Sunday, May 26, 2019

ဆေးခြောက်စိုက်သည်ဟု တရားဆွဲဆိုခြင်းမှာဌာနဆိုင်ရာအတွင်း ချိတ်ဆက်နားလည်မှုလွဲမှားခြင်းဟု ကုမ္ပဏီထုတ်ပြန်

မန္တလေးတိုင်း မြို့သာ စက်မှုဥယျာဉ်တွင် ဆေးခြောက် စိုက်ပျိုးသည်ဟု စွပ်စွဲချက်ဖြင့် စိုက်ခင်းတာဝန်ရှိသူများနှင့် သုတေသနပြုသူများကို မြန်မာ တရားရုံးက တရားစွဲရန် ဆုံးဖြတ် ခြင်းသည် ဌာနဆိုင်ရာချိတ်ဆက် နားလည်မှုလွဲမှားခြင်းသာ ဖြစ် သည်ဟု III M Global Nutraceu-tical ကုမ္ပဏီက သတင်းထုတ် ပြန်သည်။ ကုမ္ပဏီသည် မည်သည့်အ ခါမျှ ဆေးခြောက်ပင်စိုက်ပျိုးရန် ရည်ရွယ်စဉ်းစားခဲ့ခြင်းမရှိသည့် အပြင် စိတ်ကို တက်ကြွစေသော THC ဒြပ်ပေါင်းကို ကုမ္ပဏီက အစဉ်အမြဲဆန့်ကျင်သည်ဟု ဆို ထားသည်။



ကုမ္ပဏီသည် မြန်မာပြည်သူ များ အကျိုးရှိစေရန် မူးယစ်စေ နိုင်ခြင်းမရှိသည့် Cannabidiol (CBD) ထုတ်လုပ်ရန် သဘာဝ ဆေးဖက်ဝင်စက်မှုလုပ်ငန်းသုံး လျှော်ပင်များကို မန္တလေးတိုင်း အစိုးရ၏ခွင့်ပြုချက်ဖြင့် စမ်းသပ် စိုက်ပျိုးခြင်းဖြစ်သည်ဟုဆိုသည်။

သို့သော် ကုမ္ပဏီမှ အမေရိ ကန်တစ်ဦးနှင့်   မြန်မာဝန်ထမ်း နှစ်ဦးကို    မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေး ဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် တရားရုံးတွင် တရားစွဲဆိုထားသည်။ မူးယစ်ဆေးဝါးဆေးခြောက် ပင်နှင့် စက်မှုလုပ်ငန်းသုံး ဆေး ဖက်ဝင်လျှော်ပင်သည် အပြင်ပန်း ပုံစံအရ ဆင်တူသဖြင့် လက်ရှိ စုံစမ်းစစ်ဆေးနေမှုများကို ကုမ္ပဏီ က နားလည်လက်ခံနိုင်သည်ဟု ဆိုသည်။

‘‘ကုမ္ပဏီရဲ့အပင်တွေက စက်မှုလုပ်ငန်းသုံး လျှော်ပင်အမျိုးအစားမှာ ပါဝင်တဲ့ ထွက်နှုန်းမြင့် မားတဲ့ CBD အမျိုးဖြစ်တယ်ဆို တာ အမြန်ဆုံးရှင်းလင်းဖော်ပြနိုင် မယ်လို့ မျှော်လင့်ပါတယ်’’ ဟု ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ဦးသိန်း သန်းဦးက ပြောသည်။

ထို့ပြင် ကုမ္ပဏီ၏အပင်များ ကိုလည်း နိုင်ငံတကာတွင် အသိ အမှတ်ပြုထားသည့် ဓာတ်ခွဲခန်း များသို့ ပို့ဆောင်၍ စမ်းသပ်စစ် ဆေးနေသည်ဟု ဆိုသည်။

မြင်းခြံခရိုင်ရှိ စက်မှုဥယျာဉ် အတွင်း အမေရိကန်ကုမ္ပဏီ III Mက မြေနေရာငှားရမ်း၍ ဆေး ခြောက်ဧက ၂၀ ခန့်စိုက်ပျိုးထား သည်ဟု ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့လက် အောက်ရှိ ဓာတုဗေဒဝန်ရုံးက စစ် ဆေးခဲ့ပြီး ဓာတ်ခွဲဆေးစစ်ချက် အဖြေအရ ထိုအပင်များထဲမှ အ များအပြားသည် THC ပမာဏအ ရ မူးယစ်စေသည့် ဆေးခြောက် ဖြစ်သောကြောင့် ဖမ်းဆီးခြင်းဖြစ် ကြောင်း မန္တလေးခရိုင် ဒုရဲမှူးကြီး မျိုးအောင်က ပြောသည်။

ထို့နောက် ကုမ္ပဏီ၏မြန်မာ ဝန်ထမ်းနှစ်ဦးနှင့် အမေရိကန်နိုင် ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်း ဆီးပြီး ကုမ္ပဏီမှ တာဝန်ရှိသူ အမေရိကန်ငါးဦးကို ဖမ်းဝရမ်း ထုတ်၍ ဖမ်းဆီးရန် တရားရုံးက မေလ ၂၁ ရက်တွင် အမိန့်ထုတ်ခဲ့ သည်။ ၎င်းတို့ကို စွဲဆိုထားသည့် မူးယစ်ပုဒ်မများသည် ၁၆(က) ဆေးခြောက်စိုက်ပျိုးမှု၊ ၁၉(က) ရောင်းဝယ်ရန်အလို့ငှာ လက်ဝယ် ထားရှိမှု၊ ၂၀(က) ထုတ်လုပ်ဖြန့် ဖြူးမှု၊ ၂၀(ခ) မူးယစ်ဆေးဝါးကို ပြည်ပတင်သွင်း၊ တင်ပို့မှု၊ ၂၁ မူး ယစ်လုပ်ငန်းများကို စီမံခန့်ခွဲငွေ ကြေးထောက်ပံ့မှုတို့ဖြစ်သည်။ အနည်းဆုံးထောင်ဒဏ်သုံးနှစ်မှ အကန့်အသတ်မရှိ ကျခံနိုင်သော ပုဒ်မများဖြစ်သည်။

No comments:

Post a Comment