီ ကောင်စစ်ဝန် က ဒီအပတ်အတွင်း ပြောကြားခဲ့ပြီးနောက် သူ့ကို တရုတ် နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ ဆင့်ခေါ်ပြီး တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို လက်ခံခြင်းမပြုဖို့ ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment