Sunday, May 26, 2019

မင်္ဂလာဒုံမြို့နယ်၌ မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ရန်ပြုသဖြင့် သတိပေးပစ်ခတ်ရာမှ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိမှု

No photo description available.၂၀၁၉ ခုနှစ်၊မေလ ၂၅ ရက် ၁၄၀၅ အချိန် မမစ(မင်္ဂလာဒုံ)မှ ရဲအုပ် သန်းပိုင်ဦး ဦးစီးပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ (၃/ခ)ရပ်ကွက်နေ ဦးဖိုးလမ်း(ခ)ဝင်းမင်းထွေး(၄၈)နှစ်၊ ဗမာ/ဗုဒ္ဓ၊ကျပန်း၊ (ဖ)ဦးမြသွင်၏နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ ခြံတံခါးဖွင့်မပေးသောကြောင့် ကျော်နင်းဝင်ရောက်စဉ် ဦးဖိုးလမ်း(ခ)ဝင်းမင်းထွေးနှင့် ၎င်း၏သားလင်းမာန်ဦး(၂၀)နှစ်၊ဗမာ/ဗုဒ္ဓ၊ ကျပန်းတို့မှ ဓားရှည်များ ကိုယ်စီကိုင်ဆောင်၍ပြန်လည်ရန်ပြုသဖြင့် ရဲတသ ပြည့်ဖြိုးအောင်မှ၎င်းကိုင်ဆောင်သည့် MA-13 သေနတ်ဖြင့် ၄ ချက် သတိပေးပစ်ခတ်ခဲ့ရာ
ဦးဖိုးလမ်း(ခ)ဝင်းမင်းထွေးတွင် ယာလက်မောင်း/ပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီးလင်းမာန်ဦးတွင် ယာနို့အုံအထက်/ဝဲနောက်ကျောနံရိုးအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ရရှိပြီးသေဆုံးခဲ့သဖြင့်အင်းစိန်ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ပြီးနေအိမ်အားဆက်လက်ရှာဖွေရာနေအိမ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲရန်ရောက်ရှိနေသည့်ကျော်နန္ဒ(၁၉)နှစ်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ (ဖ)ဦးကျော်ဟိန်းမင်းနှင့်စိတ်ကြွဆေးပြား ၅၆ ပြား(၁ ပြားလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၁၄၀,၀၀၀ ကျပ်)၊ ဓါးရှည်မျိုးစုံ ၁၀ ချောင်း၊ သံလက်သီးစွပ် ၂ ခု၊ လှံ ၁ ချောင်း၊ လေပစ္စတိုသေနတ် ၁ လက်၊ သံ/ကော်ဘောစေ့ ၈၇ လုံး၊ သံတုတ် ၂ ချောင်းတို့အား သိမ်းဆည်းရမိခဲ့သဖြင့်ဦးဖိုးလမ်း(ခ)ဝင်းမင်းထွေး ပါ ၃ ဦးအား မမစ(မင်္ဂလာဒုံ)၌ အမှုအသီးသီးရေးဖွင့်စစ်ဆေးလျက်ရှိပြီး မူးယစ်ဆေးဝါးကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment