Sunday, May 26, 2019

ကြို့ပင်ကောက်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်တိုက်မိ၍ တစ်ဦးသေဆုံး

ရန်ကုန်-ပြည်လမ်း ကြို့ပင်ပေါက်မြို့ အောင်မြင်မြင့်မိုရ်ပုဂ္ဂလိကဆေးရုံရှေ့တွင် ခရီး သည်တင် အမြန်ယာဉ်နှင့် ကုန် တင်ယာဉ်တိုက်မိရာ တစ်ဦးသေ ဆုံးခဲ့ကြောင်း ကြို့ပင်ကောက်မြို့ မြတ်မွန်စေတနာကလျာဏ မိတ္တနာ ရေးကူညီမှုအသင်းမှဦးဌေးနိုင်ဦးက ပြောသည်။ မေလ ၂၅ ရက် မွန်းလွဲက ရန်ကုန်ဘက်မှ မောင်းလာသည့် ဧရာသစ္စာယာဉ်လိုင်းမှ ခရီးသည် တင်အမြန်ယာဉ်နှင့် ဆန်အိတ် များ တင်ဆောင်ကာ ပြည်ဘက်မှ မောင်းလာသည့် ၁၂ ဘီးကုန်တင် ယာဉ်တို့ တိုက်မိခြင်းဖြစ်သည်။


‘‘ခရီးသည်တင်ယာဉ်ကားရဲ့ စပယ်ယာက ကားခေါင်းခန်းထဲ မှာ ညပ်ပြီး သေဆုံးနေလို့ ဆွဲ ထုတ်ရတာ နာရီဝက်လောက်ကြာ တယ်။ ခရီးသည်တွေကို ကူညီရ တာရယ်၊ စပယ်ယာကို ဆွဲထုတ် နေရတဲ့ ကြာမြင့်ချိန် ၄၅ မိနစ် လောက်တော့ ယာဉ်ကြောပိတ်ခဲ့ တယ်’’ ဟု ဦးဌေးနိုင်ဦးက ပြော သည်။

ယာဉ်တိုက်မှုတွင် ခရီးသည် တင်အမြန်ယာဉ်မောင်း အပါအ ဝင် ဒဏ်ရာရသူသုံးဦးအနက် နှစ် ဦးသည် စိုးရိမ်ရသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဒဏ် ရာအနည်းငယ်ရသူ ၁၅ ဦးခန့်ကို ကြို့ပင်ကောက်ဆေးရုံတွင် ပြင်ပ လူနာအဖြစ် ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

အထက်ပါ ယာဉ်တိုက်မှုဖြစ် စဉ်ကို စစ်ဆေးနေကြောင်း ကြို့ပင်ကောက် မြို့မရဲစခန်းမှ ရဲအုပ်ဇေယျာထွန်းက ပြောသည်။ ယာဉ်တိုက်မှုနှင့်ပတ်သတ်ပြီး ခရီးသည်တင်အမြန်ယာဉ်မောင်းကို ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းကြောင့် လူသေဆုံးခြင်း၊ထိခိုက်ဒဏ်ရာရခြင်းဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က)၊၃၃၇၊၃၃၈ အရ ကြို့ပင် ကောက်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းမှ  ရဲအုပ်ဇေယျာထွန်းကပြောသည်

No comments:

Post a Comment