Sunday, May 26, 2019

အမျိုးသမီးနှင့်ကလေးများအတွက် ဘဏ္ဍာငွေခွဲဝေမှု သုံးဆတိုးလာဟု လူကယ်ပြန်ဝန်ကြီးပြော

 မြန်မာနိုင်ငံတွင် အမျိုး သမီးနှင့် ကလေးများအတွက် လူ မှုရေးကဏ္ဍတွင် ဘဏ္ဍာငွေခွဲဝေမှု သည် လွန်ခဲ့သည့်သုံးနှစ်ကထက် သုံးဆတိုးမြင့်လာကြောင်း လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်  လည်နေရာထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပဋိပက္ခများအ တွင်း လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုအဆုံးသတ်ရေး နိုင်ငံတ ကာညီလာခံတွင် ထုတ်ဖော်ပြော ကြားသည်။

 နိုင်ငံ ၁၀၀ ကျော်မှ တာဝန်ရှိ သူများ တက်ရောက်သည့်ပဋိပက္ခ များအတွင်း လိင်ပိုင်းဆိုင်ရာအ ကြမ်းဖက်မှုအဆုံးသတ်ရေး နိုင်ငံ တကာညီလာခံကို မေလ ၂၃ရက် နှင့် ၂၄ ရက်တွင် နော်ဝေးနိုင်ငံ အော်စလိုမြို့၌ ကျင်းပခဲ့သည်။  အဆိုပါညီလာခံတွင် ဒေါက်တာဝင်းမြတ်အေးက အမှာစကား ပြောကြားခဲ့ကြောင်း အစိုးရက မေလ ၂၅ ရက်တွင် ထုတ်ပြန် သည်။

အမျိုးသမီးများနှင့် ကလေး သူငယ်များ၏ အကျိုးကို ရှေးရှု၍ လူမှုရေးကဏ္ဍများတွင်ဘဏ္ဍာငွေ ခွဲဝေပေးမှုသည် ၂၀၁၆ နှင့် ယခု နှစ်နှိုင်းယှဉ်လျှင် သုံးဆတိုးမြင့် လာသည်ကို တွေ့ရှိရကြောင်း၊သို့ ဖြစ်ရာ မြန်မာနိုင်ငံတွင် ထိခိုက် လွယ်သည့်အုပ်စုများ အထူးသ ဖြင့် လိင်ပိုင်းဆိုင်ရာ၊ ကျား၊မ ရေးရာအကြမ်းဖက်မှုများကို ခံ စားနေရသူများအတွက် ၀န် ဆောင်မှုလုပ်ငန်းများလုပ်ဆောင် ရာတွင် ပိုမိုအဆင်ပြေချောမွေ့ လာကြောင်း ပြည်ထောင်စုဝန် ကြီးက ညီလာခံတွင်ပြောကြား သည်။

မကြာသေးမီနှစ်များအတွင်း အစိုးရသစ်လက်ထက်တွင် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့နှင့် စတင်အကောင်အ ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း နှင့် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ တော်သစ်အတွက် ပြည်ထောင်စု သဘောတူညီချက်အသစ်တစ်ခု ပြုလုပ်ရာတွင် ကဏ္ဍစုံ၌ အမျိုး သမီးများအား အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်နိုင်စေရန်အချက် ကိုလည်း အခြေခံစည်းမျဉ်းများ တွင် ထည့်သွင်းရေးဆွဲခဲ့ကြောင်း ၀န်ကြီးက ထည့်သွင်းပြောကြား သည်။

ကျား၊ မအခြေပြုအကြမ်း ဖက်မှုများကို ကာကွယ်ပေးသော မူဝါဒများနှင့် လုပ်ငန်းစဉ်များကို နိုင်ငံတကာနှင့်အညီ ပြဋ္ဌာန်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၀န်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံသည် လိင်ပိုင်း ဆိုင်ရာနှင့် ကျား၊ မ ရေးရာအ ကြမ်းဖက်မှုများကို ကာကွယ်ပေး ရန်နှင့် အကြမ်းဖက်ခံရသူများ၏ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းသည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အ ရေးကြီးသည့်ကဏ္ဍတွင် ပါဝင် ကြောင်းနှင့် ယင်းလုပ်ငန်းဆောင် ရွက်ချက်များကို အကောင်အ ထည်ဖော်ဆောင်ရွက်မည်ဖြစ် ကြောင်းလည်း ဒေါက်တာဝင်း မြတ်အေးက ပြောကြားသည်။ လူသားချင်းစာနာထောက် ထားမှုအကူအညီလိုအပ်ဖွယ်ရှိ သည့်ဘေးဒုက္ခနှင့် လက်နက်ကိုင် ပဋိပက္ခများကြုံတွေ့နေရသည့် နေရပ်စွန့်ခွာတိမ်းရှောင်သူ(သို့မ ဟုတ်)ဒုက္ခသည်အမျိုးသမီးငါးဦး တွင် တစ်ဦးသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြုံတွေ့နေရ ကြောင်း ကုလသမဂ္ဂ အချက်အ လက်များတွင် ဖော်ပြထားသည်။

No comments:

Post a Comment