Sunday, May 26, 2019

ကျွဲ၊ နွားတင်ပို့မှု လုပ်ကိုင်ခွင့်ကို ပြည်ထောင်စုအစိုးရ ပြန်လည်ရယူ

ကျွဲ၊ နွားများနှင့် စပ် လျဉ်းသည့် လုပ်ကိုင်ခွင့်အာဏာ ကို တိုင်းဒေသကြီးနှင့်ပြည်နယ်အ စိုးရများထံမှ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသို့ ပြောင်းလဲအပ်နှင်းကြောင်း ပြည်ထောင်စုအစိုးရက မေလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ သည်။ ကျွဲ၊ နွား တင်ပို့မှုများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အ စိုးရများအား လုပ်ကိုင်ခွင့်ပေးရာ တွင် အခက်အခဲများရှိ၍ တစ် နိုင်ငံလုံးအဆင်ပြေစွာ သယ်ယူပို့ ဆောင်နိုင်ရေး ပြည်ထောင်စုအ စိုးရက လုပ်ကိုင်ခွင့်ပြန်လည် ရ ယူခြင်းဖြစ်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။



‘‘အရေးကြီးကုန်စည်သတ် မှတ်လိုက်တော့ အဲဒီတုန်းကပြည် နယ်၊ တိုင်းအစိုးရကို ပေးထား တာ။ တချို့ဧရိယာတွေမှာ နွား တွေသယ်မယ်ဆိုတဲ့အခါ အခက် အခဲတွေဖြစ်လာတယ်။ အဲဒီညွှန် ကြားချက်ကြောင့် သူတို့ကိုလုပ် ခွင့်မပေးဘဲ ပြည်ထောင်စုအစိုးရ က အာဏာပြန်ယူလိုက်တာ ပြည် ထောင်စုအစိုးရက ခွင့်ပြုပေး လိုက်ရင် တားလို့မရတော့ဘူး’’ ဟု အဆိုပါဝန်ကြီးဌာန အရာရှိ တစ်ဦးက ပြောသည်။

ကျွဲ၊ နွားများနှင့် စပ်လျဉ်း၍ လုပ်ကိုင်ခွင့်အာဏာများကို ၁၉၆၆ က စတင်ပြီး တိုင်းနှင့်ပြည်နယ်အဆင့် လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မတီများအား ပေးထားသည်။

ယခုကြေညာချက်တွင် တိရ စ္ဆာန်တစ်မျိုးမျိုးကို အရေးကြီးကုန် စည်အဖြစ် သတ်မှတ်ကြေညာပြီး ထိုတိရစ္ဆာန်နှင့် စပ်လျဉ်းသည့် သတ်ဖြတ်မှု၊ ခိုင်းစေမှု၊ မွေးမြူမှု၊ တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ် မှု၊ သိုလှောင်ထားမှု၊ သယ်ဆောင် မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှုနှင့်စားသုံး မှုတို့အတွက် တားမြစ်မိန့်၊ စည်း ကမ်းသတ်မှတ်မှု၊ ကာကွယ်မှုနှင့် လိုအပ်သလို ဆောင်ရွက်စေမည့် အမိန့်များ ထုတ်ပြန်ခွင့်ကို အ ထက်ပါဝန်ကြီးဌာနသို့ လွှဲပြောင်း ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ ကျွဲ၊ နွားအရှင် တင်ပို့မှုကို ၂၀၁၇ နိုဝင်ဘာတွင် စတင်ခွင့်ပြုပြီး တစ်နှစ်အတွင်း ပြည်ပသို့ အကောင်ရေ တစ်သိန်းသုံးသောင်းကျော် တင်ပို့ခဲ့သည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စာရင်းများအရ မြန်မာနိုင်ငံ၌ကျွဲ၊ နွားကောင်ရေ ၁၁ သန်းခွဲကျော်ရှိသည်။

No comments:

Post a Comment