Sunday, May 26, 2019

လူဒိုဂိုရက်စ်အသင်း ဘူလ်ဂေးရီးယားချန်ပီယံဆုကို ရှစ်ကြိမ်ဆက်တိုက်ရရှိ

လူဒိုဂိုရက်စ်အသင်း သည် အိမ်ကွင်းတွင် ချာနိုမိုးဗာနာ အသင်းကို ၄-၁ ဂိုးဖြင့် သက် သောင့်သက်သာအနိုင်ရရှိပြီး ဘူလ်ဂေးရီးယားလိဂ်ချန်ပီယံဆု ကို ရှစ်နှစ်ဆက်တိုက်ရရှိခဲ့သည်။ သို့သော် ၎င်းတို့၏နောက်ဆုံးနေ့ နိုင် ပွဲသည် ဧည့်သည်အသင်း၏ မတောင့်တင်းသောအသင်းကို ပွဲ ထွက်ခိုင်းသည့် ဆုံးဖြတ်ချက် ကြောင့် အရိပ်မည်းထိုးခဲ့သည်။

လူဒိုဂိုရက်စ်သည် လိဂ်ပွဲ ၃၆ ပွဲတွင် ၂၃ ပွဲအနိုင်ရရှိခဲ့ပြီး နောက် ၇၉ မှတ်ရရှိကာ ၃၁ ကြိမ် ဘူလ်ဂေးရီးယားချန်ပီယံ CSKA ဆိုဖီယာထက် တစ်မှတ်ပိုများခဲ့ သည်။ ဆိုဖီယာကလည်း နောက် ဆုံးနေ့ပွဲတွင် အနိုင်ရရှိခဲ့သည်။

ပိုလန်တိုက်စစ်မှူး ဆွီယာ ဇော့က လူဒိုဂိုရက်စ်အတွက် ဟက်ထရစ်သွင်းယူပြီး ဘာလာ ကော့ဗ်လည်း ဂိုးသွင်းခဲ့သည်။ သို့သော် ပြိုင်ဘက်ချာနိုမိုး အသင်းက လက်စွမ်းပြနေသည့် ဂိုးသမား ဒူဂီရော့ဗ်အပါအဝင် အ ဓိက ကစားသမားခြောက်ဦးကို အသင်းမှ ချန်လှပ်ခဲ့ပြီးနောက် မီ ဒီယာများ၊ ဝေဖန်သူများနှင့် ပရိ သတ်များထံမှ ဝေဖန်မှုများ ဆူညံ ခဲ့သည်။

‘‘အဲဒီကစားသမားတွေက အသင်းရဲ့ အစိတ်အပိုင်းမဟုတ် တော့ဘူးလို့ ပွဲမကစားခင် အုပ်ချုပ် ရေးအဖွဲ့က အသိပေးချိန်မှာ ကျွန်တော်တို့ ထိတ်လန့်တုန်လှုပ် သွားပါတယ်’’ ဟု ချာနိုမိုးဗာနာ နည်းပြ အီလီယန်အီလီယက်က ပြောသည်။

လူဒိုဂိုရက်စ်သည် ၂၀၁၁ က ပထမတန်းသို့ တက်ရောက်ခဲ့ ပြီး နောက်တစ်နှစ်တွင် ၎င်းတို့၏ ပထမဆုံးဖလားရရှိခဲ့သည်။ ထို့ အပြင် လူဒိုဂိုရက်စ်သည် ဘူလ် ဂေးရီးယားဖလားနှစ်ကြိမ်နှင့် စူပါ ဖလားသုံးကြိမ်လည်းရရှိခဲ့သည်။ လူဒိုဂိုရက်စ်သည် ဘူလ်ဂေး ရီးယားချန်ပီယံအဖြစ် ချန်ပီယံ လိဂ်အဖြစ် ခြေစစ်ပွဲသို့ဝင်ရောက် ခွင့်ရရှိမည်ဖြစ်သည်။

No comments:

Post a Comment