Sunday, May 26, 2019

ဥရောပ ရွှေဖိနပ်ဆုကို မက်ဆီ သုံးနှစ်ဆက်တိုက် ဆွတ်ခူး

ဘာစီလိုနာ - အနီးကပ်ဆုံးပြိုင် ဘက် ပီအက်စ်ဂျီတိုက်စစ်မှူးမက် ဘီက ပြင်သစ်လီဂူးဝမ်း ရာသီအပိတ်ပွဲတွင်လိုအပ်သော သွင်းဂိုးလေးဂိုး သွင်းယူနိုင်ခြင်း မရှိသဖြင့် ဘာစီလိုနာကြယ်ပွင့်မက် ဆီသည် ဥရောပရွှေဖိနပ်ဆုကို သုံးနှစ်ဆက်တိုက် သိမ်းပိုက်နိုင် သော ပထမဆုံးကစားသမားဖြစ် လာသည်။ ရိမ်းစ်အသင်းကို ၃-၁ ဂိုး ဖြင့် ရှုံးခဲ့သောပြင်သစ်လီဂူးဝမ်း နောက်ဆုံးပွဲတွင် ပီအက်စ်ဂျီအ တွက် တစ်လုံးတည်းသောဂိုးသွင်း ယူခဲ့သူ မက်ဘီက ယခုနှစ်ရာသီ လိဂ်၌ ၃၃ ဂိုးရရှိခဲ့ပြီး မက်ဆီက ၃၆ ဂိုးသွင်းယူနိုင်ခဲ့သည်။ ထို့ကြောင့် မက်ဆီသည် ဥရောပဂိုးသွင်းဘုရင်ဆုကို (၆) ကြိမ်မြောက် စံချိန်တင်ရရှိခဲ့ခြင်း ဖြစ်သည်။



မက်ဆီ၏ သွင်းဂိုးများက ဘာစီလိုနာကို စပိန်လာလီဂါအ မှတ်ပေးဆုဖလားရရှိစေခဲ့သည်။ သို့သော် ချန်ပီယံလိဂ်အကြို ဗိုလ် လုပွဲသို့ တက်ရောက်ရန်နှစ်ကျော့ ပေါင်း ၄-၃ ဂိုးဖြင့် အံ့အားသင့် ဖွယ်ရှုံးနိမ့်ခဲ့သော အရိပ်မည်းမှ လွတ်မြောက်ရေး ဘာစီလိုနာအ သင်းကြိုးပမ်းနေစဉ် မက်ဆီသည် ရွှေဖိနပ်ဆုအပေါ် အာရုံစိုက်မှု နည်းပါးခဲ့သည်။ ‘‘ဆုတံဆိပ်တွေအကြောင်း ကျွန်တော်လုံးဝမစဉ်းစားပါဘူး။ ကျွန်တော်တို့က လီဗာပူးနဲ့ပွဲ ရလဒ်နဲ့ပတ်သက်လို့ ကုစားနေရ တုန်းပါ။ တစ်ဦးချင်းဆုတံဆိပ် တွေကို ကျွန်တော်မစဉ်းစားပါ ဘူး’’ ဟု မက်ဆီက ပြောကြား သည်။

No comments:

Post a Comment