Sunday, May 26, 2019

နရင်ဒရာ မိုဒီ ကို ဝန်ကြီးချုပ်အဖြစ် ထပ်မံခန့်အပ်လိုက်ပြီ

Image may contain: 4 people, flower and weddingအိန္ဒိယ သမ္မတ Ram Nath Kovind ရမ်နတ် ကိုဗင် က Narendra Modi နရင်ဒရာ မိုဒီ ကို ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် တာဝန်ယူဖို့ မနေ့က တရားဝင် ခန့်အပ်လိုက်ပါတယ်။ တဆက်တည်းမှာပဲ ဝန်ကြီးချုပ် မိုဒီ ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ပါဝင်မယ့် ဝန်ကြီးစာရင်းနဲ့ ကျန်းသစ္စာကျိန်ဆိုမယ့် နေ့ရက်တွေကို တင်ပြဖို့လည်း ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရ BJP ပါတီ ဦးဆောင်တဲ့ NDA (National Democratic Alliance - အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့) က မိုဒီကို သူတို့အဖွဲ့ရဲ့ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို သမ္မတ ကိုဗင်ရဲ့ ကြေညာချက် ပေါ်ထွက်လာတာပါ။ သမ္မတ ကိုဗင် ကို မိုဒီ နဲ့ အတူ ညွန့်ပေါင်း ခေါင်းဆောင်တချို့လည်း မနေ့က လိုက်ပါတွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ် မိုဒီ ဟာ လာမယ့် ကြာသပတေးနေ့မှာ ကျန်းသစ္စာကျိန်ဆိုဖွယ် ရှိပါတယ်။

No comments:

Post a Comment