Sunday, May 26, 2019

အချိန်မီခွင့်ပြုချက်မရသဖြင့် ပုဒ်မ ၅၉(စ) ကန့်ကွက်ပွဲ နေရာ (၃) နေရာခွဲ ပြုလုပ်

အခြေခံဥပဒေ ပုဒ်မ ၅၉(စ) ကန့်ကွက်ခြင်းနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးပွဲကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင် ကျင်းပရန်စီစဉ်ထားသော်လည်း အချိန်မီခွင့်ပြုချက်မရသောကြောင့် နေရာ (၃) နေရာခွဲ၍ ကျင်းပခဲ့ရသည် ။ ၂၀၀၈ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၊ အမရပူရမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၊ ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး တို့တွင် ကျင်းပခဲ့သည် ။


``ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စည်တန်းလှည့်လည်ခွင့်ဥပဒေအရ ခွင့်ပြုချက်တင်ခဲ့ပါတယ်။တောင်းခဲ့တဲ့အတိုင်းပဲ ခွင့်ပြုချက်ရခဲ့တယ်လို့သိရပါတယ် ။ ဒါပေမယ့် ကျင်းမယ့်နေရာ မနော်ရမ္မံကွင်းဟာ အရင်ကတော့ စည်ပင်သာယာရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်ရပါတယ် ။ အခုအခါမှာတော့ အဆင့်အဆင့် ဝန်ကြီးချုပ်ရုံးကိုတင်တယ်လို့ပြောပါတယ် ။ ဒါပေမယ့် အချိန်မီခွင့်ပြုချက်မရခဲ့ဘူး။´´ ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မန္တလေးခရိုင်နယ်မြေတာဝန်ခံ ဦးမျိုးမြင့် က ပြောသည်။

ထိုသို့ခွင့်ပြုချက်မရသော်လည်း ပါတီဝင်များကို ဖိတ်ကြားထားပြီးဖြစ်သည့်မတွက် နေရာကျယ်သည့် ရုံးများတွင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည် ။

အခြေခံဥပဒေ ပုဒ်မ ၅၉(စ) ကန့်ကွက်ခြင်းနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးပွဲများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှင့်မိတ်ဖက်ပါတီများက ဦးဆောင်၍ နိုင်ငံအနှံ့တွင် ကျင်းပလျှက်ရှိသည် ။

No comments:

Post a Comment