Sunday, May 26, 2019

ကရင်ဝန်ကြီးတစ်ဦး ဥပဒေထက်ကျော်လွန်၍ အဆောင်အယောင်များ သုံးစွဲနေကြောင်း ၀န်ကြီးဟောင်းဖွင့်ချ စည်းကမ်းနှင့်အညီနေထိုင်ခြင်းဖြစ်ကြောင်း စွပ်စွဲခံရသည့် ၀န်ကြီးတုံ့ပြန်

ကရင်ပြည်နယ်အစိုးရ အဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဦးသန်းနိုင်အနေဖြင့် ဥပဒေ အရ သတ်မှတ်ထားသည့်အ ဆောင်အယောင်များထက်ကျော် လွန်ကာ အသုံးပြုနေကြောင်း နုတ်ထွက်ထားသည့် ဗမာတိုင်း ရင်းသားရေးရာ ၀န်ကြီးဟောင်းဦးတေဇထွဋ်လှိုင်ထွေးက ဖွင့်ချ သည်။ ၀န်ကြီးရာထူးမှ နုတ်ထွက် ထားသည့် ဦးတေဇထွဋ်လှိုင်ထွေး သည် နုတ်ထွက်ရသည့်အ ကြောင်းရင်းနှင့်ပတ်သက်၍ မေ လ ၂၅ ရက်တွင် ဘားအံမြို့၌ မီဒီ ယာများအား ရှင်းလင်းစဉ် ယင်း ကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ ၎င်းအနေဖြင့် မိသားစုကိစ္စ ကြောင့် နုတ်ထွက်ခြင်းဖြစ်သည် ဟုဆိုသည်။


၎င်းအပါအ၀င် အခြားဝန် ကြီးများသည် အဆောင်အ ယောင်အနေဖြင့် ကားနှစ်စီးသာ အသုံးပြုသော်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသန်းနိုင် သည် ကားသုံးစီးအသုံးပြုနေပြီး ထိုသို့ အသုံးပြုနေသည်မှာ သုံးနှစ်ကျော်ပြီဖြစ်ကြောင်း ဦးတေဇထွဋ်လှိုင်ထွေးက ပြော သည်။

‘‘စီမံဘဏ္ဍာဝန်ကြီးဦးသန်း နိုင်ဆိုလို့ရှိရင် 9p-9647၊ 7m-9887 ပေါ့။ နောက်တစ်စီးဖြစ်တဲ့ 5b-8491 ကရင်တံဆိပ်နဲ့ပေါ့ နော်။ Pajero Mishubishi ဆိုလို့ ရှိရင် ဦးသန်းနိုင်ယူထားတာသုံး နှစ်ကျော်ပြီပေါ့။ ဒီအတိုင်း တစ် ခါမှ ဘယ်သူ့ကိုမှမအပ်ဘဲနဲ့ ယူစီး ထားတာပေါ့’’ဟု ဦးတေဇထွဋ် လှိုင်ထွေးက ပြောသည်။

ပြည်နယ်အဆင့် ၀န်ကြီး တစ်ဦးသည် အဆောင်အယောင် အနေဖြင့် ကားနှစ်စီးအသုံးပြုခွင့်ရှိ သည်ဟု တိုင်းဒေသကြီး (သို့မ ဟုတ်) ပြည်နယ်အဆင့်ပုဂ္ဂိုလ် များ၏ ချီးမြှင့်ငွေစရိတ်နှင့် အ ဆောင်အယောင်များဆိုင်ရာ ဥပ ဒေပုဒ်မ ၁၆ တွင် ဖော်ပြထား သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးသည် အခြားဝန်ကြီးများ၏အ ဆောင်အယောင်များနှင့် ပတ် သက်၍ စီမံခန့်ခွဲပေးရသည့် ၀န် ကြီး ဖြစ်သည်။ ထိုသို့ စီမံခန့်ခွဲပေးရသည့် ၀န်ကြီး ကိုယ် တိုင်က ယခုကဲ့သို့ ကားသုံးစီး အ သုံးပြုနေသည့်အပေါ် ဦးတေဇ ထွဋ်လှိုင်ထွေးက မေးခွန်းထုတ် သည်။

‘‘ကျွန်တော်တို့ ပြည်နယ် ဝန်ကြီးတွေအားလုံး နိုင်ငံတော် သမ္မတခံစားခွင့်ပေးထားတာက တော့ ပွင့်ပွင့်လင်းလင်း ပြောရရင်  ဝန်ကြီးတွေအားလုံးဟာ ကားနှစ် စီးပဲဖြစ်ရမယ်။ ဘာအကြောင်း ကြောင်းနဲ့မှ ဝန်ကြီးတစ်ပါးဟာ ဒီခံစားခွင့်ကို သုံးစီးယူထားတာ ကတော့ ကျွန်တော်မသိဘူးပေါ့ နော်။ ဘာကြောင့်များ စီမံဘဏ္ဍာ ဝန်ကြီးက ဒီကားသုံးစီးကိုယူထား ရတာလဲပေါ့’’ဟု ၎င်းက ပြော သည်။

ဦးသန်းနိုင် ကားသုံးစီးအသုံး ပြုနေသည့်ကိစ္စနှင့် ပတ်သက်၍  ‘‘အထောက်အထားတွေအားလုံး လည်း သက်ဆိုင်ရာ ကွန်ပျူတာ ထဲမှာ ဓာတ်ပုံမှတ်တမ်းတွေရှိပါ တယ်။ ဗီဒီယိုမှတ်တမ်းတွေလည်း ရှိပါတယ်’’ဟု ဦးတေဇထွဋ်လှိုင် ထွေးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦး သန်းနိုင်ကို ယမန်နေ့က 7Day Daily သတင်းစာက ဖုန်းဆက် သွယ်မေးမြန်းရာ ‘‘ဘာမှ ပြောဖို့ မရှိပါဘူးခင်ဗျ။ ကျွန်တော်ဟာ စည်းနဲ့ကမ်းနဲ့ နေတာပါ။ ဘာမှ ပြောဖို့မရှိပါဘူး။  ဘာဖြေရှင်းရ မလဲ၊ ကျွန်တော် ဘာဖြေရှင်းစရာ လိုသေးလဲ’’ဟု ပြောသည်။

ဦးသန်းနိုင်အသုံးပြုနေသည့် ကားသည် ကိုယ်ပိုင်ကားဆိုလျှင်  ဥပဒေနှင့် ငြိစွန်းမှုမရှိသော်လည်း  အစိုးရအဖွဲ့ပိုင်ကားဖြစ်ပါက အ ဂတိနှင့် ငြိစွန်းကြောင်း တရား လွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။

ထို့ကြောင့် ကားသုံးစီးအ သုံးပြုနေသည်ဆိုသည့် ဦး သန်းနိုင်ကို ပြည်နယ်ဝန်ကြီးချုပ် အနေဖြင့် ကြီးကြပ်ရမည်ဖြစ်ပြီး အဂတိလိုက်စားမှုရှိ၊မရှိ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်က စစ်ဆေးသင့်ကြောင်း ၎င်းက ပြောသည်။

‘‘လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှု  ပြုလုပ်ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ် က အဂတိကော်ရှင်ကိုအကြောင်း ကြားရင် ရတာပေါ့။ အဲဒီလို  အ ကြောင်းကြားသင့်ပါတယ်’’ ဟု ဦးရောဘတ်စန်းအောင်က ဆို သည်။

ဦးသန်းနိုင်သည် ၂၀၁၅ ရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD)ပါတီကိုယ်စားပြုကာ  ဘားအံမြို့နယ်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာသည်။ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီးဟောင်း ဦးတေဇထွဋ်လှိုင် ထွေးကို မေလ ၂၄ ရက်တွင်နုတ် ထွက်ခွင့်ပြုကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ၎င်းသည် မိသားစုကိစ္စအပါအ၀င်  မိမိကိုယ်ကိုယ်တာဝန်မကျေဟု ယူဆသဖြင့် နုတ်ထွက်ခြင်းဖြစ် ကြောင်း၊ တစ်စုံတစ်ဦး၏ စေ ခိုင်းချက်အရ မဟုတ်ကြောင်း ရှင်းလင်းပွဲတွင် ပြောသည်။

No comments:

Post a Comment