Sunday, May 26, 2019

မန္တလာသီရိအားကစားကွင်း တွင် Sai Sai Mandalay Show ကျင်းပ

Image may contain: 2 people, people smiling, people on stage and people dancingမေလ ၂၅ ရက်နေ့ ညနေ ၅ နာရီက မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းတွင် အဆိုတော်စိုင်းစိုင်းခမ်းလှိုင် ၏ ၁၅ ကြိမ်မြောက် Sai Sai Mandalay Show ကျင်းပခဲ့ကြောင်း သိရသည်။ ယခု Show ပွဲသည် မန္တလေးမြို့တွင် ၅ ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး သီချင်းပုဒ်ရေ ၅၀ နီးပါးခန့် သီဆို ဖျော်ဖြေခဲ့သည်။
ဘန်နီဖြိုး၊ Snare ၊ ငယ်ငယ်၊ မျိုးကျော့မြိုင်၊ အမရာဘုန်းနှင့် အနုပညာရှင်များစွာ ကလည်း Dancer Group များဖြင့် ပါဝင် သီဆိုဖျော်ဖြေခဲ့သည်။


ှShow ပွဲသို့ လာရောက်သည့်ပရိသတ်များအတွက် မိတ်ကပ်လိမ်းခြယ်မှု၊ ဆံပင်ပုံစံသွင်းခြင်း ၊ ဓာတ်ဆားရည် အခမဲ့ တိုက်ခြင်းများကို ညနေ ၄ နာရီမှ စတင်ကာ ပြုလုပ်ပေးခဲ့ပြီး ပရိသတ်ဦးရေ ၁၅၀၀၀ ကျော်ခန့် တတ်ရောက်ခဲ့သည်။

ပရိသတ်အတွင်းမှ မိန်းကလေးတစ်ဦးကို ခေါ်ယူပြီး အရုပ်၊ နာရီနှင့် ဆွဲကြိုး လက်ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့သည့် အပြင် ပရိသတ်များနှင့်လည်း အတူတကွ တေးသီချင်းများသီဆိုခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment