Sunday, May 26, 2019

ကားဘီး ရွှံ့ကာကြား ကျောက်စိမ်း (၂၈၅)တုံးဝှက်၍ သယ်လာသူနှစ်ဦးကို ကျောက်မဲမြို့တွင် ဖမ်းမိ

Image may contain: one or more people, people standing and textမြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ Oreintal Highway တိုးဂိတ်တွင် ကျောက်စိမ်းတုံးများ မော်တော်ယာဉ်တစ်စီးဖြင့် တရားမဝင်သယ်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ၂၀၁၉ ခုနှစ်၊ မေလ (၂၆)ရက်နေ့ နံနက်အစောပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။


နောင်ချိုဘက်မှ သီပေါဘက်သို့ မောင်းနှင်လာသည့် အိမ်စီးယာဉ်ငယ်တစ်စီးကို ရဲတပ်ဖွဲ့ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရာ မော်တော်ယာဉ်၏ရှေ့ဘီး ရွှံ့ကာအကြားတွင် ဝှက်၍သယ်လာသည့် ကျောက်စိမ်းတုံး (၂၈၅)တုံးကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်းများကို တရားမဝင်သယ်လာသည့် ခွန်ဥာဏ်ဝင်းနှင့် ဇာလီအောင်တို့အား ကျောက်မဲမြို့မစခန်းတွင် (ပ )၉၈/ ၂၀၁၉ ၊ ဥပဒေပုဒ် ၄၂ (က) ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး ကျောက်စိမ်းနှင့် သယ်လာသည့်မော်တော်ယာဉ်တို့ကို သိမ်းဆည်းထားကြောင်း သိရသည်။

No comments:

Post a Comment