Sunday, May 26, 2019

ဂူးဂဲလ်နှင့် ဆက်လက်ပူးပေါင်းရေး ဆွေးနွေးနေဟု ဟွာဝေးမြန်မာတာဝန်ရှိသူပြော

Google နှင့် Huawei အကြား မိုဘိုင်းထုတ်ကုန်များပေါ် တွင် နည်းပညာအရ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေး နွေးနေသည်ဟု Huawei မြန်မာ လက်ထောက်အထွေထွေမန်နေ ဂျာ Mr. Zhu Bo က ပြောသည်။ အမေရိကန်ကုန်သွယ်ရေး ဌာနက Huawei နှင့်ကုန်သွယ် ခွင့်ပိတ်ပင်ခဲ့သည့်အပေါ် ရက် ပေါင်း ၉၀ ဆိုင်းငံ့ပေးခဲ့သည့် နောက် Google နှင့် လုပ်ငန်းများ ဆက်လက်ပူးပေါင်းလုပ်ဆောင် ရန် ဆွေးနွေးနေသည်ဟု ၎င်းက ပြောကြားသည်။

ဆွေးနွေးမှုရလဒ်ကို လက်ရှိ တွင် ခန့်မှန်းနိုင်ခြင်းမရှိသေး သော်လည်း Huawei သည် Android ကဲ့သို့သော Operating System တစ်ခုကို အမေရိကန်၏ ကုန်သွယ်မှုပိတ်ပင်ခြင်းမခံရမီ နှစ်ပေါင်းများစွာကတည်းက တီ ထွင်ဖန်တီးခဲ့သည်ဟု Mr. Zhu Bo ကပြောသည်။

Google က Huawei ကို အမေရိကန်အစိုးရ၏ ညွှန်ကြား ချက်အတိုင်း ကုန်သွယ်မှုရပ်ဆိုင်း သော်လည်း ဟွာဝေး၏စက်ရုံမှ ထုတ်လုပ်ဖြန့်ချိပြီးဖြစ်သည့် ဟန်း ဆက်များအားလုံးအတွက် Update များကိုမူ ရေရှည်ဆက်လက် ပေးအပ်နေမည်ဟု ၎င်းကပြော သည်။

Mr. Zhu Bo သည် အသစ် ဖန်တီးထားသည့် Operating System အသေးစိတ်အချက်အ လက်များနှင့် အသစ်ထပ်မံထွက် ရှိလာမည့်ဟန်းဆက်များအ ကြောင်း  ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

Google က ၎င်း၏၀န်ဆောင် မှုများကို Huawei အတွက် အသုံး ပြုခွင့်ရပ်ဆိုင်းခဲ့ပါက Android စနစ်တွင် လူသုံးများပြားသည့် Playstore, Youtube, Gmail, Google Map စသည်ဖြင့် အက်ပ လီကေးရှင်းအများအပြားကို အ သုံးပြုနိုင်တော့မည်မဟုတ်ပေ။ Google က Huawei ကို နည်းပညာဆိုင်ရာဝန်ဆောင်မှု များဆက်လက်ပေးအပ်ခြင်းမပြု တော့ဟု သတင်းများထွက်ပေါ် ပြီးနောက် အိမ်နီးချင်းနိုင်ငံ အချို့တွင် Huawei ဟန်းဆက် အဟောင်းပြန်လည်ရောင်းချမှု ဈေးကွက်ရပ်တန့်သွားသည်ဟု နိုင်ငံတကာသတင်းမီဒီယာများ တွင် ဖော်ပြထားသော်လည်း မြန် မာနိုင်ငံဈေးကွက်သည် သိသာစွာ ပြောင်းလဲခြင်းမရှိသေးဟု Huawei မြန်မာက သတင်းထုတ်ပြန် သည်။

No comments:

Post a Comment