Sunday, May 26, 2019

ဝန်ကြီးချုပ်ဟောင်း ချွန် လိပိုင် ကို ထိုင်းလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်

Image may contain: 1 personထိုင်းနိုင်ငံ အောက်လွှတ်တော်ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးက ဝန်ကြီးချုပ်ဟောင်း Chuan Leekpai ချွန် လိပိုင်ကို လွှတ်တော် ဥက္ကဋ္ဌ အဖြစ် စနေနေ့ မနေ့က ရွေးချယ်လိုက်ပါတယ်။ အသက် ၈ဝ ချွန်ဟာ ဝန်ကြီးချုပ် တာဝန်ကို နှစ်ကြိမ် ထမ်းဆောင်ခဲ့ဖူးပြီး ထိုင်းစစ်တပ်နဲ့ နီးစပ်သူဖြစ်ပါတယ်။


အခုလို သူ အောက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာတာဟာ ထိုင်းအစိုးရ အသိုင်းအဝန်းအတွင်း စစ်တပ်ထောက်ခံသူတွေ ပိုမိုအားကောင်းလာတာကို ပြသမှုအဖြစ် ရှုမြင်ကြပါတယ်။ သူ ဝန်ကြီးချုပ်အဖြစ် ၁၉၉၂ ခုနှစ်မှာ ပထမအကြိမ် တာဝန်ယူခဲ့ချိန်က အထီးကျန် ပိတ်ဆို့ခံနေရတဲ့ မြန်မာ စစ်အစိုးရနဲ့ ပူးပေါင်းဆက်ဆံရေး မူဝါဒချမှတ် ကျင့်သုံးခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။

ချွန်ကို အောက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အဆိုပြုခဲ့တဲ့ စစ်တပ်နောက်ခံပြု Palang Pracharath ပလန် ပရာကရတ် ပါတီ က ဦးဆောင်ပြီး အစိုးရအဖွဲ့ကို လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း ဖွဲ့စည်းတဲ့အခါ အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟောင်း Prayuth Chan-ocha ပရာယု ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်မှာ သေချာသလောက် ရှိပါတယ်။

No comments:

Post a Comment