Sunday, May 26, 2019

၂၀၁၉ ခုနှစ်တွင် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်၌ လူကုန်ကူးမှုများ မြင့်တက်

တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန်  လူကုန်ကူးခံရသော မြန်မာအမျိုးသမီးများ အရေအတွက်သည် ၂၀၁၉ ခုနှစ်တွင် မြင့်တက်လာခဲ့ကြောင်း မြန်မာ-တရုတ်နယ်စပ်၌ စခန်းထိုင်သော အရာရှိများက ထိန်းသိမ်းထားသည့် စာရင်းဇယားများအရ သိရသည်။ မူဆယ်ခရိုင်ရှိ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့မှ ရဲမှူး ဦးကျော်ညွန့်က လူကုန်ကူးခံရသော အမျိုးသမီးအများအပြားသည် ပိုမိုကောင်းမွန်သော ဘဝရရှိမည်ဟု ကတိပေးခံရကာ နယ်စပ်ကို ဖြတ်ကျော်လျက် ဖြားယောင်း သွေးဆောင်ခံရသော်လည်း တရုတ်နိုင်ငံသို့ ရောက်ရှိသည်နှင့် ゞင်းတို့သည် လူကုန်ကူးသူများ ပြုသမျှ နုရသည့်ဘဝသို့ ကျရောက်သွားခဲ့ကြောင်း ပြောပြခဲ့သည်။



“တရုတ်ကို လူကုန်ကူးခံရတဲ့ သတို့သမီးလောင်း အရေအတွက်ဟာ ဆက်လက်မြင့်တက်နေပါတယ်”ဟု ဦးကျော်ညွန့်က ပြောကြားခဲ့သည်။ “အလုပ်အကိုင် အခွင့်အလမ်းတွေလိုမျိုး အပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ သူတို့က  အမျိုးသမီးတွေကို သွေးဆောင်ပါတယ်။ ဒါပေမဲ့ တော်တော်များများမှာ အမျိုးသမီးတွေဟာ တရုတ်အမျိုးသားတွေထံ သတို့သမီး လောင်းတွေအဖြစ် ရောင်းချခံရပါတယ်”ဟု ဦးကျော်ညွန့်က ပြောကြားခဲ့သည်။

ပြက္ခဒိန်နှစ်ကုန်ဆုံးမှသာ စာရင်းဇယားကို အပြီးသတ်နိုင်မည်ဖြစ်သော်လည်း ရဲတပ်ဖွဲ့အကြီးအကဲ၏ ပြောကြားချက်အရ ၂၀၁၉ ခုနှစ်တွင် လူကုန်ကူးမှုသည် ၂၀၁၈ ခုနှစ်ကထက် ပိုမိုမြန်ဆန်သောနှုန်းဖြင့် ဖြစ်ပေါ်နေကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်က အမှုပေါင်း ၄၀ ရှိပါ တယ်။ ပြီးခဲ့တဲ့နှစ် ဒီအချိန်လောက်က ၁၆ မှု ပဲရှိပါတယ်။ ဒီနှစ်တော့ အခုကို ၁၉ မှုရှိနေပြီ” ဟု ゞင်းက ဆိုသည်။

UNICEF ၏ ထုတ်ပြန်ချက်အရ လူကုန်ကူးခံရသူအများစုသည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းမှဖြစ်ကြောင်း၊ ယင်းနေရာများသည် ဆင်းရဲမွဲတေမှုနှုန်း မြင့်မားသောနေရာများဖြစ်ပြီး ရာခိုင်နှုန်း ၃၀ အ ထိရှိကြောင်းနှင့် ဧရာဝတီတိုင်းမှ လူကုန်ကူးခံရသူများမှာ ၄၆ ရာခိုင်နှုန်းအထိရှိကြောင်း  သိရသည်။ ရဲမှူးဦးကျော်ညွန့်က ယခု လူကုန်ကူးခံရသူအများစုသည် ရန်ကုန်မှလာသူများ ဖြစ်သည်ဟု ဆိုသည်။

“လူကုန်ကူးခံရတဲ့ အဓိကအကြောင်းရင်းကတော့ စီးပွားရေးအကျပ်အတည်းကြောင့်ပါ”ဟု မူဆယ်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌဌ နန်းခမ်းမိုင်က ပြောကြားခဲ့သည်။ စီးပွားရေး ပိုမိုကောင်းမွန် လာပါက လူကုန်ကူးခံရမှုအနေအထားလည်း  လျော့ပါးလာလိမ့်မည်ဟု ゞင်းက ပြောကြားခဲ့သည်။

“ဒီက ဒေသခံတွေမှာကတော့ ဘာသာစကား ကျွမ်းကျင်မှုနဲ့ ဒေသထဲကို ဝင်လိုက်ထွက်လိုက် ခရီးသွားနိုင်စွမ်းဆိုတဲ့ အားသာချက်တွေရှိပါတယ်။ ဒါကြောင့် ကျွန်မအထင်တော့ စီးပွားရေးပိုကောင်းလာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလာတဲ့အခါ လူကုန်ကူးမှု နည်းနည်းသက်သာသွားမှာပါ။ လူကုန်ကူးသူတွေဟာ အမျိုးသမီးတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ဆွဲဆောင်လေ့ရှိပါတယ်။ ကျွန်မတို့နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား လုပ်ခ အရမ်းကွာခြားတယ်လို့ ပြောကြပါတယ်”ဟုလည်း ゞင်းက ပြောကြားခဲ့သည်။

လူကုန်ကူးမှု အန္တရာယ်များအကြောင်း လူထုပညာပေးမှုတစ်ရပ်အဖြစ် မူဆယ်ခရိုင်အာဏာပိုင်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများသည် မေ ၂၄ ရက်က နှစ်ပတ်လည် လူကုန်ကူးမှုတိုက်ဖျက်ရေး လှုပ်ရှားမှုတစ်ရပ်ကို စတင်ခဲ့ကြပြီး ဘေဘုတ်များထောင်ခြင်းနှင့် နယ်စပ်စခန်း၌ စုဝေးပွဲပြုလုပ်ခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။

“မြန်မာနဲ့ တရုတ်နိုင်ငံအကြား လူကုန်ကူးမှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်မှုနဲ့ အတင်းအကျပ် လက်ထပ်ခိုင်းမှုတွေကို ခံရပါတယ်။ ဒါတွေကို ကျွန်တော်တို့ ကာကွယ်ဖို့ လိုအပ်ပါတယ်”ဟု ဒေသခံ YMCA အဖွဲ့ အထွေထွေအတွင်းရေးမှူး ကိုမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတစ်စိတ်တစ်ဒေသအဖြစ် ကျွန်တော်တို့ လူထုစည်းဝေးပွဲတွေ လုပ်ပါတယ်။  ကျွန်တော်တို့ လှုပ်ရှားမှုတွေကို လူထု ပူးပေါင်းပါဝင်လာစေဖို့ အားကစား၊ ဂီတနှင့် ဖျော်ဖြေပွဲတွေလိုမျိုး လှုပ်ရှားမှုတွေကိုလည်း လုပ်ပါတယ်”ဟု ゞင်းက ပြောကြားခဲ့သည်။ 

No comments:

Post a Comment