Sunday, May 26, 2019

တိဘက်တွေ လွတ်လပ်ခွင့်ပေးဖို့ တရုတ်ကို ကန် တိုက်တွန်း

Image may contain: 4 people, people smiling, people sitting and indoorတိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြီးခဲ့တဲ့ အပတ်အတွင်း သွားရောက်လည်ပတ်ခဲ့တဲ့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Terry Branstad တယ်ရီ ဘရန်စတက်က ဗုဒ္ဓဘာသာဝင် တိဘက် လူမျိုးတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ သွားလာလှုပ်ရှားခွင့်တွေကို တရုတ်အစိုးရက ဝင်ရောက်စွက်ဖက်နေမှုတွေအတွက် စိုးရိမ်ပူပန်ကြောင်း ကြေညာချက်တစ်စောင် စနေနေ့ မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။


ဒါ့အပြင် ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင် လားမားနဲ့ ကြိုတင် ကန့်သတ်ချက်တွေ မထားဘဲ တွေ့ဆုံဆွေးနွေးဖို့ တရုတ် ခေါင်းဆောင်တွေကို သူက တိုက်တွန်းခဲ့ပါတယ်။
တဆက်တည်းမှာပဲ တရုတ်အစိုးရက တိဘက်ဒေသကို နိုင်ငံခြားသားတွေ အထူးသဖြင့် သတင်းထောက်နဲ့ နိုင်ငံခြားသားတွေ လွတ်လပ်စွာ သွားလာခွင့် မပြုတဲ့ကိစ္စကိုလည်း ကန် သံအမတ်ကြီးက ထပ်မံဝေဖန် ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment