Sunday, May 26, 2019

ဂျာမန် DFB ဖလား ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်က လိုက်ဇစ်ကို အနိုင်ယူ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန် DFB ဖလား ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်က လိုက်ဇစ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဘိုင်ယန်မြူးနစ်အတွက်တော့ လက်ရှိရထားတဲ့ ဘွန်ဒတ်စ်လီဂါဖလားအပြင် DFB ဖလားကိုပါ ဒီနှစ်ရာသီထဲမှာ သိမ်းပိုက်သွားတာပါ။ ဘိုင်ယန်မြူးနစ်အတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက ၂ ဂိုးနဲ့ ကိုးလ်မန်က ၁ ဂိုး အသီးသီးသွင်းယူပါတယ်။ ဒီပွဲမှာ ကစားနေကျ ပုံစံအတိုင်း ဘိုင်ယန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သလို ဂိုးပေါက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။ လိုက်ဇစ်ကလည်း အခွင့်အရေးတွေ ရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဘိုင်ယန်မြူးနစ် နည်းပြ ကိုဗက်အတွက်တော့ အသင်းကို တာဝန်ယူတဲ့ ပထမရာသီမှာပဲ ပြည်တွင်းဖလားနှစ်လုံးဖြစ်တဲ့ ဘွန်ဒတ်စ်လီဂါနဲ့ DFB ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

No comments:

Post a Comment