Sunday, May 26, 2019

ရန်ကုန်ယူနိုက်တက်အသင်း နောက်တန်းကစားသမားနှစ်ဦး အားဖြည့်

ရန်ကုန်အသင်းသည် မြန်မာလိဂ် ဒုတိယအကျော့အ တွက် မကွေးအသင်းမှ မြန်မာ့လက်ရွေးစင်ဟောင်း နောက်ခံလူ ကျော်စွာလင်းနှင့် နိုင်ဂျီးရီးယားနိုင်ငံသား နောက်ခံလူ အန်ဒါဆင်တို့ ကို ခေါ်ယူခဲ့သည်။  အသက်(၂၇) နှစ်အရွယ် ကျော်စွာလင်းသည် မနောမြေ လူငယ်အသင်းမှ ပေါ်ထွက်လာသည့် ကစားသမားဖြစ်ပြီး ရခိုင်၊ မကွေးအသင်းတို့တွင် ကစားခဲ့သည်။ထို့အပြင် ၂၀၁၈ အာရှဖလားခြေစစ်ပွဲဝင်မြန်မာ့လက်ရွေးစင် အသင်း၌ ရွေးချယ်ခံခဲ့ရသည်။



အသက် (၂၉) နှစ်အရွယ်နိုင်ဂျီးရီးယားနိုင်ငံသား နောက်ခံလူ အန်ဒါဆင်သည် မြန်မာလိဂ်အတွေ့အကြုံရှိ ၂၀၁၅ တွင် ဧရာဝတီ၊ ၂၀၁၇ တွင် ရခိုင်နှင့် ၂၀၁၈ဘောလုံးရာသီတွင် ဇွဲကပင်အ သင်း၌ ကစားခဲ့သည်။  ‘‘အသင်းက ဒီရာသီမှာ ပထမအကျော့မှာ ခံစစ်ပိုင်း အားနည်းနေပါတယ်။  ဒဏ်ရာရ  ကစားသမားတွေ ရှိနေတာကြောင့်လည်း ပါပါတယ်။ ဒါကြောင့်မို့ ဒုတိယအကျော့အတွက် ရည်ရွယ်ပြီး အန်ဒါဆင်နဲ့ ကျော်စွာလင်းကို ခံစစ်ပိုင်း အားဖြည့်ဖို့ ခေါ်လိုက်တာပါ။ အန်ဒါဆင်က မြန်မာလိဂ် အတွေ့အကြုံရှိသလို ကျော်စွာ လင်းကလည်း လက်ရွေးစင်ပါဖူးတဲ့ ကစားသမားမို့ အသင်းမှာ အမြန်အထိုင်ကျပြီး ခြေစွမ်းပြနိုင်မယ်လို့ ထင်ပါတယ်’’ ဟု ရန်ကုန်အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်အသင်းသည် ကျော်စွာလင်းကို တစ်နှစ်ခွဲနှင့် အန်ဒါဆင်ကို ရာသီဝက်စာချုပ်ချုပ်ဆိုခဲ့သည်။ အန်ဒါဆင်နှင့် ကျော်စွာလင်းသည် မေလ ၂၆ ရက် (ယနေ့) တွင်မုံရွာမြို့၌ ယှဉ်ပြိုင်မည့် စစ်ကိုင်းနှင့် ရန်ကုန်အသင်းတို့၏ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အကြိုဗိုလ်လုပွဲ ပထမအကျော့၌ ပါဝင်ကစားဖွယ် ရှိသည်။

No comments:

Post a Comment