Sunday, May 26, 2019

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲနေသော်လည်း ဘာလီခရီးစဉ်များ ပုံမှန်ထွက်ခွာမည်ဟုဆို

အင်ဒိုနီးရှားနိုင်ငံတောင် ပိုင်းတွင် Agung (အာဂွန်) မီး တောင်ပေါက်ကွဲမှု ဖြစ်ပွားနေ သော်လည်း ခရီးသွားများ လည် ပတ်သည့်နေရာနှင့် ဝေးကွာသော ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာ မည့် ဘာလီခရီးစဉ်များ ပြောင်းလဲခြင်းမရှိဟု Tango ခရီးသွား ကုမ္ပဏီ ဒါရိုက်တာ မခေါင်ခေါင် က ပြောသည်။ ‘‘ဒီသတင်းကြားတော့ ဟို ဘက် (မိတ်ဖက်ခရီးသွားကုမ္ပဏီ) ကို လှမ်းမေးရတယ်။ သူတို့က အိုကေတယ်။ မနက်ဖြန် (မေလ ၂၆ ရက်) ဘာလီကိုသွားမယ့် ခရီး စဉ်ကိုလည်း မဖျက်ဘူး။ မနေ့ည ကတော့ လေကြောင်းလိုင်းတွေ ကြန့်ကြာမှုဖြစ်ခဲ့တယ်။ ဒီမနက် တော့ အိုကေတယ်’’ဟု ၎င်းက ပြောသည်။


မေလ ၂၆ ရက် နံနက်တွင် မြန်မာနိုင်ငံမှ ဘာလီသို့ ထွက်ခွာ မည့် ခရီးစဉ်သည် ထိုင်းနိုင်ငံမှ တစ်ဆင့် Thai Lion လေကြောင်း လိုင်းဖြင့် သွားရောက်မည်ဖြစ် ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ Den-pasar လေဆိပ်သည် ခရီးစဉ်များ ကို ပြန်လည်ခွင့်ပြုထားသဖြင့် ယခင်အတိုင်း အပြောင်းအလဲမရှိ သွားရောက်မည်ဖြစ်ကြောင်း မခေါင်ခေါင်က ပြောသည်။

အာဂွန် မီးတောင်သည် မေလ ၂၄ ရက် ညတွင် ပေါက်ကွဲမှု စတင်ဖြစ်ပွားပြီး မီးတောင်၏ ၇၀ ကီလိုမီတာ (၄၃ ဒသမ ၄ မိုင်)အကွာတွင် ကမ္ဘာလှည့်ခရီးသွား များ လည်ပတ်သည့် နေရာရှိ ကြောင်း မီးတောင်ပေါက်ကွဲစဉ် ပြာမှုန့်များ ထွက်ခဲ့သဖြင့် Den-pasar လေဆိပ်ရှိ ခရီးစဉ်များ ရွှေ့ဆိုင်းခဲ့ရကြောင်း နိုင်ငံတကာ သတင်းမီဒီယာများ၌ ဖော်ပြထား သည်။

      မီးတောင် ပေါက်ကွဲမှုကြောင့် ပြာမှုန့်များ လွှင့်စဉ်မှုသည် တစ်ကီလိုမီတာအတွင်းသာရှိသဖြင့် အသေးစား ပေါက်ကွဲမှုတစ်ခုဖြစ်ကြောင်း၊ ထို့အပြင် အဆိုပါ မီးတောင်တည်ရှိရာသည် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်မှု အများဆုံး နေရာများနှင့် ဝေးကွာကြောင်း ဘာလီအခြေစိုက် ခရီးသွားကုမ္ပဏီများက မြန်မာနိုင်ငံရှိ မိတ်ဖက်ခရီးသွား ကုမ္ပဏီများကို ပြန်လည်အကြောင်းကြားသည်။

World Myanmar ခရီးသွား ကုမ္ပဏီ တာဝန်ရှိသူက ‘‘မိုးဦး ဝင်ရောက်တဲ့ ဒီရာသီက ပြည်ပ ခရီးသွားတာနည်းတယ်။ ဘာလီ ခရီးစဉ်မရှိသေးဘူး။ ခုနစ်လပိုင်း လောက်မှာတော့ ခရီးစဉ်တစ်ခုရှိ တယ်’’ဟု ပြောသည်။ မီးတောင်ပေါက်ကွဲမှု ဖြစ် ပွားနေသည့် ဘာလီကျွန်းဆွယ်သို့ မြန်မာနိုင်ငံမှ တိုက်ရိုက်လေ ကြောင်းလိုင်းမရှိပေ။ မြန်မာနိုင်ငံ မှ ခရီးသွားများသည် ဘာလီကျွန်း ဆွယ်ရှိ Denpasar မြို့တော်သို့ ထိုင်း၊ စင်ကာပူ၊ မလေးရှား အစ ရှိသည့်နိုင်ငံများမှတစ်ဆင့် လေ ယာဉ်ပြောင်းစီးနင်းရသည်။

No comments:

Post a Comment