Sunday, May 26, 2019

သားအဖချင်း စကားများရန်ဖြစ်ပြီး သားဖြစ်သူက ဖခင်အား ကတ်ကြေးဖြင့် ထိုးရာမှ လူသေဆုံးမှု ထန်းတပင်မြို့နယ်တွင် ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် အင်းယားကြီး ကျေးရွာအုပ်စု ချောင်းကမ်းကျေးရွာတွင် မေ ၂၄ ရက် ည ၉ နာရီ ခွဲခန့်က တစ်အိမ်တည်း အတူနေ သားအဖနှစ်ဦး စကားများ ရန်ဖြစ်ကြရာမှ သားဖြစ်သူက အဖေဖြစ်သူအား ကတ်ကြေးဖြင့်ထိုး၍ လူသေဆုံးမှု ဖြစ်ပွားခဲ့သဖြင့် သားဖြစ်သူကို လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း ထန်းတပင်မြို့မရဲစခန်းမှ သတင်းရရှိသည်။ ဖြစ်စဉ်ဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်ပြီး ထန်းတပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး နေလင်းအောင်က “သူတို့သားအဖနှစ်ယောက် စကားများတာပေါ့။ သားဖြစ်သူက မူးနေတော့ အဲဒါစကားများရင်းနဲ့ ကတ်ကြေးနဲ့ ထိုးလိုက်တာ ဒါပါပဲဗျ၊ ဒဏ်ရာက တစ်ချက်ထဲပါ။ သူ့ကိုလည်း မိပါတယ်။ ကျွန်တော်တို့က ၃၀၂ နဲ့ပဲ အမှုဖွင့်မှာပါ” ဟု ပြောကြားသည်။



ဖြစ်စဉ်မှာ မေ ၂၄ ရက် ည ၉ နာရီ ၄၀ မိနစ်ခန့်က ထန်းတပင်မြို့နယ် အင်းယားကြီး ကျေးရွာအုပ်စု ချောင်းကမ်းကျေးရွာနေ ဦးလွန်းနိုင်သည် နေအိမ်တွင်ရှိနေစဉ် ゞင်း၏ယောက်ဖဖြစ်သူ ဦးထွန်းဇော် ၃၉ နှစ်၊ ရောက်ရှိလာပြီး ဦးလွန်းနိုင်နှင့် မယားညီအစ်ကို တော်စပ်သူ ဦးလှထွန်း ၅၀ နှစ် (ဘ) ဦးပြုံးသည် ゞင်း၏သားဖြစ်သူ သန်းနိုင်ဦး ၂၄ နှစ် (ဘ) ဦးလှထွန်းနှင့် စကားများရန်ဖြစ်ပြီး ဦးလှထွန်း၏ လည်ပင်း၌ သွေးထွက်ဒဏ်ရာများ ရရှိနေကြောင်း လာရောက်ပြောပြခဲ့သဖြင့် ဦးလွန်းနိုင်မှ အခင်းဖြစ်နေရာသို့ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။ ထိုသို့သွားရောက် ကြည့်ရှုရာတွင် အခင်းဖြစ်နေရာ၌ ဦးလှထွန်းမှာ ယာဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေခဲ့ကြောင်း၊ ဖြစ်စဉ်အရ ဦးလှထွန်းနှင့် အရက်မူးနေသော ゞင်းသားဖြစ်သူ သန်းနိုင်ဦးတို့မှာ သားအဖအချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြပြီး သားဖြစ်သူ သန်းနိုင်ဦးက အရိုးအသွား ခုနစ်လက်မခန့်ရှိသည့် ကတ်ကြေးဖြင့် ဦးလှထွန်း၏ ယာဘက်လည်ပင်းအား ထိုးခဲ့ရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထန်းတပင် မြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

No comments:

Post a Comment